ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

မိုးလေးအေးလာရင် ပတ်ဝန်းကျင်လေးစိမ်းလန်းလာလို့ စိတ်ချမ်းသာရတာ ကိုယ်တွေတင်မဟုတ်ပါဘူး။ ကိုယ်တွေကို နာဖျားအောင်လုပ်မယ့် တုပ်ကွေးပိုးလေးတွေရောပါ။ တုပ်ကွေးဖြစ်ရင် တစ်ကိုယ်လုံးကကိုက်ခဲ၊ အဖျားကတက်၊ ပါးစပ်ကပျက်နဲ့ခံစားရတော်တော်ခက်တယ်။ ဒီကြားထဲက ကိုယ်ကအိမ်ရဲ့ တုပ်ကွေးဖြန့်ချိသူများဖြစ်ခဲ့ရင် စိတ်ထဲမှာစိတ်မကောင်းတောင်ဖြစ်မိသေးတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ကာကွယ်တာပါ။

ကာကွယ်ခြင်း ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားကလည်းရှိသေးတာကိုး။ ဒီတော့ ရာသီတုပ်ကွေးကို ဘယ်လိုများကာကွယ်ကြမလဲ။ လွယ်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပေါ့။ ကာကွယ်ဆေးထိုးလို့သာပြောတယ် ဘာမှသေသေချာချာမသိဘဲ မထိုးနိုင်ပါဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေရှိနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေတွေကို ထုတ်ပေးမှာပါ။

ဘယ်သူတွေက ကာကွယ်ဆေးအထိုးသင့်ဆုံးလဲ…….

အခုပြောပြမယ့်သူတွေက ကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်တာပါ။

ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးခင် ဘာတွေသိထားဖို့လိုမလဲ………

တုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင် သိချင်နေမယ့် အချက်လေးတွေများနေနိုင်ပါတယ်။ ဒီတော့ သိချင်နေတဲ့အကြောင်းအရာတွေရဲ့ အဖြေလေးတွေကို ဒီမှာကြည့်လိုက်ပါ။

ဘယ်အရွယ်က စပြီး ကာကွယ်ဆေးထိုးလို့ရလဲ…….

ရာသီတုပ်ကွေးကာကွယ်ဆေးကို ကလေးတွေထိုးထားဖို့လိုမယ်ဆိုပေမယ့်ဘေဘီလေးက ၆ လကျော်ပြီးမှသာ တုပ်ကွေးကာကွယ်ဆေးထိုးလို့ရမှာပါ။

ကာကွယ်ဆေးက အသက်အရွယ်အားလုံး တစ်မျိုးတည်းထိုးရတာလား…..

ကာကွယ်ဆေးက အသက်အရွယ်အလိုက်ထိုးနှံရတဲ့ ကာကွယ်ဆေးအမျိုးအစားကာကွယ်ဆေးအမျိုးအစား ကွာခြားတာကြောင့် အသက်အရွယ်အပိုင်းအခြားနဲ့ သင့်တော်မယ့် ကာကွယ်ဆေးကိုထိုးဖို့လိုပါမယ်။

ဓါတ်မတည့်တာမျိုးဖြစ်နိုင်လား…….

တုပ်ကွေးကာကွယ်ဆေးကဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့ ဥအမျိုးမျိုးနဲ့ ဓါတ်မတည့်တာမျိုးရှိမယ်၊ ကာကွယ်ဆေးနဲ့ ဓါတ်မတည့်တာမျိုးဖြစ်ဖူးမယ်ဆိုရင် ကာကွယ်ဆေးမထိုးခင်မှာ ဆရာဝန်နဲ့သေချာလေးတိုင်ပင်သင့်ပါတယ်။

တစ်ခါထိုးထားရုံနဲ့ လုံလောက်လား……..

ကာကွယ်ဆေးက တစ်နှစ်ကိုတစ်ကြိမ်ထိုးဖို့လိုပါမယ်။

တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်နိုင်လား……

တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်သလို လက္ခဏာတွေခံစားရနိုင်ပေမယ့် တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးတော့မဖြစ်နိုင်ပါဘူး။

တုပ်ကွေးကာကွယ်ဆေးကြောင့် ခန္ဓါကိုယ်မှာ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ………

တုပ်ကွေးကာကွယ်ဆေး ခန္ဓါကိုယ်ထဲမှာ ဓါတ်ပြုတဲ့အခါ ကာကွယ်ဆေးထိုးပြီး တစ်ရက် နှစ်ရက်လောက်အတွင်း ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ အဖျားတက်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ကာကွယ်ဆေးထိုးထိုးပြီးခြင်း အာနိသင်ရှိလား………
ကာကွယ်ဆေးက ထိုးပြီးပြီးချင်းမှာ အာနိသင်မပြပါဘူး။ ကာကွယ်ဆေးထိုးပြီးလို့ သီတင်းပတ် ၂ ပတ်ကြာမှ အာနိသင်က စပြတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးချိန်ကနေ ၂ ပတ်အတွင်းမှာ တုပ်ကွေး ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ၂ ပတ်အတွင်းမှာ တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ဖို့လိုပါမယ်။

ကာကွယ်ဆေးကြောင့်ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ……..

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးဓါတ်ပြုမှုကြောင့် ခန္ဓါကိုယ်မှာ အခုလိုဘေးထွက်ဆိုးကျိုးလေးတွေရှိနိုင်ပါတယ်။

  • အဖျားငွေ့ငွေ့လေးရှိမယ်
  • ဆေးထိုးထားတဲ့နေရာက နာနေမယ်
  • အားကုန်နေသလိုဖြစ်နေမယ်
  • ရောင်ရမ်းမယ်
  • အသက်ရှုရခက်မယ်
  • ထုံကျဉ်မယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ကာကွယ်ဆေးမထိုးသင့်ဘူးလဲ………

ကာကွယ်ဆေးက လူတိုင်းနဲ့ သင့်တော်မဟုတ်သလို အချိန်တိုင်းထိုးလို့ရတာမျိုးလည်းမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေမှာဆိုရင် ကာကွယ်ဆေးမထိုးသင့်ပါဘူး။

  • အဖျားရှိနေမယ်
  • အပြင်းဖျားနေမယ်
  • ကာကွယ်ဆေးနဲ့ဓါတ်မတည့်ဖြစ်ဖူးမယ်
  • အသက် ၆ လအောက်ငယ်နေမယ်ဆိုရင် တုပ်ကွေးကာကွယ်ဆေးမထိုးသင့်ပါဘူး။

ကာကွယ်ဆေးမထိုးဘဲ တုပ်ကွေးကာကွယ်လို့ရလား…….

ဆေးထိုးအပ်ကိုလည်းကြောက်တယ်။ တုပ်ကွေးလည်း မဖြစ်ချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။

  • လက်ကို မကြာခဏရေနဲ့ ဆပ်ပြာသုံးပြီး သန့်စင်နေအောင်ဆေးကြောပေးပါ
  • အယ်လ်ကိုဟောပါတဲ့ရေမလိုလက်သန့်ဆေးရည်သုံးပေးပါ
  • မျက်လုံး၊ နှာခေါင်းနဲ့ပါးစပ်တွေကို ခဏခဏ ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့
  • လူများတဲ့နေရာတွေကိုရှောင်ပါ
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
  • အစားမှန်မှန်စားပါ
  • အိပ်ရေးဝအောင်အိပ်ပါ
  • ရေများများသောက်ပါ
  • စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပန်ခရိယ (သို့မဟုတ်) မုန့်ချိုအိတ် ရောင်ရမ်းခြင်းအကြောင်း

ပန်ခရိယ ရောဂါဝေဒနာတွေ သွေးတွင်းသကြားဓာတ် လက္ခဏာတွေ အရက်အလွန်အကျွံသောက်ခြင်း အဖျော်ယမကာများ ဆေးလိပ်ဖြတ်ခြင်း အမျှင်ဓာတ် နို့ထွက်ပစ္စည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ဆိုဒီယမ် (ဆား) ကို လျှော့စားလွန်းရင် ဘာတွေဖြစ်တတ်လဲ

ဆိုဒီယမ် ဆား အင်ဆူလင်မတိုးခြင်း သွေးတွင်းဆိုဒီယမ်ဓာတ် နည်းပါးခြင်း ဆီးချို လက္ခဏာတွေ ဆေးဝါးများ LDL ကိုလက်စထရော နှလုံး ချွေးထွက်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ကျောက်ကပ် ကျောက်ကပ်ရောဂါ ကျောက်ကပ်ကျန်းမာရေး ဂရုစိုက်ခြင်း အပြုအမူ ဆောင်ရန်ရှောင်ရန် ကျောက်ကပ်ထိခိုက်ခြင်း အရက် ဆေးဝါး ရေ အစားအသောက် ရောဂါအခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ကိုဗစ် လေ့ကျင့်ခန်း ကိုယ်ခံအား ရောဂါဖြစ်ပွားမှုနှုန်း အန္တရာယ်ကင်းကင်း ကျန်းမာရေးပြဿနာ Mask နှာခေါင်း မျက်နှာကို လက်နဲ့ မထိပါနဲ့ တံခါးလက်ကိုင်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကို ကလိထိုးသင့်ရဲ့လား............

ကလေးကို ကလိထိုးသင့်ရဲ့လား…………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 3, 2020
ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 3, 2020
အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့။

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020
ကိုဗစ်ကြောင့် အိပ်မပျော်ဖြစ်နေသလား

ကိုဗစ်ကြောင့် အိပ်မပျော်ဖြစ်နေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020