backup og meta

ဝက်ခြံညှစ်ခြင်း - ဘာကြောင့်ညှစ်တာလဲ


Hello Sayarwon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံညှစ်ခြင်း - ဘာကြောင့်ညှစ်တာလဲ

    ဆရာဝန်၊ အရေပြားဆရာဝန်နှင့် အင်တာနက်ပေါ်မှ ဆောင်းပါးများက ဝက်ခြံများကို မညှစ်ရန် အမြဲအကြံပေးသော်လည်း လူတွေက ဘာလို့ထိုအမှားကို ဆက်လုပ်နေကြသလဲ။ နောက်ပြီး ဝက်ခြံမညှစ်မိစေရန် ဘယ်လိုတားမြစ်ရမလဲ သင်သိချင်ပါသလား။

    အောက်ပါ ဆောင်းပါးကိုဖတ်လျှင် သင်လိုအပ်နေသော အချက်များကို သိရလိမ့်မည်။

    ဝက်ခြံများကိုမညှစ်သင့်မှန်းသိသော်လည်း ဘာကြောင့် ညှစ်နေရသလဲ။

    ကျွနုပ်တို့သည် ကျွနုပ်တို့အရေပြားတွင်မရှိစေချင်သော အရာများကို ဖယ်ထုတ်ရန်ကြိုးစားတတ်ကြသည်။ ကျွနုပ်တို့အရေပြားကို ပိုးသားလေးကဲ့သို့ ချောမွတ်လိုကြသည်။ ကျွနုပ်တို့မှာ အစက်အပြောက်၊ ဝက်ခြံ နှင့် ဆားဝက်ခြံများရှိလာလျှင်လည်း ဖယ်ထုတ်ဖို့ကြိုးစားကြသည်။

    တခါတရံသင့်မျက်နှာကို ဂရုတစိုက်ကြည့်ရန် အချိန်မရှိစေဦးတော့ ၊ ကြည့်လိုက်သည့် အချိန် သင့်တွင်ဖြစ်နေသော ဝက်ခြံများကြိ ညှစ်ထုတ်လိုက်ခြင်းက သင့်အတွက် စိတ်သက်သာရာတခုဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။

    အချို့ကမူ ဝက်ခြံညှစ်လိုက်လျှင် ပြည်များထွက်သွားပြီး နီရဲရောင်ရမ်းမှုများလျော့သွားကာ ပိုကောင်းသွားမည်ဟုထင်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အရေပြားကိုထိခိုက်ပျက်စီးစေနိုင်ရုံသာမက အန္တရာယ်လည်းရှိနိုင်ပါသည်။

    ဝက်ခြံညှစ်ခြင်းသည် ကောင်းလား ဆိုးလား။

    ဝက်ခြံညှစ်လိုက်လျှင် သင့်ဝက်ခြံအနာသည် ပြင်ပလေထုထဲရှိ ဖုန်မှုန့် ဘက်တီးရီးယားတို့နှင့်ထိတွေ့၇သည်။ ထိုအခါသွေးဖြူဥများက ဘက်တီးရီၤးယားများကိုတိုက်ခိုက်ပြီး သွေးနီဥများက သွေးခဲကိုဖြစ်စေပြီး အနာကျက်သွားသည်။ ဠင်းသည် အမာရွတ်ကျန်စေသည့် အကြောင်းအရင်းပင်ဖြစ်သည်။ ထို့ကြောင့် သင်ဝက်ခြံညှစ်မည်ဆိုပါက တတ်ကျွမ်းပြီးအတွေ့အကြုံရင့်သော၊ ဝက်ခြံညှစ်ရာတွင် ပစ္စည်းများကို စနစ်တကျအသုံးပြုသောသူများထွတွင် ညှစ်ထုတ်မှ သင့် အရေပြားကို ပိုမဆိုးသွားစေလိမ့်မည်ဖြစ်သည်။

    ဝက်ခြံမညှစ်မိအောင် ဘယ်လိုလုပ်ရမလဲ။

    · သင့် အတွေးအခေါ်ကိုပြောင်းလဲရမည်

    ပထမဦးဆုံး သင့် အမူအကျင့်ကိုပြောင်းလဲပါ။ သင့်စိတ်ကိုအလိုမလိုက်ပါနှင့်။ သင်ဝက်ခြံညှစ်တော့မည်ဆိုလျှင် ၎င်းအပြုအမူသည် အမာရွတ်များဖြစ်ကာ ပိုဆိုးသွားစေနိုင်ကြောင်း သင့်ကိုယ်သင်အမြဲ သတိပေးနေပါ။

    သင်အရုပ်ဆိုးအကျည်းတန်သွားမှာကို စိုးရိမ်မလွန်ပါနှင့်။ လူတိုင်းအရာရာပြည့်စုံသည်မရှိပါ။ သင်သည် ဥမ္မာဒန္တီရှုံးအောင် မလှပနေသော်လည်း သင့်ကိုသဘောကျသူများရှိပါသည်။

    သင့်တွင်အခြားေသော ဆွဲဆောင်မှုများရှိနေနိုင်ပါသည်။ သင့်ကိုယ်သင်ထိုအတွေးများတွေးရန်လိုအပ်သည်။

    ဝက်ခြံရှိလျှင် လူတိုင်းတော့ အနည်းနှင့်အများ စိတ်ညစ်ကြမည်ဖြစ်သည်။ သို့သော် သင်သည် ထိုအရာကို လက်ခံနိုင်ရန်ကြိုးစားသင့်သည်။

    · သင့်ကိုယ်သင် အာရုံလွှဲပါ။

    သင့်သည် ကွန်ပြူတာစာရိုက်ခြင်း၊ ဟင်းချက်ခြင်း၊ စာရေးခြင်းစသည်ဖြင့် အခြားအလုပ်များလုပ်နေလျှင် သင့်ဝက်ခြံဘက်ကို အာရုံမရာက်တော့သလို ဝက်ခြံညှစ်ရန်လည်း သတိရတော့မည်မဟုတ်ချေ။ သတိရလိုက်သည်ဆိုလျှင်လည်း သင့်ကိုယ်သင်ပြင်းထန်စွာ သတိပေးပါ။ သင့် လက်နှစ်ဖက်ပေါ်ဖိထိုင်ထားခြင်း၊ လက်များကို ဘေးချထားခြင်း စသည်ဖြင့် ဝက်ခြံကို မထိမိစေရန်ကြိုးစားလုပ်ဆောင်ရမည်။

    အချုပ်ဆိုရသော် ဝက်ခြံညှစ်ခြင်းသည် ပုံမှန်အားဖြင့် ဝက်ခြံပေါက်သူတိုင်းလုပ်ကြသော အပြုအမူတခုဖြစ်သည်။ လုပ်စရာမရှိလျှင်ဖြစ်စေ မိမိစိတ်သက်သာရာရဖို့ဖြစ်စေ၊ ဆရာဝန်နှင့် တိုင်ပင်ကာကုသရန်ဝန်လေးသည့်အခါဖြစ်စေ ဝက်ခြံညှစ်တတ်ကြသည်။

    သို့သော် ၎င်းသည် အထက်ဖော်ပြပါအတိုင်းဆိုးကျိုးများစွာရှိနေသည့်အတွက် သင့်အမူအကျင့်များကို ပြောင်းလဲနိုင်ရန်ကြိုးစားသင့်ပေသည်.

    Translated by

    K Zin Thwe

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement