ဒါလေးတွေကလည်း အူမကြီးကို သန့်စင်ရာမှာ အထောက်အကူပြုပေးပါသေးတယ်
အုတ်ဂျုံ – အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ဗီတာမင် D တို့ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်စေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အူမကြီးအတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ စားသုံးသင့်တဲ့ အစားအစာတစ်ခုပေါ့။
သောက်ရေ -ရေသောက်ပေးတာက အူမကြီးကို သန့်စင်ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ အူမကြီးသန့်စင်စေဖို့ တစ်နေ့ကို ရေ ၁၀ ခွက် ကနေ ၁၂ ခွက်အထိသောက်ပေးပါ။
ပန်းသီးဖျော်ရည် – အူမကြီးသန့်စင်စေဖို့အတွက် အကောင်းဆုံး အိမ်တွင်းကုထုံးတစ်ခုပါ။ နေ့စဉ် ပန်းသီးဖျော်ရည်တစ်ခွက်သောက်ပေးတာက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အသည်းနဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မနက်ခင်းမှာ ရံဖန်ရံခါလောက် ပန်းသီးဖျော်ရည်တစ်ခွက်လောက် သောက်ပေးပါ။
သံပုရာရည် – ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ၊ ဗီတာမင် C တို့ကြွယ်ဝတဲ့ သံပုရာရည်ကလည်း အူမကြီးကို ထိထိရောက်ရောက်သန့်စင်ပေးနိုင်မှာပါ။ မနက်အိပ်ရာထတဲ့အချိန်မှာ ရေနွေးနွေးလေးထဲကို သံပုရာသီးတစ်စိတ်စာညှစ်ထည့်ပြီး သောက်ပေးလို့လည်း ရပါတယ်။
ဟင်းသီးဟင်းရွက်ဖျော်ရည် – မုန်လာဥနီ၊ ကိုက်လန်၊ မြင်းခွာရွက် တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေကို ဖျော်သောက်ပေးမယ်ဆိုရင်လည်း အူမကြီးကိုသန့်စင်ပေးနိုင်မှာပါ။
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ – အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ရက်စ်ဘယ်ရီ၊ ပန်းသီး၊ သစ်တော်သီး၊ ပန်းဂေါ်ဖီစိမ်းတို့လိုမျိုး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကလည်း အူမကြီးသန့်စင်စေဖို့ အထောက်အကူပြုပေးပါတယ်။
ဒိန်ချဉ် – အူမကြီးကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အစားအစာတစ်ခုပါ။ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေမှုက အစာခြေစနစ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေပါတယ်။ အူမကြီးအတွင်းနံရံက ဆဲလ်တွေကို ကြီးထွားဖွံ့ဖြိုးစေနိုင်တဲ့ ကယ်လ်ဆီယမ်ပါဝင်နေပြီး အူမကြီးကို သန့်စင်ကျန်းမာစေနိုင်ပါတယ်။
ရှားစောင်းလက်ပပ် – အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် အူမကြီးကို အကောင်းဆုံးသန့်စင်ပေးနိုင်မှာပါ။ ခေါင်းကိုက်တာ၊ အရေပြားပြဿနာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာနဲ့ အစာအိမ်နာတာတွေအတွက်လည်း ရှားစောင်းလက်ပပ်က ဆေးဖက်ဝင်ပါတယ်။ ရှားစောင်းလက်ပပ်ကို သံပုရာရည်နဲ့ရောပြီးသောက်ပေးလို့ရပါတယ်။
ချင်း (ဂျင်း) –လေပွတာကို သက်သာစေပြီး အူမကြီးကိုအကောင်းဆုံးလုပ်ဆောင်နိုင်အောင် အထောက်အကူပြုပေးပါတယ်။ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို စွန့်ထုတ်နိုင်စေဖို့ လုပ်ဆာင်ပေးသလို အစာခြေရည်တွေ ထွက်လာအောင်လည်း လှုံ့ဆော်ပေးပါတယ်။ ချင်းသတ္တုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးတစ်ခွက်စာနဲ့ရောပြီး တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိသောက်ပေးပါ။
ဒီလို ထိရောက်လွယ်ကူတဲ့ နည်းလမ်းတွေကို သုံးပြီးအစာခြေစနစ်ကျန်းမာအောင်ဂရုစိုက်ပြီး ခန္ဓာကိုယ်ကျန်းမာစေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အူမကြီးကိုသန့်စင်ပေးလို့ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါ…….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။