သင့်ကျောက်ကပ်တွေရဲ့ထိပ်မှာ အက်ဒရီနယ်ဂလင်းတွေ ရှိပါတယ်။ အဲဒီဂလင်းတွေကနေ ကိုယ်ခန္ဓါရဲ့ လုပ်ငန်းဆောင်တာတွေမှာ လိုအပ်တဲ့ ဟော်မုန်းအများအပြား ထုတ်လုပ်ပေးပါတယ်။ အက်ဒဆင်ရောဂါဟာ အဒရီနယ်ဂလင်းအကာပိုင်း ပျက်စီးရင်ဖြစ်တတ်ပြီး ကော်တီဆော၊ အယ်ဒိုစတီရုန်း စတဲ့ စတီးရွိုက်ဟောမုန်းတွေ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ကော်တီဆောဟော်မုန်းရဲ့ တာဝန်ကတော့ ဖိအားများတဲ့ အခြေအနေမှာ ကိုယ်ခန္ဓါရဲ့တုံ့ပြန်မှုတွေကို ထိန်းညှိပေးဖို့ ဖြစ်ပါတယ်။ အယ်ဒိုစတီရုန်းဟာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ကို ထိန်းညှိပေးပါတယ်။ အဒရီနယ်ဂလင်းအကာပိုင်းဟာ ကျားဟော်မုန်းကိုလည်း ထုတ်လုပ်ပေးပါတယ်။
အဒရီနယ်မလုံလောက်မှုလို့လည်း ခေါ်ပါတယ်။ အသက်အရွယ်မရွေး ကျားမမရွေးပါဘူး။ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ပြင်းထန်တတ်ပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အောက်ပါလက္ခဏာတွေ ကြုံနိုင်ပါတယ်။
အက်ဒဆင်ရောဂါကို မကုဘဲထားရင် ဆိုးရွားပြင်းထန်တဲ့ အဆင့်ကိုရောက်လာပြီး အရေးပေါ်ဆေးကုသမှု လိုအပ်ပါတယ်။ အောက်ပါအခြေအနေတွေမှာ အရေးပေါ် ဖုန်းနံပါတ်ကို ချက်ချင်းခေါ်ဆိုဖို့ လိုအပ်ပါတယ်။
မကုဘဲထားတဲ့ အက်ဒဆင်ရောဂါဟာ သွေးလန့်ပြီး သေစေတတ်ပါတယ်။
စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။
အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
အက်ဒဆင်ရောဂါဟာ အဓိကအားဖြင့် ၂မျိုးရှိပါတယ်။ မူလ အဒရီနယ်မလုံလောက်ခြင်းနဲ့ နောက်ဆက်တွဲ အဒရီနယ်မလုံလောက်ခြင်း ဖြစ်ပါတယ်။ ရောဂါကို ကုသဖို့အတွက် ဘာအကြောင်းအရင်းလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဒီရောဂါရှိတယ်လို့ သံသယရှိရင် ရောဂါရာဇဝင်မေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ စမ်းသပ်မှုများ ပြုလုပ်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ အောက်ပါ စစ်ဆေးမှုတွေ ပါဝင်ပါတယ်။
အကြောင်းအရင်းပေါ် မူတည်ပြီး ကုသမှုကို ဆုံးဖြတ်ပါလိမ့်မယ်။ အဒရီနယ်ဂလင်းကို ပုံမှန်ထိန်းညှိနိုင်မယ့် ဆေးတွေကို ပေးပါလိမ့်မယ်။ ဆရာဝန်ညွှန်တဲ့ ကုသမှုအစီအစဉ်အတိုင်း လိုက်နာဖို့ အလွန်အရေးကြီးပါတယ်။ မကုဘဲထားရင် အခြေအနေဆိုးရွား ပြင်းထန်သွားနိုင်ပါတယ်။
အောက်ပါအချက်များဟာ အထောက်အကူပြုပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။