backup og meta

နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး

    နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး

    ကျွန်တော်တို့ အားလုံး နေမကောင်းဖြစ်ဖူးပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားရင် နေမကောင်းဖြစ်ရင် အလေ့အထတစ်ခုအဖြစ် ကျွန်တော်တို့လုပ်မိနေတဲ့အမှားတွေရှိပါတယ်။

    ၁။ စောင်အထူကြီးခြုံတာ၊ အက်ျီအနွေးထည် ထူထူဝတ်တာ။ နွေးနွေးထွေးထွေးနေမှရမယ်လို့ယူဆတာ။

    ဒီအယူအဆက ဖျားတယ်ဆိုတာ ရာသီဥတုအေးလို့ဖြစ်ရတာဆိုတာကနေ လာပါတယ်။ တကယ်တော့ဖျားတယ်ဆိုတာ အများအားဖြင့်က ဗိုင်းရပ်စ်တစ်မျိုးမျိုးကြောင့်ဖြစ်တာဖြစ်ပြီး အေးတာနဲ့ တိုက်ရိုက်ကြီးမသက်ဆိုင်ပါဘူး။ တကယ်လို့ ဖျားနေတဲ့အချိန်မှာ ချမ်းနေလို့ဆိုရင်တော့ နွေးထွေးတဲ့အဝတ်အစားတွေဝတ်တာအဆင်ပြေပါတယ်။ ကျန်တဲ့အချိန်မှာတော့ သက်တောင့်သက်သာဖြစ်အောင် ဝတ်စားရင်ရပါပြီ။ ချွေးထွက်အောင်ဆိုပြီးအဝတ်အစားအထူကြီးတွေဝတ်တာက နဂိုမြင့်နေတဲ့ကိုယ်တွင်းအပူချိန်ကိုထပ်မြင့်စေနိုင်တဲ့အတွက် အန္တရာယ်ရှိတတ်ပါတယ်။ ဒါကြောင့် ဖျားပြီဆိုရင် သက်တောင့်သက်သာဖြစ်ရုံလောက်အဝတ်အစားဆိုရပါတယ်။

    ၂။ ရေမချိုးတာ သန့်ရှင်းရေးမလုပ်တော့တာ။

    ဖျားပြီဆိုတာနဲ့ မလုပ်ကြတော့တဲ့အရာတစ်ခုက ရေချိုးတာပါ။ အဖျားက အေးတာကြောင့်ဖြစ်တယ်လို့ ယူဆထားတော့ ရေချိုးတာက ပိုဆိုးစေနိုင်တယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ တကယ်က သက်ဆိုင်မှုမရှိပါဘူး။ ရေချိုးချင်စိတ်ရှိရင် ချိုးနိုင်ပါတယ်။ မထနိုင်လောက်အောင်ဖြစ်နေတယ်ဆိုရင်တော့ မချိုးသင့်ဘူးပေါ့။ နေမကောင်းတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ လန်းလန်းဆန်းဆန်းဖြစ်နေအောင် ရေချိုးတာက အဖျားတာတိုစေနိုင်ပါတယ်။

    ၃။ အစားမစားတော့တာ။

    နေမကောင်းဘူးဆိုရင် အစားရှောင်တော့တာပါပဲ။ အစားရှောင်တယ်ဆိုတဲ့နေရာမှာ အာဟာရဓါတ်မပြည့်ဝတဲ့ ပိုးမွှားတွေပါနေနိုင်တဲ့ လမ်းဘေးအစားအစာလိုမျိုးတွေက ပိုဆိုးစေနိုင်လို့ ရှောင်တာကောင်းပါတယ်။ နေမကောင်းတဲ့အချိန်မှာ ခန္ဓါကိုယ်က အာဟာရဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ အာဟာရဓါတ်ပြည့်ဝတဲ့အစားအသောက်တွေကို ရှောင်တာက ရောဂါပိုးကိုပြန်တိုက်ထုတ်ဖို့အတွက် ခန္ဓါကိုယ်အတွက် အားအင်မရှိဖြစ်သွားစေပါတယ်။

    ၄။ ကိုယ့်သဘောနဲ့ကိုယ်ဆေးတွေလျှောက်သောက်တာ။

    နေမကောင်းတာ၊ ဖျားတာအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ဆေးဝါးတွေကိုသောက်နိုင်ပါတယ်။ ဥပမာ နာကျင်ကိုက်ခဲမှုတွေအတွက် ပါရာစီတမောသောက်တာမျိုးပေါ့။ ဒါပေမယ့် ပိုးသတ်ဆေးလို ဆေးပြင်းတွေကိုတော့ ကိုယ့်သဘောနဲ့ကိုယ်လုံးဝမသောက်သင့်ပါဘူး။ ဝမ်းကိုက်ရင် မက်ထရို၊ နော်ဗက်တင်သောက်တာမျိုးပေါ့။ ဒီပိုးသတ်ဆေးတွေက သူ့အချိုးအစားကို ပြည့်အောင်သောက်ရပါတယ်။ မသောက်ရင် ဆေးမတိုးတော့တာ ဆေးယဉ်ပါးတာတွေဖြစ်တဲ့အတွက် ကြီးမားတဲ့ရောဂါပိုးတွေဝင်ဖို့ အားပေးသလိုဖြစ်သွားပါလိမ့်မယ်။

    ၅။ အနားမယူတာ

    နေမကောင်းတဲ့အချိန်မှာ အနားမယူဘဲ ဒီလောက်ကတော့ ခံနိုင်ပါတယ်ဆိုပြီး အလုပ်တွေဆက်လုပ်တာ၊ အပင်ပန်းခံတာတွေလုပ်ဖူးတယ်ဆိုရင်တော့ ပြန်စဉ်းစားဖို့သင့်ပါပြီ။ နေမကောင်းတဲ့အချိန် အနားမယူတာက အဖျားတာကို ပိုရှည်သွားစေနိုင်တဲ့အပြင် ကိုယ့်ဆီကနေ တခြားသူတွေဆီလည်း ကူးစက်ဖို့များပါတယ်။ ခန္ဓါကိုယ်က ရောဂါပိုးတွေကိုတိုက်ထုတ်နိုင်ဖို့အတွက် ပြည့်ဝတဲ့အနားယူမှုနဲ့ အားအင်တွေလိုအပ်ပါတယ်။

    နောက်တစ်ခါ နေမကောင်းဖြစ်တယ်ဆိုရင် ဒီအမှားတွေကို မလုပ်မိဖို့ သတိထားရှောင်ကြဉ်ဖို့လိုအပ်ပါလိမ့်မယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement