အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အဆုတ်ရောင်ရောဂါက အခန့်မသင့်ရင် အသက်သေဆုံးသည် အထိဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ရပ်ပါ။ အချိန်မီကုသမှုခံယူဖို့ လိုသလို အာဟာရ သင့်တင့်မျှတအောင် စားသုံးဖို့ကလည်း မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ အဆုတ်ရောင်ရောဂါခံစားနေရသူတွေ ကျန်းမာစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေလား…….

အဆုတ်ရောင်ရောဂါရှိသူတွေအတွက် ဓာတ်စာ

အဆုတ်ရောင်ရောဂါရှိသူတွေအနေနဲ့ ရောဂါသက်သာစေဖို့နဲ့ ရောဂါထပ်တိုးမလာစေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားသုံးပေးသင့်ပါတယ်။

ရေ

သင့်အနေနဲ့ အဆုတ်ရောင်ရောဂါ ခံစားနေရမယ်ဆိုရင် ရေများများသောက်တာက ရောဂါကို သက်သာစေဖို့ အကောင်ဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ အကြောင်းကတော့ အရည်များများသောက်တာက အဆုတ်ထဲကချွဲတွေကို ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာကြောင့်ပါ။ ရေက ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အသက်ရှုလမ်းကြောင်းမှာ ကပ်နေတဲ့ အမှုန်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

ဆန်၊ဂျုံ

ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပြီး ခန္ဓာကိုယ်အပူချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ဗီတာမင်တွေနဲ့သတ္တုဓာတ်တွေက ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။

ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေ

အဆုတ်ရောင်ရောဂါခံစားနေရတဲ့အခါ ရောဂါသက်သာစေဖို့မေ့ထားလိ့်မဖြစ်တဲ့ အချက်တစ်ချက်က ပရိုတင်းပြည့်ဝဖို့ပါ။ ဒါကြောင့် ပရိုတင်းကြွယ်ဝစွာပါဝင်နေတဲ့ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး၊ ကြက်သား၊ အဆီမပါတဲ့အနီရောင်အသား၊ ပင်လယ်ငါးတွေကို စားသုံးပေးလို့ရပါတယ်။ ဒီလိုစားသုံးပေးမှုက ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့ တစ်ရှုးတွေကို အသစ်ဖြစ်ပေါ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးရာရောက်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

ကိုက်လန်၊ ဆလတ်ရွက်တို့လိုမျိုး အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ အာဟာရဓာတ်တွေက အသက်ရှုလမ်းကြောင်းမှာဖြစ်နေတဲ့ ရောဂါတွေကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက ရောဂါပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ

လိမ္မော်သီး၊ ဘယ်ရီသီး နဲ့ ကီဝီသီးတို့လိုမျိုး အချဉ်ဓာတ်ပါတဲ့ အသီးတွေက ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေသလို ရောဂါကို မြန်မြန်သက်သာစေနိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ခန္ဓာကိုယ်ကို  ပြင်ပကရောဂါပိုးတွေ ကျူးကျော်ဝင်ရောက်လာတာမျိုးမဖြစ်အောင် အကောင်းဆုံးဟန့်တားနိုင်ပါတယ်။

အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာတွေ

ဒိန်ချဉ်လိုမျိုး ကအကျိုးပြုဘက်တီးရီးယားတွေ ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တွေက အဆုတ်ရောင်ရောဂါကို ဖြစ်စေတဲ့ပိုးမွှားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးပါတယ်။ အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။

ပျားရည်

ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး အအေးမိတာနဲ့ချောင်းဆိုးတာကို သက်သာစေနိုင်တယ်ဆိုတာကိုသိထားပြီးသားဖြစ်မှာပါ။ ပျားရည်ရဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်က အဆုတ်ရောင်ရောဂါကိုလည်းအထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ချင်း (ဂျင်း

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ချင်း (ဂျင်း) က အဆုတ်ရောင်တာကြောင့် ရင်ဘတ်အောင့်တာကို သက်သာစေနိုင်သလို အဆုတ်ရောင်ရောဂါကို သက်သာစေနိုင်ပါသေးတယ်။

နနွင်း

နနွင်းက လေပြွန်တွေရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆုတ်ထဲက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ရေနွေးဆူဆူထဲကို နနွင်းခတ်ပြီး သောက်တာဖြစ်ဖြစ် နို့ပူပူထဲကို နနွင်းထည့်ပြီး သောက်တာဖြစ်ဖြစ် သောက်ပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

လေ့ကျင့်ခန်း လုပ်ပေးတာက ကိုဗစ်ကို သက်သာစေနိုင်သလို ကိုဗစ်ကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 16, 2020 . 2 mins read

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

လျှာရဲ့ နောက်ထပ် လုပ်ငန်းစဉ်တစ်ခုက ကျန်းမာရေး အခြေအနေတွေကို ဖော်ပြပေးနေသေးတာပါ။ လျှာအရောင်အလိုက် ကျန်းမာရေးအခြေအနေတွေက အမျိုးမျိုးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးတာက အဓိကလက္ခဏာတစ်ခုပါ။ ဆေးစစ်ဖို့ အိမ်မှာ စောင့်ဆိုင်းနေချိန် အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင်လုပ်ထားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read