backup og meta

သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်

သွေးတိုးရောဂါက လူကြီးတွေမှာ အဖြစ်များတယ် ဆိုပေမဲ့ လူငယ်တွေလည်း မပေါ့ဆသင့်ပါဘူး။ ဒီနေ့ခေတ်ရဲ့ နေထိုင်စားသောက်မှု ပုံစံကြောင့် အရွယ်မတိုင်ခင် သွေးတိုးဖြစ်သူတွေ များလာပါပြီ။ သွေးတိုးရောဂါကို သေချာမထိန်းဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာ၊ နှလုံးထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးတိုးထိန်းတဲ့နေရာမှာ ဆေးတစ်ခုတည်းကို အားကိုးလို့ မရပါဘူး။ ပိုပြီး ထိထိရောက်ရောက်ထိန်းနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကိုပါ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်ကို မျှဝေပေးချင်ပါတယ်။

သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်

သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်

(၁) ကျန်းမာစွာစားသုံးပါ။

အစားအစာဆိုတာ ကျွန်တော်တို့ အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အစားအစာအရွေးမတတ်ရင် သင်ရောသင့်မိသားစုပါထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့်အခုကစပြီး ဆိုဒီယမ်နည်းနည်းနဲ့ ပိုတက်ဆီယမ် များများပါတဲ့အစားအသောက်ပုံစကိုပြောင်းလဲရပါမယ်။

အကြောင်းက ပိုတက်ဆီယမ်က သွေးတိုးကျစေလို့ပါ။ ဒါ့အပြင် အသီးနဲ့ ဟင်းသီးဟင်းရွက်တွေလည်း စားသင့်ပါတယ်။ အဆီများတဲ့အသားတွေစားမယ့်အစား အဆီနည်းတဲ့ငါးတွေ၊ ကြက်ဘဲတွေကို စားသင့်ပါတယ်။ တခြားပြည့်ဝအဆီတွေကိုလည်း ရှောင်သင့်ပါတယ်။

(၂) ဆားလျှော့ပါ

အရွယ်‌ရောက်ပြီးသား လူတစ်ယောက်က တစ်ရက်ကို ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ထက် ပိုမစားသင့်ပါဘူး။ ၂၃၀၀ မီလီဂရမ်ဆိုတာ လက်ဖက်ရည်တစ်ဇွန်းစာ ပမာဏနဲ့ ကိုက်ညီပါတယ်။ ဆိုဒီယမ်ကို ဟင်းချက်ဆားအပြင် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကနေလည်း ရနေပါတယ်။ ဒါကြောင့် ဆားတွေ လိုတာထက် ပိုပြီး စားနေမိတာပါ။ ဆားတွေ ပိုမစားမိစေဖို့

  • စားသောက်ကုန်တစ်ခုချင်းစီမှာ စာတန်းထိုးထားတဲ့ ဆားပါဝင်မှုကို သေချာဖတ်ပါ။ ဒါမှ သင်က တခြားစားသောက်ကုန်တွေနဲ့ ယှဉ်ကြည့်နိုင်ပြီး ဆိုဒီယမ်ပါဝင်မှု အနည်းဆုံးကို ရွေးနိုင်မှာပါ။
  • အသင့်စားအစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
  • အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေ သိပ်မစားပါနဲ့။ ဥပမာ – ကြက်အူချောင်း၊ ဝက်သားပြား ဒါမှမဟုတ် အေးခဲထားတဲ့ ထမင်းဘူးနဲ့ အသင့်စားခေါက်ဆွဲပြုတ်
  • နေ့စဉ် ချက်ပြုတ်ရာမှာလည်း ဆားလျှော့ပါ။
  • လေ့ကျင့်ခန်းမှန်မှန် လုပ်ပါ။

သွေးတိုးကျစေဖို့က ကိုယ်လက်လှုပ်ရှားပေးခြင်းက နည်းလမ်းတစ်မျိုးပါပဲ။ ဒါက စိတ်ဖိစီးမှုကင်းစေတဲ့အပြင် နှလုံးသွေးကြော၊ ကြွက်သား၊ အရိုးနဲ့ သွေးလည်ပတ်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ အရွယ်ရောက်ပြီးသူတွေက တစ်ရက်ကို လေ့ကျင့်ခန်း နာရီဝက်လောက် လုပ်ပေးသင့်ပါတယ်။

(၃) ကိုယ်အလေးချိန်ထိန်းပါ

အပေါ်ကပြောသွားတဲ့ ကိုယ်လက်လှုပ်ရှားတာကလည်း ကိုယ်အလေးချိန်ကျစေပါတယ်။  သင့်တော်တဲ့ ကိုယ်အလေးချိန်မှာရှိတာက သင့်ကို သွေးတိုးနဲ့ တခြားရောဂါတွေဆီကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၄) အရက်သောက်တာ ကန့်သတ်ချက်ထားပါ

အရက်က သွေးတိုးစေတဲ့ အကြောင်းအရင်းဖြစ်တဲ့အပြင် အသည်းထိခိုက်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ အမျိုးသားတွေအနေနဲ့ တစ်ရက်ကို စံ၂ယူနစ် (2  drinks)ထပ်မပိုသင့်သလို အမျိုးသမီးတွေဆိုရင်လည်း တစ်ရက်ကို စံ၁ယူနစ် (1 drink)ထပ်မပိုသင့်ပါဘူး။ အရက်က ဖြတ်လိုက်ရင် အ‌ကောင်းဆုံးပါ။ မဖြတ်နိုင်သေးရင် လျှော့သောက်ပါ။

(၅) စိတ်ဖိစီးမှု လျှော့ချပါ

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုတွေ အဖြစ်များကြပါတယ်။ လူတိုင်းလိုလိုက အလုပ်၊ ဖျားနာမှု၊ မိသားစုနဲ့ ဆက်ဆံရေးတွေကြောင့် စိတ်ဖိစီးဖူးကြပါတယ်။ ဒီလိုစိတ်ဖိစီးတာကို ရှောင်ကြဉ်ဖို့အတွက် သင့်နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ပါ။

ဥပမာ – လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ဒေါသထိန်းချုပ်ခြင်း စတာတွေဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးစိတ်ဖိစီးမှုကိုလျှော့ကြပါ။

(၆) သွေးပေါင် မှန်မှန်ချိန်ပါ

သွေးတိုးချိန်ဖို့ ဆေးရုံဆေးခန်းသွားစရာမလိုပါဘူး။ အိမ်မှာ သွေးတိုးတိုင်းကိရိယာဝယ်တိုင်းနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်လေးတိုင်းပြီး သေချာမှတ်ထားပါ။ သတိထားရမှာက မတိုင်းခင် ဆေးလိပ်သောက်ခြင်း၊ ကော်ဖီသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေမလုပ်ထားရပါဘူး။ ဒါတွေက ရလဒ်ကို သက်ရောက်စေလို့ပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sodium in your diet https://www.fda.gov/food/nutrition-education-resources-materials/sodium-your-diet#:~:text=Americans%20eat%20on%20average%20about,recommended%20limits%20are%20even%20lower. Accessed date Oct 31, 2017

Dietary Guidelines for Alcohol https://www.cdc.gov/alcohol/fact-sheets/moderate-drinking.htm Accessed date Oct 31, 2017

ယခုပုံစံ

29/05/2023

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှုး ဆေးစွမ်းကောင်းများ

သွေးတိုးခြင်းအတွက် စိတ်မချရသောဆေးဝါးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/05/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ