ကူးစက်မြန် ခြေထောက်မှိုစွဲ ပွေးရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ပွေးဆိုတာ အရေပြားချင်း ထိတွေ့ရာမှ ကူးစက်ဖို့ အရမ်းလွယ်ကူတဲ့ ရောဂါတွေထဲက တစ်ခုပါ။ အထူးသဖြင့် ခြေထောက်မှိုစွဲေရာဂါဆိုရင် အရေပြားချင်း ထိမိရုံသာမက အများသုံး ရေချိုးခန်း၊ အိမ်သာကနေလည်း ကူးစက်နိုင်ပါတယ်။ သူ့ကိုခြေထောက်မှိုစွဲပွေးလို့လည်းခေါ်သလိုခြေထောက် သဲဝဲစားတယ်လို့လည်းခေါ်လို့ရပါတယ်။

ပွေးရောဂါဆိုတာ သိပ်ပြီး စိုးရိမ်စရာ ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမဲ့ ခံစားရတဲ့သူအတွက်တော့ ဒုက္ခက မသေးလှပါဘူး။ ယားယံတာကို မနေနိုင်ဘဲ လက်နဲ့ကုတ်မိလိုက်ရင်လည်း အသားက ပွန်းပဲ့ပြီး ပိုးဝင်သွားရင် ပိုပြီးတောင် ကုသဖို့ ခက်သွားနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ့်မှာ ခြေထောက်မှိုစွဲ ပွေးရောဂါ ရှိနေတယ်လို့ သံသယရှိနေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။

ဘာတွေကြောင့် ခြေထောက်မှာ ပွေးပေါက်လာတာလဲ။

ပွေးဟာ ကိုယ်ခန္ဓါနေရာအနှံ့မှာ ပေါက်နိုင်တဲ့ ယားနာတစ်မျိုးပါ။ ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ကိုယ်ခန္ဓါ၊ ပေါင်ခြံ၊ လိင်အင်္ဂါတစ်ဝိုက် အစရှိသဖြင့် ပေါက်တဲ့နေရာပေါ် မူတည်ပြီး လက္ခဏာတွေက အနည်းငယ်ကွဲသွားတတ်ပါတယ်။ အဓိက Tinea လို့ခေါ်တဲ့ မှိုပိုးက ခြေထောက်အရေပြားထဲ ဝင်သွားပြီး အမြစ်တွယ်လာရာကနေ ခြေထောက်မှိုစွဲပွေး ဖြစ်လာရတာပါ။

ရောဂါပိုးရှိသူနဲ့ အရေပြားချင်း ထိမိတာ၊ အသုံးအဆောင်တွေ ဝေမျှသုံးစွဲတာ၊ မှိုပိုးရှိနေတဲ့ ကြမ်းပြင်ကို ဖိနပ်မပါဘဲ ခြေဗလာနဲ့ လျှောက်ရာကနေ ကူးစက်ပါတယ်။ ပူနွေးစိုစွတ်တဲ့ နေရာတွေမှာ ရှင်သန်ပေါက်ဖွားနိုင်တဲ့အတွက် အများသုံး ရေချိုးခန်း၊ သန့်စင်ခန့်၊ အဝတ်လဲခန်း၊ ရေကူးကန် ကြမ်းပြင်တွေမှာ အများဆုံး တွေ့နိုင်ပါတယ်။

ဘယ်သူတွေမှာ ခြေထောက်မှိုပွေး ပေါက်နိုင်ခြေ ပိုများလဲ။

အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အားကစားသမား၊ လေ့ကျင့်ခန်း လိုက်စားသူတွေ၊ အများသုံး ရေချိုးခန်းနဲ့ ရေကူးကန်တွေမှာ ခြေဗလာနဲ့ သွားလာနေတဲ့အခါ၊ ရောဂါပိုးရှိသူရဲ့ ဖိနပ်၊ ခြေအိတ်၊ မျက်နှာသုတ်ပဝါ၊ အဝတ်အစားတွေ ယူဝတ်တာ၊ အရမ်းကျပ်လွန်းတဲ့ ဖိနပ်တွေ ဝတ်ဆင်တာ၊ အချိန်အကြာကြီး ခြေထောက်ကို ရေစိုနေတဲ့အတိုင်း ပစ်ထားတာ၊ ခြေထောက်က ချွေးတွေအရမ်းထွက်တာ၊ အရေပြား သို့မဟုတ် ခြေသည်းခွံမှာ ထိခိုက်ပွန်းပဲ့နေတာတွေကြောင့် ခြေထောက်မှာ ပွေးပေါက်လာနိုင်ပါတယ်။

ခြေထောက်မှိုစွဲ ပွေးရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။

၁။ ခြေချောင်းကြား၊ ခြေဖဝါးမှာ ယားယံနေတာ၊ ပူစပ်ပူလောင်ဖြစ်နေတာ၊ အသားထဲက ဆစ်ကနဲ စူးနေတာ

၂။ ယားပြီး နေရခက်တဲ့ အရည်ကြည်ဖုတွေ ထွက်နေတာ

၃။ ခြေချောင်းကြားနဲ့ ခြေဖဝါးမှာ အသားတွေ အက်ကွဲနေတာ၊ အဖတ်တွေ ကွာကျနေတာ

၄။ ခြေဖဝါးနဲ့ ဘေးဘက်အရေပြားတွေက မွဲခြောက်ခြောက်ဖြစ်ပြီး မာနေတာ

၅။ ခြေသည်း အရောင်မညီဖြစ်နေတာ၊ ထူပြီး ကြေမွလွယ်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။

ခြေထောက်မှိုစွဲရောဂါကို ဘယ်လိုကုသမလဲ။

အရင်ဆုံး အရေပြားဆရာဝန်က ခြေချောင်းကြားနဲ့ ခြေသည်းရဲ့ အခြေအနေကို သေချာကြည့်ပြီးမှ မှိုပွေးပေါက်တာ ဟုတ်၊ မဟုတ် အဆုံးအဖြတ်ပေးနိုင်မှာပါ။ ပုံမှန်အားဖြင့် ယားယံခြင်းကို သက်သာစေပြီး ပွေးပျောက်စေဖို့ လိမ်းဆေးတစ်မျိုးသာ လိုအပ်ပြီး တော်တော်လေး ပြင်းထန်တဲ့ အခြေအနေမှာတော့ ပဋိဇီဝပိုးသတ်ဆေးတွေပါ တွဲသောက်ဖို့ လိုအပ်ပါတယ်။ ပွေးရောဂါဆိုတာ သေချာကုသမှုခံယူရင် အမြစ်ပြတ်ပျောက်ဖို့ လွယ်ကူတဲ့အတွက် ကိုယ့်မှာ အရေပြားပြဿနာရှိနေတယ်လို့ သံသယရှိတာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပဲလို့ အကြံပေးလိုက်တယ်နော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

ခွေးရူးရောဂါပိုးက ရာနှုန်းပြည့်ကာကွယ်လို့ ရတဲ့ အရာပါ။ သိရှိမယ်။ ကာကွယ်ဆေးထိုးမယ်ဆိုရင် ထိခိုက်မှု လုံးဝမရှိဘဲ ကာကွယ်နိုင်မယ့် ကျန်းမာရေး ပြဿနာတစ်ခုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာ အစုစု

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှု များစွာကို ကြုံတွေ့ရနိုင်ပါတယ်။ ပြောင်းလဲမှုမှာ ဖြစ်ရိုးဖြစ်စဉ်တွေပါသလို သတိပေး လက္ခဏာတွေလည်း ပါနေတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ

COVID-19၊ ရောဂါလက္ခဏာ၊ ကွာရန်တင်း၊ Positive၊ ဖျားနာ၊ ခရစ္စမတ်၊ Swab၊ အအေးမိ၊ ဆံပင်၊ ပင်ပန်းနွမ်းနယ်၊ နှလုံးဆိုင်ရာပြဿနာ၊ အစာခြေစနစ်၊ တုပ်ကွေး၊ Antibody Test

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့

ကလေးကစလို့ လူကြီးတွေအထိ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ပျော်ရွှင်ကျန်းမာနေစေဖို့ ဘယ်လို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 2 mins read

မသန့်ရှင်းတဲ့ရေထဲ ရေကူးမိတဲ့အခါ…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2020 . 2 mins read
နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read