လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

တစ်ခါတလေ လည်ချောင်းက ခြောက်ကပ်ကပ်နဲ့ ယားသလိုဖြစ်နေရင် သိပ်နေရခက်တာနော်။ အထူးသဖြင့် ရာသီအကူးအပြောင်းကာလတွေ၊ အေးတဲ့ ဆောင်းရာသီတွေဆိုရင် ဒီလိုလက္ခဏာတွေက မကြာခဏဆိုသလို တွေ့ရတတ်တယ်နော်။ ခုဆောင်းပါးမှာတော့ လည်ချောင်းခြောက်ပြီး ယားစေတဲ့ အကြောင်းရင်းတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ ရေသောက်နည်းတာ

တစ်နေ့ကို ရေအနည်းဆုံး ၂လီတာလောက်မှ မသောက်တဲ့သူတွေဆိုရင် အမြဲလိုလို ခံတွင်းက ခြောက်တတ်တယ်နော်။ ရေဓါတ်ခမ်းခြောက်နေတယ်ဆိုတာ ခန္ဓါကိုယ်က အချက်ပြတဲ့အနေနဲ့ လည်ချောင်းယားလာတာအပြင် ရေငတ်တာ၊ ဆီးအရောင်နောက်လာတာ၊ မောပန်းလာတာ၊ ခေါင်းမူးပြီး ရင်ထဲမောနေသလို ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ တစ်နေ့ကို ရေလုံလောက်စွာ သောက်ပေးပါ။ အမျိုးသားတွေဆိုရင် ရေ၃လီတာခန့် အနည်းဆုံးသောက်ပါ။ အမျိုးသမီးတွေဆိုရင်လည်း ရေကို ၂လီတာခွဲလောက် အနည်းဆုံးသောက်ပေးပါ။ ပူလွန်းတဲ့နေ့တွေ၊ အားကစားလုပ်ပြီး ချွေးအထွက်များတဲ့နေ့တွေဆိုရင် ရေပိုသောက်ပါ။ ကော်ဖီ၊ အအေး လျှော့သောက်ပါ။

၂။ ပါးစပ်ဟပြီး အိပ်တတ်တာ

အိပ်တဲ့အချိန်ဆိုရင် ပါးစပ်ကြီးဟ သွားရေတွေ ယိုတတ်တဲ့အကျင့် သင့်မှာရှိလား။ ညအိပ်နေရင်း အသက်ရှူကြပ်ပြီး ပါးစပ်ဟ အသက်ရှူရတဲ့ရောဂါ သင့်မှာရှိလား။ တစ်ညလုံးလိုလို ပါးစပ်ကြီးကို ဖွင့်ထားပြီး အိပ်ပျော်နေတဲ့အခါကျ မနက်နိုးလာရင် ပါးစပ်မှာကလည်း သွားရေတွေနည်းပြီး ခြောက်ကပ်ကပ်ဖြစ်၊ လည်ချောင်းကလည်း ယားကျိကျိနဲ့ နေရခက်စေတယ်နော်။ ဒီလိုလက္ခဏာအပြင်ကိုမှ သွားရေတွေ ခြောက်သွားခြင်းကြောင့် ခံတွင်းအနံ့ဆိုးဖြစ်တာ၊ ညအိပ်နေစဉ် ဟောက်တာ၊ မနက်ပိုင်းမှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ရေးမဝသလိုဖြစ်တာတွေ တွေ့ရတတ်ပါတယ်။

ဒါကို ရှောင်ရှားနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ကိုယ့်မှာ အိပ်ပျော်နေစဉ် အသက်ရှူကြပ်တဲ့ ရောဂါရှိတယ်ဆိုရင်တော့ ကိုယ့်ရဲ့ မေးရိုးကို ထိန်းညှိပေးနိုင်မယ့် ကိရိယာကို ဆရာဝန်ရဲ့ အကူအညီနဲ့ တပ်ပြီးအိပ်လို့ရပါတယ်။

၃။ ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ ဓါတ်မတည့်ခြင်း

ရုတ်တရက်ပူရာကနေ အေးသွားတဲ့အခါမျိုးဆို ခန္ဓါကိုယ်က ဒီအပူချိန်အပြောင်းအလဲကို လက်မခံနိုင်တာ၊ ပတ်ဝန်းကျင်က အရာတော်တော်များများက ကိုယ်ခံအားစနစ်ကို ထိတွေ့မိပြီး ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လေထဲမှာပါတဲ့ ဖုန်မှုန့်တွေ၊ မှိုနံ့တွေ၊ ပန်းဝတ်မှုတွေကို ရှူရှိုက်မိတဲ့အခါ ဓါတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ ဓါတ်မတည့်တဲ့အခါ နှာခေါင်းပိတ်၊ နှာရည်ယိုတာ၊ နှာချေတာ၊ မျက်လုံး၊ ခံတွင်း၊ အရေပြားယားယံတာ၊ ချောင်းဆိုးတာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုမဖြစ်ရအောင် ကာကွယ်ဖို့ လူသိပ်များတဲ့နေရာဒေသတွေကို မကြာခဏ သွားလာတာရှောင်ပေးပါ။ ဖုန်ထူထပ်တဲ့နေရာတွေ သွားရရင် နှာခေါင်းစည်းတပ်သွားပါ။ အိမ်ခန်း၊ ပတ်ဝန်းကျင်ကို အမြဲဖုန်ခါပြီး သန့်ရှင်းရေးလုပ်ပါ။ အဝတ်အစားတွေ မှိုမစွဲစေဖို့ ဂရုစိုက်ပါ။ ဓါတ်မတည့်လက္ခဏာကို သက်သာစေတဲ့ ဆေးတွေကိုလည်း မှီဝဲလို့ရပါတယ်။

၄။ အအေးမိခြင်း

ဗိုင်းရပ်စ်ကြောင်းဖြစ်တဲ့ အအေးမိခြင်းဟာ ရာသီမရွေး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားနိုင်ပါတယ်။ အအေးမိနေတဲ့အချိန်မှာတော့ နှာရည်ယိုတာ၊ နှာချေ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အဖျားတက်တာ၊ မျက်ရည်ယိုတာ၊ လည်ချောင်းခြောက်ပြီး ယားယံတာတွေ ဖြစ်တတ်ပါတယ်။

အအေးမိပြီဆိုရင် အိမ်မှာပဲ ကောင်းကောင်းအနားယူပါ။ ရေများများသောက်ပါ။ အပူအစပ်၊ အမာစာ (ထမင်း) ရှောင်ပါ။ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ် များများသောက်ပေးပါ။ အိပ်ချိန်ကို ပိုယူပါ။ ပါးစပ်ကို ဆားငန်ရည် သို့မဟုတ် ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပါ။ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးတွေကို အစာတစ်ခုခုစားပြီးတိုင်း နာရီခြားပြီး သောက်ပေးပါ။

၅။ လည်ချောင်းနာတာ

ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့် လည်ချောင်းနာနေတဲ့အခါမျိုးမှာလည်း ခံတွင်းက ခြောက်ပြီး ယားယံနေတတ်ပါတယ်။ အထူးသဖြင့် အာသီးနဲ့ လည်ချောင်းပတ်ပတ်လည်က နီရဲနေမယ်၊ သွားဖုံးမှာ အဖြူရောင်အနာကွက်တွေ ဖြစ်မယ်၊ အဖျားတက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ပျို့အန်ပြီး အစာစားချင်စိတ်ပျက်နေတတ်ပါတယ်။

ဒီလိုမျိုး မကြာခဏဖြစ်တတ်တဲ့သူဆိုရင် မပေါ့ပါနဲ့။ သွားနဲ့ ခံတွင်းဆရာဝန်နဲ့ သေချာသွားပြပြီး ကုသမှုခံယူပါ။ ဘက်တီးရီးယားပိုးသေစေဖို့ ပေးလိုက်တဲ့ antibiotics တွေကို သေချာသောက်ပါ။ လည်ချောင်းကို ဆားငန်ရည်နွေးနွေးနဲ့ အာခေါင်ထိအောင် ပလုတ်ကျင်းပေးပါ။ အပူအစပ်၊ အကြော်အလှော်တွေကို ရှောင်ပေးပါ။

ခံတွင်းကခြောက်ပြီး ယားသလိုဖြစ်နေတာဟာ များသောအားဖြင့် ရာသီအကူးအပြောင်းကာလတွေနဲ့ ရေသောက်နည်းတာ၊ ဖုန်ထူထပ်တဲ့ နေရာတွေကို သွားလာရခြင်းကြောင့် ဖြစ်တတ်တဲ့ အသေးစားပြဿနာပါ။ သိပ်ပြီးစိုးရိမ်စရာမလိုဘူးဆိုပေမဲ့ မကြာခဏဆိုသလို ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

မိုးတွင်း ကလေး သွေးလွန်တုပ်ကွေး ကျန်းမာရေး ခြင်ကိုက် ရေဝပ် အဖျား ကိုယ်ပူ မှိန်း အော့အန် အနီစက် ကိုယ်လက်ကိုက်ခဲတာ မုတ်သုံ ဗိုင်းရပ်စ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

ကွန်ဒုံး ဓာတ်မတည့်ခြင်း ရာဘာသား လိင်ဆက်ဆံခြင်း လိင်မှုကိစ္စ ကာမသုခ ဇနီးမောင်နှံ ချစ်သူ အရေပြား ယားယံခြင်း အင်ပျဉ် လိင်တံ လက္ခဏာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင် ဘာလို့ ခဏခဏ ဖျားနာနေတာလဲ

ဖျားနာ အအေးမိခြင်း ကိုယ်ခံအားစနစ် ရောဂါပိုး ညအိပ်ချိန် အစာအာဟာရ ရေဓာတ် တစ်ကိုယ်ရေသန့်ရှင်းရေး ခံတွင်းနံ့ စိတ်ဖိစီးမှု ဓာတ်မတည့်ခြင်း ရာသီဥတု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
အအေးမိ၊တုပ်ကွေး, ကျန်းမာရေးစင်တာ မေ 31, 2020 . 2 ဖတ်ရန် ကြာချိန်

ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တိုးတက်စေဖို့ ဘာလုပ်ရမလဲ

နေ့ရက်တိုင်း ရောဂါပိုးတွေ ကိုယ်ခံအား ကူးစက်ရောဂါ အအေးမိဖျားနာ COVID_19 Antioxidants Free radicals ခန္ဓာကိုယ် နှလုံးရောဂါ အသားအရေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်
ပျော်ပျော်နေ သေခဲ

ပျော်ပျော်နေ သေခဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 24, 2020 . 2 ဖတ်ရန် ကြာချိန်
အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး

အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020 . 2 ဖတ်ရန် ကြာချိန်