backup og meta

Colostomy ဖောက်ထားတဲ့သူတိုင်း ဒါတွေ သိထားသင့်တယ်နော်။

Colostomy ဖောက်ထားတဲ့သူတိုင်း ဒါတွေ သိထားသင့်တယ်နော်။

အူမကြီးကင်ဆာဖြစ်နေတဲ့သူတိုင်း Colostomy ( အူအပေါက်ဖောက်) တဲ့ကုသခြင်းကို သိကြမှာပါ ။ အူမကြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဆိုရင် စအိုပေါက်ကိုပိတ်၊ ဗိုက်မှာ အပေါက်လေးဖောက်ပြီး အိတ်လေးနဲ့ အူကို အပြင်ထုတ်ထားတဲ့ colostomy ကုသနည်းဟာ အူမကြီးကင်ဆာနောက်ဆုံး အဆင့်သမားတွေအတွက် တကယ်ကို အရေးပါတဲ့ကုသနည်းပါ။

ဒီတော့ အူမကြီးကင်ဆာလည်းဖြစ်နေတယ် colostomy လည်းဖောက်ရမယ်ဆိုရင် ဒီအချက်တွေသိထားသင့်ပါတယ်။

( ၁ ) ခွဲစိတ်မှု

နောက်ဆုံးအဆင့်ရောက်နေတဲ့ အူမကြီးကင်ဆာဆိုရင် အချိန်သိပ်မဆွဲတော့ဘဲ ခွဲစိတ်မှု ချက်ချင်းလုပ်တာများပါတယ်။ ခွဲစိတ်မှုမလုပ်ခင် အူသန့်ရှင်းအောင် ဆရာဝန်တွေက ဆောင်ရွက်ပေးမှာဖြစ်ပြီး ခွဲစိတ်ပြီးနောက်ပိုင်း အနာသက်သာအောင်လည်း ဆေးတွေသောက်ရမှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း ရက်အနည်းငယ်လောက် အနားယူရမှာဖြစ်ပြီး နောက်ပိုင်းမှာ လမ်းကို ဖြည်းဖြည်းချင်းပြန်ထလျှောက်ပေးရမှာဖြစ်ပါတယ်။

( ၂ ) Colostomy ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ ။

အသုံးများတဲ့ Colostomy ကတော့ 2-pouch system (အပေါက်၂ ခု) နဲ့ Colostomy ဖြစ်ပါတယ်။ ဒီ Colostomy မှာဆိုရင် ရာဘာကွင်းတစ်ခုပါမှာဖြစ်ပြီး ရာဘာကွင်းကို ဗိုက်အပြင်ဘက်ကနေ ပလတ်စတစ်လိုမျိုးအိတ်လေးနဲ့ တွယ်ချိတ်ထားမှာဖြစ်ပါတယ်။ အိတ်ထဲကနေမြင်နိုင်မှာတွေကတော့ ဖောက်ထားတဲ့ ဗိုက်ကအပေါက်လေးရယ်၊ ထွက်နေတဲ့ အူအပိုင်းလေးတွေရယ် နဲ့ ဝမ်းတွေပဲ ဖြစ်ပါတယ်။ Colostomy ရဲ့ အဓိကရည်ရွယ်ချက်တော့ နောက်ဆုံးအဆင့်ကင်ဆာသမားတွေမှာ စအိုပေါက်ကို ပိတ်လိုက်ရတဲ့အတွက် ထွက်ရမယ့် ဝမ်းတွေကို ဗိုက်ကတစ်ဆင့် ပြန်ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒီအိတ်ကို တစ်နေ့တစ်ကြိမ်မှန်မှန်လဲပေးဖို့နဲ့ သန့်ရှင်းစွာ ထားဖို့ကလည်း သိသင့်တွေ အချက်တွေပါပဲ။

( ၃ ) Colostomy အိတ်ကို ဘယ်လိုလဲကြမလဲ ။

Colostomy အိတ်ကို မလဲခင် ပထမဦးဆုံးအနေနဲ့ လိုအပ်တဲ့ အရာတွေအားလုံး ကိုယ့်အနားမှာရှိနေဖို့ပဲ ဖြစ်ပါတယ်။ လက်ကိုသေချာသန့်စင်အောင်ဆေးပါ။ အိတ်ကို လဲနေတဲ့အချိန် လက်တစ်ဖက်က ဗိုက်အရေပြားကို ထိန်းထားပေးပါ။ သုံးပြီးသားအိတ်ကို စနစ်တကျလွှင့်ပစ်ပါ။ အိတ်အသစ်လဲဖို့ဆိုရင် ဖောက်ထားတဲ့ အူပေါက်နားတစ်ဝိုက်ကို ရေနွေးနဲ့ ဂွမ်းသန့်သန့်လေးသုံးပြီးသန့်ရှင်းရေး လုပ်ပေးပါ။ ခြောက်အောင် ခဏလောက်ထားပြီးမှ Colostomy Bag မှာပါတဲ့ ရာဘာကွင်းက ပလတ်စတစ်လေးကိုဖယ်လိုက်ပါ။ ဖောက်ထားတဲ့အပေါက်နဲ့ အိတ်က ကွင်းလေးကို သေချာချိန်ထည့်ပါ။ နေရာလွတ် မကျန်ပါစေနဲ့။ နေရာလွတ်ကျန်ခဲ့ရင် ဝမ်းတွေစီးကျလာနိုင်လို့ပါ။

( ၄ ) ဖောက်ထားတဲ့ အပေါက်နားကိုရော ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲ။

ဘာမှ မလုပ်ခင်အရင်ဆုံး လက်ကို သေချာသန့်စင်အောင်ဆေးပါ။ ဂွမ်းသန့်သန့်လေးကို ရေနွေးစွတ်ပြီး ဖောက်ထားတဲ့အူပေါက်နားတစ်ဝိုက်ကို သန့်စင်ပေးပါ။ သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ပွတ်မဆွဲပါနဲ့။ ညင်သာစွာ တို့ထိသန့်ရှင်းရေးလုပ်ပြီး အဝတ်သန့်သန့်လေး တစ်ရှူးသန့်သန့်လေးနဲ့ ခြောက်အောင်ပြန်သုတ်ပေးပါ။ သုတ်တဲ့နေရာမှာလည်း ပွတ်မဆွဲဘဲ တို့တို့ပြီး အခြောက်ခံပေးပါ။ ပြီးတာနဲ့ သုံးပြီးသား ဂွမ်းတွေကို သေချာလွှင့်ပစ်ပြီး လက်ကို သေချာပြန်ဆေးပါ။

( ၅ ) အစားအသောက်ကိုလည်း ဂရစိုက်ပါ။

လေပွစေတဲ့အစားအစာတွေ၊ ဝမ်းလျှော၊ ဝမ်းချုပ်စေမယ့် အစားအစာတွေကို ရှောင်ပါ။ Colostomy ဖောက်ထားတဲ့သူတိုင်း ရှောင်သင့်တဲ့အစားအစာတွေကတော့

  • ရေကညွှန့် ၊ပန်းဂေါ်ဖီစိမ်း၊ ကော်ဖီထုတ်၊
  • ငှက်ပျောသီး၊ မုန်လာဥနီ၊ ကြက်သွန်နီ
  • ပဲ အမျိုးမျိုး၊
  • နို့နဲ့နို့ထွက်ပစ္စည်းတွေ
  • ကာဗွန်ပါတဲ့အချိုရည်တွေပဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီးအသေးစိတ်ကျတာတွေကိုတော့ ကိုယ့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ ပိုကောင်းပါတယ်။

( ၆ ) ကိုယ့်ဝမ်းကို အမြဲလေ့လာနေပါ။

ဝမ်းကပုံမှန်ပဲလား ဝမ်းရောမှန်မှန်သွားရဲ့လား ဝမ်းချုပ်ဝမ်းလျှောနေလားဆိုတာကို အမြဲစောင့်ကြည့်နေသင့်ပါတယ်။ သွားတဲ့ဝမ်းတွေ မာမနေအောင်လို့ ရေများများသောက်ပေးရမှာဖြစ်ပြီး ဝမ်းချုပ်တဲ့အခါတိုင်းမှာလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဝမ်းနှုတ်ဆေးသုံးသင့်ပါတယ်။

( ၇ ) ကိုယ့်စိတ်ကိုလည်း အကောင်းဆုံး ပြင်ဆင်ထားပါ။

ဗိုက်မှာ အပေါက်ဖောက်ပြီး အူကိုထုတ်ထားတယ်၊ ဝမ်းတွေနဲ့ ပြည့်နေတဲ့အိတ်ကြီးကလည်းရှိသေးတယ်ဆိုတော့ သာမာန်လူတစ်ယောက်လို နေရထိုင်ရတာ သက်တောင့်သက်သာရှိမှာ မဟုတ်တာကျိန်းသေပါတယ်။ အလေးအပင်တွေမမဖို့၊ ချောင်ချိတဲ့အင်္ကျီတွေဝတ်ဖို့ကလည်း သိသင့်တဲ့ အချက်တွေထဲကတစ်ခုပါ။ နောက်ပြီး Colostomy ဖောက်ထားတဲ့နေရာကို ဘာထိခိုက်မှုမှ မဖြစ်အောင် အတတ်နိုင်ဆုံး ကာကွယ်ပါ။ ကိုယ့်လိုပဲ Colostomy ဖောက်ထားတဲ့ သူတွေအချင်းချင်းနဲ့ တွေ့ပြီး စကားတွေပြောပေးပါ။ ဒါမှ ကိုယ့်ဘဝတူ အချင်းချင်း အတွေ့အကြုံတွေ မျှဝေလို့ရတာကြောင့် စိတ်သက်သာရာရမှာ ဖြစ်ပါတယ် ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.saveritemedical.com/blogs/news/7-important-tips-for-living-with-a-colostomy

Accessed Date 5.7.2019

https://www.verywellhealth.com/ostomy-tips-and-tricks-1942934

Accessed Date 5.7.2019

https://healthfully.com/clean-colostomy-bag-5058952.html

Accessed Date 5.7.2019

 

ယခုပုံစံ

15/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အူမကြီးကင်ဆာသိကောင်းစရာ အချက်အလက်များ

အူမကြီးကို ဒီလိုသန့်ရှင်းကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement