ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နေမကောင်းဖြစ်နေပြီဆိုရင် တုပ်ကွေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပုံမှန်အတိုင်းတော့မစားနိုင်တော့ပါဘူး။သောက်ရတဲ့ဆေးတွေကြောင့်ရယ်၊နေလို့မကောင်းတာရယ်ကြောင့် ခံတွင်းလည်းပျက်နေနိုင်တယ်။ အစာကြေလွယ်တာတွေပဲ စားရမှာဖြစ်လို့ မစားချင်တာလည်းဖြစ်ရင်ဖြစ်မယ်။ တုပ်ကွေးဖြစ်ရင် ကြက်စွပ်ပြုတ်က အကောင်းဆုံးလို့ပြောကြတယ်နော်။ ဒါပေမယ့် ခံတွင်းပျက်ရတဲ့အထဲ ဒါချည်းပဲ စားနေလို့မှမဖြစ်တာလေ။ ဝေဒနာအမြန်သက်သာပြီး နာလန်ထလာစေဖို့ ကြက်စွပ်ပြုတ်လိုပဲ အကျိုးကျေးဇူးကောင်းတဲ့ အစားအသောက်လေးတွေရှိပါသေးတယ်နော်။ ဘာတွေလဲဆိုတော့ –

အရိုးစွပ်ပြုတ်

ကြက်စွပ်ပြုတ်လိုပဲ ငါးခေါင်းဟင်းချို သို့မဟုတ် တခြားအရိုးပြုတ်ရည်တွေကလည်းနေမကောင်းချိန်မှာ အာဟာရဓါတ်တွေပေးနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်တွေပါ။ရေဓါတ်ဖြည့်ပေးမယ့်အပြင် အာဟာရဓါတ်မျိုးစုံကို အရည်ထဲမှာ တပါတည်းပေးနိုင်တော့ နည်းနည်းပဲသောက်နိုင်ရုံနဲ့ အားဖြစ်စေပါတယ်။

အရသာရှိတဲ့အပြင် ကယ်လိုရီတွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေပါမယ်၊ ပူပူလေးသောက်ရင် ချွဲသလိပ်တွေပျော်ဖို့ပါ အထောက်အကူပေးနိုင်ပါတယ်။

အုန်းစိမ်းရည်

ရေဓါတ်ပြည့်ဝနေဖို့ကနေမကောင်းတဲ့အချိန်မှာ အရေးကြီးဆုံးအချက်ပါ။ ကိုယ်ပူနေမယ်၊ချွေးတွေတအားထွက်ထားမယ်၊ အန်ထားမယ်၊ ဝမ်းလျှောထားမယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်ဖြည့်တင်းဖို့လိုပါတယ်။ ဒီလိုအချိန်မှာ အုန်းစိမ်းရည်ကလည်း အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါပဲ။ ချိုချိုလေးနဲ့ ရင်ထဲအေးစေတဲ့ အုန်းစိမ်းရည်မှာ ဂလူးကို့စ်နဲ့ ဓါတ်ဆားဓါတ်တွေပါဝင်ပါတယ်။

ရေနွေးကြမ်းပူပူ

ရေနွေးပူပူလေးသောက်တာကတော့ အအေးမိ၊တုပ်ကွေး ဖျားနာတာတွေအတွက် သမားရိုးကျ နည်းလမ်းတစ်ခုပါ။ ကြက်စွပ်ပြုတ်လောက်အာဟာရမပါရင်တောင် ချွဲသလိပ်တွေရှင်းသွားစေဖို့၊ လည်ချောင်းရှင်းဖို့၊ နှာခေါင်းပိတ်သက်သာစေဖို့၊ချွေးထွက်ပြီးအဖျားကျဖို့ အထောက်အကူပေးတယ်ဆိုတော့ သူ့အစွမ်းလည်းမသေးပါဘူး။ လည်ချောင်းအပူလောင်လောက်တဲ့အထိတော့ အပူမပြင်းစေနဲ့ပေါ့နော်။

လက်ဖက်ခြောက်မှာpolyphenols တစ်မျိုးဖြစ်တဲ့Tannins ဓါတ်တွေပါဝင်လို့ ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုသေစေတဲ့အာနိသင်တွေရှိပါတယ်။

ပျားရည်

ပျားရည်မှာ ဘက်တီးရီးယားတွေသေစေတဲ့အာနိသင်ရှိပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်းကောင်းစေတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့် ပျားရည်ကိုရေနွေးကြမ်းလေးထဲထည့်သောက်ရင် လည်ချောင်းနာတာတောင်သက်သာစေပါတယ်တဲ့။ နွားနို့တစ်ခွက်ကို ပျားရည်ဇွန်းတစ်ဝက်ထည့်သောက်ရင်လည်းချောင်းဆိုးသက်သာတယ်၊ရေဓါတ်ပြည့်ဝစေတယ်၊ရောဂါပိုးတွေသေစေနိုင်တဲ့သောက်စရာတစ်ခုဖြစ်ပါတယ်။

ချင်းလက်ဖက်ရည်ကြမ်း

နေမကောင်းလို့ မအီမသာဖြစ်နေတာ၊ ခံတွင်းပျက်တာတွေအတွက် ချင်းရေနွေးကြမ်းကိုသောက်ပေးရင် သက်သာပါလိမ့်မယ်။ အသင့်သောက် အထုပ်လေးတွေလည်းရှိသလို ချင်းကိုပါးပါးလှီးပြီးရေနွေးကြမ်းထဲခတ်သောက်လို့ရပါတယ်။ ပူရှိန်းရှိန်းနဲ့ချွေးလေးစို့လာစေပြီးနေလို့ကောင်းစေမှာပါ။

ငှက်ပျောသီး

ငှက်ပျောသီးကနေမကောင်းချိန်မှာစားလို့သင့်တဲ့အသီးထဲမှာပါဝင်ပါတယ်။ စားရတာလည်းလွယ်တယ်၊ ကယ်လိုရီနဲ့အာဟာရဓါတ်တွေလည်း အများကြီးပါပါတယ်။ သူ့မှာပါတဲ့ပျော်ဝင်လွယ်အမျှင်ဓါတ်ကြောင့် အစာခြေစနစ်အတွက်လည်းကောင်းကျိုးများပါတယ်။

ကွေကာအုတ်

ကွေကာအုတ်က အစာကြေလွယ်တယ်၊ နေမကောင်းဖြစ်ချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကိုဖြည့်တင်းပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ကိုအားပေးပြီးသွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းပေးပါတယ်။ အကောင်းဆုံးကတော့ အသင့်သောက်အထုပ်တွေထက် အုတ်ဂျုံကွေကာအလွတ်ကို ကိုယ်တိုင်ဖျော်သောက်တာပါပဲ။

ဒီအစားအသောက်တွေကရောဂါကိုသက်သာစေဖို့ အားဖြည့်ကူညီပေးမှာဖြစ်လို့ဝေဒနာခံစားရတာလည်း သက်သာစေမှာပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ရှင်သန်ပါစေ။

ကာကွယ်ဆေးထိုးတာက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။ ကာကွယ်ဆေး ထိုးနှံမှုက ကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်ပေးနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။

တုပ်ကွေးရောဂါ က နှစ်တိုင်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ဖို့ဆို နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးတာ၊ မကြာခဏ လက်ဆေးတာ၊ လူစုလူဝေးကို ရှောင်တာ စတာတွေကို လိုက်နာရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ရောဂါများ

ကြွက်သားနာကျင်တာကအဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ ကြွက်သားနာကျင်တာက တင်းအားတွေ၊ အပြင်းအထန် လှုပ်ရှားမှုတွေ၊  အသေးစား ထိခိုက်ဒဏ်ရာတွေကြောင့် ဖြစ်တာ များပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရိုးပွနေရင် ဒါတွေရှောင်ပါ။

အသက်အရွယ် ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆက နည်းလာပြီးအရိုးပွလာပါတယ်။အရိုးပွလာတာကသေချာ ဂရုစိုက်ဖို့လိုမယ့်ကျန်းမာရေးပြဿနာပါ။ အရိုးပွရင်ဘာတွေမစားသင့်ဘူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းအအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 1 min read
ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ.........

ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 16, 2020 . 3 mins read