လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ကြိုက်နှစ်သက်တဲ့ အစားအစာတွေ မတူကြတာသဘာဝပါပဲ။ အနောက်တိုင်းလူမျိုးတွေဟာ အဆီအဆိမ့် အစားများပြီး အရှေ့တိုင်းလူမျိုးတွေဟာ ချဉ်ငံစပ် အရသာတွေကို ပိုခံတွင်းတွေ့တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီမှာမှ လူတစ်ယောက်ထဲမှာတောင် အချိန် ရာသီဥတုတို့အပေါ် မူတည်ပြီး ခံတွင်းတွေ့တဲ့စားစရာတွေ အလိုက်သင့်ပြောင်းလဲနေတတ်ပါေသးတယ်။ ဥပမာ – ချမ်းအေးတဲ့အချိန်မှာဆို ပူပူစပ်စပ်လေးတွေကို ပိုခံတွင်းတွေ့ကြတာမျိုးပေါ့။