backup og meta

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဓါတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာ ဘာလဲ။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများတွင် free radicals များကို တိုက်ထုတ်နိုင်သော စွမ်းရည်ရှိသည်။ Free radicals ဆိုသည် မှာ အတွဲမရှိသော အီလက်ထရွန်တစ်လုံး အနည်းဆုံး ပါဝင် သော အက်တမ် သို့မဟုတ် မော်လီကျူးများကို ခေါ်သည်။ ၎င်းတို့သည် အလွန် ဓါတ်သတ္ထု ကြွသည်။ ဓါတ်တိုးခြင်း ဖြစ်စဉ်အတွင်း ထို free radicals များသည် အဆီ၊ ပရိုတိန်း သို့မဟုတ် ဆဲလ်အမြှေး စသော အခြား မော်လီကျူးများမှ အီလက်ထရွန်များကို ဆွဲယူသည်။

ဓါတ်တိုးခြင်းသည် ဆဲလ် ပျက်စီးမှုကို ဖြစ်စေသည်။ အိုမင်းရင့်ရော်ခြင်းနှင့် ဆေးမတိုး သော ရောဂါများကို ဖြစ်စေသည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း များကို သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့နိုင် သည်။ ဖြည့်စွက်စာများမှလည်း ရနိုင်သည်။ သို့သော် ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများကို အစားအစာများမှ ရခြင်း သည် အကောင်းဆုံးဖြစ်သည်။

ခန္ဓါကိုယ်အစိတ်အပိုင်း အမျိုးမျိုးအတွက် ဓါတ်တိုးဆန့်ကျင် ပစ္စည်း အမျိုးမျိုး

ဓါတ်တိုးဆန့်ကျင်ပစ္စည်းအားလုံးသည် အလုပ်လုပ်ပုံချင်း မတူညီပါ။ beta-carotene နှင့် carotenoid အုပ်စုမှ အခြား ပါဝင်ပစ္စည်းများသည် မျက်လုံးကျန်းမာရေးကို ကူညီသည်။ lycopene သည် အဖိုသုတ်ရည်ဂလင်း ရောဂါများကို ကာကွယ်ပေးသည်။ flavonoid သည် နှလုံးကျန်းမာရေးကို ပိုကောင်းစေသည်။ ဆီးလမ်းကြောင်း ပြဿနာများ ဖြစ်ပါက proanthocyanidins က ကူညီနိုင်သည်။

ကျန်းမာသော အရေပြားအတွက် ဓါတ်တိုးဆန့်ကျင် ပစ္စည်း များ

ခရမ်းလွန်ရောင်ခြည်ကို အလွန်အမင်း ထိတွေ့ခြင်းသည် အလင်းကြောင့် ဓါတ်တိုးပျက်စီးခြင်းကို ဖြစ်စေသည်။ ၎င်းသည် နေလောင်ခြင်းကို ဖြစ်စေရုံသာမက စောစီးစွာ အရေပြား အိုမင်းခြင်းနှင့် အရေပြားကင်ဆာကို ဖြစ်စေနိုင် သည်။ လေ့လာမှုများအရ beta-carotene နှင့် ဗီတာမင် အီး ပေါင်းစပ်မှုနှင့် astaxanthin သည် အရေပြား ကျန်းမာရေး အတွက် အကျိုးရှိသည်ဟု ဆိုသည်။

ကိုယ်ခံအားစနစ် ပိုပြီးအားကောင်းစေသော ဓါတ်တိုးဆန့်ကျင် ပစ္စည်းများ

Free radicals များသည် ကိုယ်ခံအားစနစ်ကို အားနည်း စေသည်။ Astaxanthin နှင့် spirulina သည် ကိုယ်ခံအား စနစ်ကို အားကောင်းစေသည်။ ဆဲလ်အမြှေးပါးနှင့် ဆဲလ် DNA တွင် သန္ဓေ ပြောင်းခြင်းကို ကာကွယ်ပေးသည်ဟု သုတေသန ပညာရှင်များက ဆိုသည်။ ဤနေရာတွင် astaxanthin သည် carotenoid နှင့် alpha-tocopherol ( ဗီတာမင် အီး) ထက် ပိုပြီး အစွမ်းထွက်သည်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပိုရအောင် ဘယ်လိုလုပ်မလဲ။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ရရှိမှုပိုကောင်းစေရန် အထိရောက်ဆုံးနည်းမှာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ ပိုစားရန် ဖြစ်သည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ၅ခါ စားခြင်းသည် နှလုံးရောဂါများ၊ အာရုံကြော ရောဂါများ၊ ကင်ဆာများ ဖြစ်နိုင်ချေကို များစွာ လျော့ကျစေနိုင်သည်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်း ဖြည့်စွက်စာများသည် ဘေးကင်းပါ သလား။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကို မစားနိုင်ပါက ဖြည့်စွက် စာများမှ ရနိုင်သည်။ ၎င်းတို့သည် အစားအစာများတွင်ပါသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများလောက် မကောင်းသော်လည်း ဘာမှမစားခြင်းထက် ပိုကောင်းပါသည်။ ဓါတ်တိုးဆန့်ကျင် ပစ္စည်း ဖြည့်စွက်စာများ စားမည်ဆိုပါက အောက်ပါ အချက် များကို သတိရပါ။

  • ဓါတ်တိုးဆန့်ကျင်ပစ္စည်း ဖြည့်စွက်စာများကို အခြား ဆေးများနှင့် တွဲသုံးပါက ဘေးထွက် ဆိုးကျိုးများ၊ ဓါတ်မတည့်မှုများ နှင့် ဓါတ်ပြုမှုများ ဖြစ်နိုင်သည်။ ထို့ကြောင့် ဖြည့်စွက်စာ တစ်ခုခု မစားခင် ဆရာဝန်နှင့် အမြဲ စစ်ဆေးပါ။
  • ဓါတ်တိုးဆန့်ကျင်ပစ္စည်း ဖြည့်စွက်စာ ထုတ်လုပ် သူများသည် စံနှုန်းတစ်ခုကို အတည်ပြုရန် မလိုအပ်ပါ။ ထို့ကြောင့် အရည်အသွေးနှင့် ဘေးထွက်ဆိုးကျိုးများသည် တံဆိပ်တစ်ခုနှင့် တစ်ခု ကွာခြားနိုင်သည်။ အမေရိကန် FDA ၏ ဖြည့်စွက်စာများအတွက် စည်းမျဉ်းများသည် ဆေးများနှင့် မတူညီပါ။ ထို့ကြောင့် ထုတ်လုပ်သူ များသည် ဖြည့်စွက်စာကို ထုတ်လုပ်ပြီး သုတေ သနမလုပ်ဘဲ ရောင်းချနိုင်သည်။
  • ဖြည့်စွက်စာများစွာကို ရေရှည် အကျိုးသက် ရောက်မှုအတွက် စစ်ဆေးမထားပါ။ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း ဖြည့်စွက်စာ များစွာ သောက်ခြင်းသည် အန္တရာယ်ရှိနိုင်သည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Antioxidants – Topic Overview. http://www.webmd.com/food-recipes/tc/antioxidants-topic-overview. Accessed April 18, 2017.

Free Radicals. http://www.webmd.com/hw-popup/free-radicals. Accessed April 18, 2017.

The Health Benefits of Antioxidants. http://www.globalhealingcenter.com/natural-health/health-benefits-of-antioxidants/. Accessed April 18, 2017.

Benefits of Antioxidants. http://www.nutrex-hawaii.com/benefits-of-antioxidants. Accessed April 18, 2017.

ယခုပုံစံ

17/01/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement