backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ပြေးပြီးနောက် မလုပ်သင့်သည်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပြေးပြီးနောက် မလုပ်သင့်သည်များ

ပြေးပြီးနောက် ဘာတွေကို မလုပ်ရပါသလဲ။

ပြေးပုံအဆင့်ဆင့်:

အဆင့် ၁ – ပြေးခြင်း

အဆင့် ၂ – …. ဒါ ရှိသမျှအဆင့် အကုန်ပါပဲ

ပြေးဖို့ဘာလိုလဲလို့မေးရင် လူတွေက အထက်ပါအဆင့်များကို ပြောပြပါလိမ့်မယ်။ ပြေးရုံသာလိုတယ်လို့ ဖြေကြလိမ့်မယ်။ ဒါပေမယ့် ဒီအဖြေဟာ လုံးဝမှားပါတယ်။ ပြေးတယ်ဆိုတာ ပြေးရုံတင်မကပါဘူး။ သွေးပူအောင်လုပ်တာ၊ အကြောလျော့တာ၊ သွေးအေးအောင်လုပ်တာ၊ ကိုယ်ထားရမယ့် ရည်မှန်းချက်၊ လေ့ကျင့်ခန်းလုပ်ရမှာ စသဖြင့်စာရင်းပြုနိုင်သမျှ ပြုရတာပါပဲ။ ဒါကြောင့် ပြေးရုံတစ်ခုတည်းနဲ့ မပြီးပါဘူး။

ကျွန်တော်တို့အားလုံးနီးပါးကတော့ မပြေးခင် ဘာတွေမလုပ်သင့်ဘူးလဲဆိုတာ သိပြီးဖြစ်ပါလိမ့်မယ်။ ဒါဆို ပြေးပြီးတဲ့နောက်ရော ဘာတွေမလုပ်ရဘူးလဲ။

ပြေးပြီးနောက် မလုပ်သင့်သည်များ

သွေးအေးအောင်နားတာကို ကျော်လိုက်ခြင်း

သွေးပူအောင်လုပ်တာဟာ ခန္ဓါကိုယ်ကို ပြေးဖို့အဆင့်သင့် လုပ်ပေးတဲ့နည်းလို့ သိထားကြသလိုပဲ သွေးအေးအောင်နားတယ် ဆိုတာက သူနဲ့ဆန့်ကျင်ဖက်ပါပဲ။ ခန္ဓါကိုယ်ကို နားနေတဲ့ပုံစံကနေ သွေးပူအောင်လုပ်ပြီး စပြေးတယ်ဆိုရင် အသက်ရှုစနစ် နဲ့ ကြွက်သားကျုံ့တာတွေကို ဖြည်းဖြည်းခြင်း တိုးလာစေပါတယ်။ အဲ့ဒီနောက်မှ စပြေးရပါတယ်။

အပြေးရပ်တော့မယ့်အခါကျရင် ရုတ်တရတ်ရပ်လိုက်တာ၊ ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေတာ ဒါမှမဟုတ် ထိုင်နေတာဆိုရင် ဘာတွေဖြစ်နိုင်မလဲ။ ကြွက်သားတွေကတော့ ရှိန်းထပြီးပူနေဦးမှာပါ။ နှလုံးခုန်နှုန်းလဲ မြန်နေဦးမယ်။ ဒါပေမယ့် ခန္ဓါကိုယ်ကတော့ ငြိမ်သွားပြီ။ ဒါကိုကြည့်ရင် တစ်ခုနဲ့တစ်ခု ကိုက်ညီမှုမရှိတော့ပါဘူး။ ပြေးတဲ့အခါမှာ အဆစ်တွေ ကြွက်သားတွေကို အနည်းနဲ့အများတော့ ထိခိုက်ပါလိမ့်မယ်။

ဒီတော့ သွေးအေးအောင်လုပ်တာက ပြန်ကောင်းအောင်လုပ်တဲ့ဖြစ်စဉ်အတွက် အကျိုးရှိပါတယ်။ ဒါ့အပြင် ကြွက်သားရော အာရုံကြောတွေပါ ပုံမှန်နားနေတဲ့အဆင့်ကို ပြန်ရောက်သွားစေပါတယ်။ ဒါကြောင့် မပြေးခင် ၁၀ မိနစ်လောက် သွေးပူအောင် လမ်းလျှောက်ရသလို ပြေးပြီးနောက်လဲ သွေးအေးအောင် ၁၀ မိနစ်လောက် လမ်းလျှောက်ပေးရပါတယ်။

မထိန်းချုပ်ပဲ စားပစ်ခြင်း

ပြေးပြီးနောက် ဗိုက်တအားဆာတတ်ပါတယ်။ ဒါမှမဟုတ်လဲ အများကြီးကို စားပစ်ချင်တတ်ပါတယ်။ ဘယ်လိုနေနေ သေချာမချင့်ချိန်ပဲ စားလိုက်တာက သင်ပြေးရတဲ့ရည်ရွယ်ချက်ကို ပျက်စီးသွားစေနိုင်ပါတယ်။ သင်ပြေးရတဲ့ရည်ရွယ်ချက်က ပိန်ပါးချင်တာလား ဒါမှမဟုတ် ဝိတ်ထပ်မတက်ချင်တာလား။ ဘာပဲနေနေ အမုန်းဆွဲတာမျိုးကတော့ လုံးဝဆိုးဝါးပါတယ်။ သင်လုပ်နေတဲ့ Diet အတိုင်းသာစားပါ။ မဟုတ်ရင် စားသမျှတွေက သင့်အတွက် မကောင်းတာပဲဖြစ်လာပါလိမ့်မယ်။

ရေဓါတ်ဖြည့်ပါ

ရေဓါတ်ခမ်းခြောက်နေပါက အားနည်းတာ၊ မောပန်းတာ၊ ပျို့နေတာမျိုး ဖြစ်လာပါလိမ့်မယ်။ ပြေးတာဟာ ခန္ဓါကိုယ်မှာရှိတဲ့ အရည်တွေကို အများကြီးအသုံးပြုရပါတယ်။ ထို့ကြောင့် ကုန်သွားတာတွေကို ပြန်ဖြည့်တာက ခန္ဓါကိုယ်ကို သန်မာစေပါတယ်။ ဒါပေမယ့် ပြေးပြီးပြီးချင်း ကုန်သွားသမျှကို ပြန်ဖြည့်ဖို့ရာမလိုပါဘူး။ ခန္ဓါကိုယ်ကို ပုံမှန်အတိုင်းသာ ရေဓါတ်ဖြည့်သွားပေးပါ။ ပြေးလိုက်လို့ကုန်သွားတဲ့ လျှပ်ကူးသတ္တုဓါတ်များအတွက်ကတော့ သင်စားနေတဲ့ Diet ကနေပဲ ဖြည့်ပါ။ အထူးသဖြင့် သင်က မာရသွန်ပြေးတာမဟုတ်ရင် ဖြည့်ဖို့ လိုကိုလိုပါတယ်။ မာရသွန်သမားကတော့ ပြေးနေတုန်းကို ရေဓါတ်ဖြည့်နေဖို့ လိုအပ်ပါတယ်။

အားလုံးထဲကမှ သင့်မျက်နှာကို လက်ဗလာနဲ့ထိလိုက်တာမျိုး၊ ချွေးစိုနေတဲ့အဝတ်ကို မလဲပဲအကြာကြီးနေတာမျိုး ဒါမှမဟုတ် ညမအိပ်ပဲနေတာမျိုးတာက သင့်မလုပ်သင့်တဲ့အရာတွေထဲ ပါပါတယ်။ မျက်နှာကိုလက်နဲ့ထိတာက ဘက်တီးရီးယားတွေကို ပျံ့စေနိုင်ပြီး အသားအရေပျက်စီးတတ်ပါတယ်။ ချွေးစိုနေတဲ့ အဝတ်ကို မလဲတာကလဲ ထိုအတိုင်းပါပဲ။ မှိုတဆေးပိုးတွေ ကူးစက်တတ်သလို ဝက်ခြံလဲပေါက်တတ်ပါတယ်။ မအိပ်ပဲနေတာကတော့ ကြောက်စရာ အကောင်းဆုံးပါပဲ။ အိပ်တာက ကြွက်သားတွေကို ပြန်ကောင်းအောင်လုပ်တာ တည်ဆောက်တာအတွက် အရေးကြီးတာကြောင့် ဖြစ်ပါတယ်။

ဒီတော့ ပြေးတယ်ဆိုတာ ပြေးတာတစ်ခုတည်းမဟုတ်ပါဘူး။ လုပ်ရမယ့် အဆင့်တွေ ရှိပါတယ်။ အကောင်းဆုံးရလဒ်တွေရအောင် ပြေးချင်တယ်ဆိုရင်တော့ သင်လုပ်သင့်တာ မလုပ်သင့်တာတွေကို ချင့်ချိန်ပေးဖို့ လိုအပ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement