အစာမကြေဖြစ်တာ ဘာလို့လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အဓိကကတော့ ကိုယ့်ရဲ့ တစ်နေ့တာ စားသောက်နေထိုင်မှုပုံစံ မမှန်ကန်တာကြောင့် အဖြစ်များပြီး အစာခြေစနစ်နဲ့ ဆက်စပ်နေတဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်မလုပ်တာ၊ ချို့ယွင်းတာကြောင့်ဖြစ်ရတာပါ။

အစာမကြေတဲ့အခါ ကိုယ်ခန္ဓာက ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။

• ဗိုက်ထဲမှာ အောင့်နေတာ
မအီမသာဖြစ်ပြီး မလှုပ်ချင်လောက်အောင် နေရခက်တာ
• ဗိုက်က ဖောရောင်နေတာ
• ရင်ပူတာ
• ခေါင်းမူးတာ
အော့အန်တာ
• ဘာမှမစားလိုက်ရသေးဘဲ ဗိုက်ပြည့်သွားတာ
• ဝမ်းဗိုက်နဲ့ အစာရေပြွန်တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်နေတာ
• ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေတယ်လို့ ခံစားရတာ
• လေချဉ်တက်တဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။

အစာမကြေတာ အရမ်းပြင်းထန်လွန်းတဲ့အခါ အရမ်းအန်တာ၊ အန်လိုက်တဲ့အစာတွေက ကော်ဖီရောင်တွေဖြစ်နေတာ၊ ဝမ်းက အမည်းရောင်ဖြစ်နေတာ၊ အစာမမျိုချနိုင်တာတွေပါ ဖြစ်နိုင်ပါတယ်။

အဓိက ဘာကြောင့် အစာမကြေဖြစ်ရတာလဲ။

များသောအားဖြင့် အစာကို အများကြီးစားလိုက်တာ၊ လောကြီးပြီးတော့ အစာကို တစ်လုပ်ပြီး တစ်လုပ်စားတာ၊ သေချာမဝါးတာကြောင့် အစာမကြေဖြစ်ရတာပါ။ စပ်လွန်းတဲ့၊ ဆီများတဲ့ အစားအစာတွေစားတတ်တဲ့သူတွေ၊ စားပြီးတာနဲ့ လှဲတတ်တဲ့ အကျင့်ရှိသူတွေမှာလည်း မကြာခဏဆိုသလို အစာမကြေတာဖြစ်နိုင်ပါတယ်။ တခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့

ဆေးလိပ်သောက်ခြင်း
• အရက်အလွန်အကျွံသောက်ခြင်း
• အကိုက်အခဲပျောက်ဆေး (Aspirin, ibuprofen, naproxen အစရှိတဲ့ဆေးတွေ) သောက်ခြင်း
• အစားချင့်ရည်ပြန်ဆန်တက်ခြင်း (Acid Reflux Disease/ GERD)
• အစာအိမ်ကင်ဆာ (Gastric Cancer)
• ပန်ကရိယ၊ သည်းခြေပြွန် ပုံမှန်အလုပ်မလုပ်တာ
• အစာအိမ်မှာ အနာဖြစ်ခြင်း (Peptic Ulcers) တွေပဲ ဖြစ်ပါတယ်။

မကြာခဏ အစာမကြေဖြစ်တတ်တဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ဆွေးနွေးဖို့လိုပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ စားသောက်နေထိုင်မှုပုံစံတွေကို မေးမြန်းပြီးနောက်မှာ ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ပြီး အစာခြေလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ရှိနေနိုင်လားဆိုတာ စစ်ဆေးမှာဖြစ်ပါတယ်။ အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းရင်းမှန်ကို စစ်ဆေးပြီးမှသာ လိုအပ်တဲ့ ဆေးဝါးကုသမှုစတင်ခံယူဖို့ ညွှန်ပေးမှာဖြစ်ပါတယ်။

ဆေးဝါးကုသမှုခံယူနေစဉ်မှာ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲပစ်လိုက်ဖို့ လိုပါတယ်။ အဓိကအနေနဲ့

• အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ
အစပ်၊ အဆီများတဲ့အစားအစာတွေကို ရှောင်ပါ
• ဖြည်းဖြည်းချင်း အစာစားပါ
• အစာစားပြီးတာနဲ့ အိပ်ရာ၊ ကြမ်းခင်းပေါ် မလှဲလိုက်ပါနဲ့
• ဆေးလိပ်၊ အရက်ဖြတ်ပါ
ကော်ဖီ၊ အရက်၊ ဆိုဒါပါတဲ့ အအေးတွေ သိပ်မသောက်ပါနဲ့
• ကောင်းစွာ အိပ်စက်အနားယူပါ
• အစာမကြေဖြစ်စေတဲ့ ဆေးဝါးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆေးရပ်တာ၊ ဆေးပြောင်းတာမျိုး လုပ်ပေးပါ
• စိတ်ဖိစီးမှုကို ပြေလျော့အောင် ဂရုစိုက်ပါ။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

လေလည် ကျန်းမာရေး အစာအိမ် အူလမ်းကြောင်း အစာခြေစနစ် လည်ချောင်း လေပွ ဗိုက်အောင့်ဗိုက်နာ ပျို့အန် ရင်ပြည့် လေချဉ်တက် နွားနို့ နို့ထွက်ပစ္စည်း စအို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်

ညအိပ်ချိန် လူငယ် ဖုန်း အင်တာနက် ကျန်းမာရေး အလုပ် တရားထိုင် တေးဂီတ ကဖင်းဓာတ် လေ့ကျင့်ခန်း အစာအာဟာရ ဦးနှောက် ကြွက်သား အိပ်ခန်း အရက် အစာအိမ် စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အသည်းရောင် အသားဝါပိုးကြောင့် မဟုတ်လည်း အသည်းရောင်နိုင်ပါတယ်။

အသည်းရောင် အသားဝါ အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုး Autoimmune hepatatis အရက် အသည်းအဆီဖုံး အသည်းခြောက် အသည်းကင်ဆာ Aflatoxin NASH

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အရက်နာကျခြင်းနှင့်သက်ဆိုင်သော အယူအဆမှားများ

အရက်နာကျ၊ အာခံတွင်း၊ အာရုံကြောမကြီး၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ရေဓာတ်၊ ဝိုင်အနီ၊ Tannins၊ Cocktails၊ ကယ်လိုရီ၊ ဘီယာ၊ အရက်၊ အယ်လ်ကိုဟော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read