backup og meta

ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ

    ပန်ခရိယကို မုန့်ချိုအိတ်လို့လည်း ခေါ်ပါတယ်။ ပန်ခရိယဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာမှာ ပါဝင်ပါတယ်။ အင်ဇိုင်းများထုတ်လုပ်ပေးပြီး အစာချေရာမှာလည်း ပါဝင်ကူညီပါတယ်။ ပန်ခရိယဟာ ရောင်ရမ်းနေချိန်မှာတော့ သူ့ရဲ့ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ ဒီတစ်ခေါက်တော့ ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ပန်ခရိယဟာ အစာခြေလုပ်ငန်းစဉ်မှာ အဓိကပါဝင်တာကြောင့် သင်ဘာတွေစားလိုက်သလဲဆိုတာ ပန်ခရိယ အပေါ် သက်ရောက်မှု ရှိပါတယ်။ ပန်ခရိယ ရုတ်တရက်ရောင်ရမ်းခြင်းဖြစ်တာဟာ များသောအားဖြင့် သည်းခြေကျောက်များနဲ့ အရက်သောက်တာကြောင့် ဖြစ်တတ်ပါတယ်။ ခဏခဏရောင်ရမ်းတာကို သေချာမကုတဲ့အခါ ကာလရှည်ကြာ ရောင်ရမ်းခြင်း ဖြစ်တတ်ပါတယ်။ သုတေသီတွေအနေနဲ့ ပန်ခရိယ မကောင်းချိန်မှာ ဘယ်လို အစားအသောက်တွေကို စားသုံးသင့်ကြောင်း လေ့လာနေကြပါတယ်။

    ယခု ဆက်လက်ဖော်ပြမှာကတော့ ပန်ခရိယရောင်ရမ်းချိန်မှာ ဘယ်အစားအသောက်တွေ ရှောင်ကြဉ်သင့်တယ်၊ ဘယ်အစားအသောက်တွေကို စားသုံးသင့်သလဲ ဆိုတာပါပဲ။

    ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ

    ပန်ခရိယ ကျန်းမာရေး ကောင်းအောင် ပရိုတိန်း ကြွယ်ဝတဲ့ အစားအစာများနဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများကို ရွေးချယ် စားသုံးသင့်ပါတယ်။ တိရစ္ဆာန်များက ရတဲ့ အဆီဓာတ်ကို လျှော့ချ စားသုံးရပါမယ်။

    အဆီဓာတ် နည်းတဲ့ အသားများ၊ ပဲအမျိုးမျိုး၊ စွပ်ပြုတ်၊ နွားနို့အစားထိုးဖို့ အစေ့အဆန်များက ထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများ (ဥပမာ နှမ်းကြတ်စေ့မှ ထုတ်သောနို့) စတာတွေကို သုံးစွဲနိုင်ပါတယ်။ ပန်ခရိယဟာ အဆိုပါ အစားအသောက်တွေကို ချေဖျက်ဖို့ သိပ်ပြီး အားမစိုက်ရပါဘူး။

    ဟင်းနုနွယ်၊ ဘလူးဘယ်ရီ၊ ချယ်ရီ စတဲ့ အသီးအနှံတွေဟာ အစာချေအား ကောင်းပြီး ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေတဲ့ ဖရီးရက်ဒီကယ်တွေကို ချေဖျက်ပေးပါတယ်။ အချိုကြိုက်တတ်ရင်တော့ သကြားအစား အရသာချိုတဲ့ အသီးအနှံတွေကိုပဲ စားသုံးသင့်ပါတယ်။

    ပန်ခရိယ အလုပ်ကောင်းကောင်းမလုပ်နိုင်ခင်မှာ သွေးတွင်းသကြားဓာတ် တက်မလာစေဖို့ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး၊ သခွားသီး၊ ပဲထောင်း စတဲ့အစားအစာများဟာလည်း ပန်ခရိယအတွက် အဆင်ပြေပါတယ်။

    ပန်ခရိယရောင်ရမ်းနေချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့

    ပန်ခရိယ ရောင်နေချိန်မှာ ပုံပြောင်းဆီတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အာလူးချောင်းကြော်၊ ဟမ်ဘာဂါ စတာတွေဟာလည်း ပန်ခရိယ မကောင်းချိန်မှာ အဆင်မပြေနိုင်ပါဘူး။ အလွန်အကျွံကြော်ထားတဲ့ အစားအစာတွေဟာ ပန်ခရိယကို ဒုက္ခပေးပါတယ်။

    ပန်ခရိယရောင်ရမ်းချိန်မှာ မြန်မြန်သက်သာအောင်

    ပန်ခရိယ ရုတ်တရက် ထပြီး ရောင်ရမ်းတာမျိုးဖြစ်စေ၊ နာတာရှည် ရောင်ရမ်းနေတာမျိုး ဖြစ်စေ အရက်ကို လုံးဝ ရှောင်ရပါမယ်။ ဆေးလိပ်လည်း ဖြတ်သင့်ပါတယ်။ အဆီနည်းတဲ့ အစားအစာတွေကိုပဲ စားသောက်ပေးပြီး ရေများများ သောက်သင့်ပါတယ်။

    တစ်ခါစားရင် အစာ နည်းနည်းနဲ့ တစ်နေ့တာလုံးမှာ မကြာခဏ (၆ကြိမ်ကနေ ၈ကြိမ်အထိ) စားသင့်ပါတယ်။ တစ်နေ့မှာ နှစ်ကြိမ် သုံးကြိမ်တည်းနဲ့ အစားများများ စားခြင်းထက်စာရင် အစာခြေစနစ်ကို ပိုပြီး သက်သာစေပါတယ်။

    အမျှင်ဓာတ်များကို တစ်ကြိမ်တည်းနဲ့ အများအပြား စားခြင်းမျိုးကို ရှောင်သင့်ပါတယ်။ ဒါဟာ အစာခြေခြင်းကို နှေးစေတဲ့အပြင် အာဟာရဓာတ်စုပ်ယူမှုတွေကို လျော့နည်းသွားစေနိုင်လို့ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement