backup og meta

ချိုချဉ်အရသာ ရေငန်းသီး ကို ရံဖန်ရံခါ စားသင့်တဲ့အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချိုချဉ်အရသာ ရေငန်းသီး ကို ရံဖန်ရံခါ စားသင့်တဲ့အကြောင်းရင်း

    Snake fruit လို့ခေါ်ကြတဲ့ ရေငန်းသီး ဟာ အရှေ့တောင်အာရှမှာ ထွက်တဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူကြိုက်များနေပြီဖြစ်ပါတယ်။ရေငန်းသီးကို အမေရိကန်၊ဂျပန်နဲ့ ဥရောပတို့မှာလည်း နှစ်သက်ကြပါတယ်။ သူ့မှာ ကယ်လ်စီယမ်၊ ဖလောဗာနွိုက်၊ ဆာပိုနင်ဓာတ်တွေ ကြွယ်ဝပါတယ်။

    ရေငန်းသီး ကို ရံဖန်ရံခါ စားသင့်တဲ့အကြောင်းရင်း

    ရေငန်းသီး ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုတာလဲ ဆိုတော့ –

    • မျက်စိကျန်းမာရေး

    မျက်စိအတွက် ကောင်းတဲ့ အစားအစာဆိုရင် မုန်လာဥနီကို ပြေးမြင်ကြမှာပါ။ ဒါပေမယ့် အသီးတွေမှာလည်း မျက်စိအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘီတာကယ်ရိုတင်းတွေ ပါဝင်ပါတယ်။ မုန်လာဥနီစားရတာ ငြီးငွေ့လာပြီဆိုရင် ရေငန်းသီးကို အစားထိုးစားသုံးလို့ ရလောက်တဲ့ အာနိသင်ရှိပါတယ်။

  • ဝမ်းပျက်ဝမ်းလျှောခြင်း
  • ဝမ်းပျက်နေတယ်ဆိုရင် အရင်ဆုံး ဝမ်းပိတ်ဆေး မသောက်ပါနဲ့ဦး။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသနိုင်တဲ့ အသီးတွေကို စားကြည့်လိုက်ပါ။ ရေငန်းသီးနုနုလေး စားပေးလိုက်ရင် ဝမ်းလျှောခြင်းအတွက် ဆေးတစ်ခွက်ပါပဲ။ ဆာလောင်မှုကိုလည်း သက်သာစေတဲ့ သဘာဝအာနိသင်လည်း ရှိပါတယ်။

    • ဝိတ်ချနိုင်ခြင်း

    ဝိတ်ချလိုတဲ့အခါ တွက်ချက်စားသုံးတဲ့အာဟာရထဲမှာ ရေငန်းသီးထည့်သွင်းစားပေးရင် ပိုအကျိုးရှိနိုင်ပါတယ်။ ရေငန်းသီးက အာဟာရဓာတ်ပြည့်ဝရုံသာမက phytonutrients တွေလည်း ပါဝင်ပါတယ်။ ရေငန်းသီးက သင့်ရဲ့ diet plan ကို ပိုပြည့်စုံမြန်ဆန်စေပါလိမ့်မယ်။

    • ဦးနှောက်ကျန်းမာရေး

    ရေငန်းသီးက ဦးနှောက်အတွက် ကောင်းပါတယ်။ ရေငန်းသီးမှာပါတဲ့ pectin နဲ့ ပိုတက်စီယမ်တို့က ဦးနှောက်အတွက် ကောင်းတာကြောင့် မှတ်ဉာဏ်လည်း ကောင်းစေပါတယ်။

    ရေငန်းသီးက ဝမ်းပျက်ခြင်းအတွက် ဆေးဖက်ဝင်ကြောင်းသိကြပြီး ဖြစ်ပါတယ်။ Saponins၊ beta-carotene၊ tannins၊ flavonoids နဲ့ calcium တို့ကြောင့် အသီးရဲ့ အာနိသင် ပိုအစွမ်းထက်စေတာဖြစ်ပါတယ်။

    • အသားအရေအလှအပ

    ရေငန်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ အရွယ်မတိုင်မီ ရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ Free radicals တွေကို ဖယ်ရှားပေးတဲ့ ဗီတာမင် စီက အသားအရေအတွက်အရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး အသားအရေပေါ်က အရေးအကြောင်းတွေကို သဘာဝအတိုင်းကာကွယ်ပေးပါတယ်။

    ရေငန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ ရင်ပူဝေဒနာကို သက်သာစေတဲ့အစွမ်းလည်း ပါဝင်ပါတယ်။ ရင်ပူလာပြီဆိုရင် သဘာဝနည်းနဲ့လည်း ကုသနိုင်ပါတယ်။ ရေငန်းသီးကို ပျားရည်နဲ့ ရောစပ်ပြီး သို့မဟုတ် ဖရဲသီးနဲ့ တွဲဖက်ပြီးလည်း စားသုံးရင် သက်သာစေနိုင်ပါတယ်။

    • အစာကြေစေခြင်း

    ရေငန်းသီးဟာ ဝမ်းချုပ်တတ်သူတွေအတွက်လည်း အကျိုးပြုပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝလို့ အစာချေဖျက်မှုမှာ အထောက်အကူပေးပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်က အူလမ်းကြောင်းအတွင်း အစာရွေ့လျားမှုကို ကူညီလုပ်ဆောင်ပေးတာကြောင့် ဝမ်းမချုပ်နိုင်တော့ပါဘူး။

    • ကိုယ်ဝန်ဆောင်ကျန်းမာရေး

    ရေငန်းသီးက ဉာဏ်ရည်အတွက် ကောင်းရုံသာမက မြွေအရေခွံလိုဖြစ်နေတဲ့ အသီးရဲ့ အခွံကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကောင်းကျိုးပြုပါတယ်။ ရေငန်းသီးက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်စုံစေပြီး အမျှင်ဓာတ်ကလည်း အကျိုးပြုပါတယ်။

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ
  • အရေပြားကျန်းမာရေးအတွက် ကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝလို့ ရင့်ရော်မှုကို ဟန့်တားနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုအန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    အမျှင်ဓာတ်ကြွယ်ဝမှုကြောင့်ပဲ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စွမ်း ပိုကောင်းစေပါတယ်။ ဒီအချက်က ဆီးချိုသွေးချိုဝေဒနာသည်တွေအတွက် အရေးပါတဲ့အချက်ပါ။ အသီးထဲမှာ ကာဗိုဟိုက်ဒရိတ် အတန်အသင့် ပါဝင်တယ်ဆိုပေမယ့် အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ကာကွယ်တားဆီးပေးပြီး ပန်ကရိယမှာ ဖိစီးမှုမဖြစ်ရအောင် ကူညီလျှော့ချပေးပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ!

    ရေငန်းသီးက လူတိုင်း စားလို့ရတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်တွေ ကလေးငယ်တွေနဲ့ ရောဂါအခံ ရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement