ဟတ်ချိုး ဟတ်ချိုးနဲ့ နှာချေသံထွက်လာပြီး နှာရည်ပါကျလာပြီ၊ နေလို့မကောင်းတော့ဘူးဆိုရင် ဖျားတော့မယ်လို့ သိကြတယ်။ ရာသီကြောင့်အအေးမိဝေဒနာဖြစ်တာလား၊ တုပ်ကွေးဖြစ်တော့မှာလား စိုးရိမ်ရပါပြီ။
သာမန်အအေးမိဝေဒနာပဲဖြစ်ဖြစ် တုပ်ကွေးပဲဖြစ်ဖြစ် နှာစေး၊နှာပိတ်၊လည်ချောင်းနာ၊ချောင်းဆိုး၊ ကိုယ်ပူ စတဲ့လက္ခဏာတွေထဲမှာ လည်ချောင်းနာက ခံရအခက်ဆုံးပါ။ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းလို့ဆေးပညာအရခေါ်ကြတဲ့ အအေးမိဝေဒနာမှာရောဂါပိုးတွေက ပုံမှန်အားဖြင့် လည်ချောင်းနဲ့ခံတွင်းမှာ ရှိနေတတ်ပါတယ်။
ဒီဝေဒနာတွေ စပြီး ခံစားလာရတဲ့အခါ ဒါမှမဟုတ် ဖြစ်ဖို့ အစပျိုးနေပြီလို့ ခံစားရရင် နာမကျန်းတဲ့ အဆင့်မရောက်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။ ကိုယ့်အတွက်တင်မကဘဲ ကိုယ့်မိသားစု၊ ကိုယ့်သားသမီး၊ ကိုယ်ချစ်ခင်ရသူတွေမှာ ဘယ်လိုဂရုစိုက်ပေးနိုင်မလဲ။ ကြိုတင်ကာကွယ်နိုင်တဲ့ အလွယ်ဆုံးနည်းက အားရှိအောင်ကျွေး၊ အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးရမှာပါ။
ဒါပေမယ့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်လာရတဲ့ ဒီဝေဒနာတွေအတွက်က ဒီလောက်နဲ့မလုံလောက်ပါဘူး။ ပဋိဇီဝဆေးတွေ သုံးစရာမလိုဘဲ ကြိုတင်ကာကွယ်ပေးမယ့်၊ ဖြစ်လာခဲ့ရင်တောင် ဝေဒနာသက်သာအောင် ကူညီပေးမယ့်အရာတစ်ခုရှိတယ်။ အဲဒါကတော့ ခံတွင်းသန့်ဆေးရည်ပါ။
ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးရင် ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးနိုင်ပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါလိမ့်မယ်။ ရောဂါပိုးတွေသေစေနိုင်တဲ့ ခံတွင်းသန့်ဆေးရည်နဲ့ဆို လည်ချောင်းနာတာလိုမျိုး အအေးမိလက္ခဏာဝေဒနာတွေကို သက်သာစေပြီး ဝေဒနာခံစားရတဲ့ရက်တွေကို တိုစေနိုင်ပါတယ်။
လည်ချောင်းထဲက ပိုးမွှားတွေ၊ဗိုင်းရပ်စ်တွေကို ရှင်းလင်းပေးတဲ့ ခံတွင်းသန့်ဆေးရည်က အအေးမိဝေဒနာတွေကိုသက်သာစေရုံမက ထပ်ပြီးဖြစ်မလာအောင်လည်းတားဆီးပေးတဲ့အတွက် ကြိုတင်ကာကွယ်ဖို့လည်း သုံးလို့ရပါတယ်။ စစချင်း လည်ချောင်းယားတာ၊ လည်ချောင်းစပ်တာစတဲ့ လက္ခဏာတွေကတည်းက ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးရင် ဝေဒနာတချို့တစ်ဝက် သက်သာစေနိုင်ပါတယ်။ စက္ကန့် ၃၀လောက်ပဲအချိန်ပေးပြီး ပလုပ်ကျင်းလိုက်ရုံနဲ့ လွယ်ကူထိရောက်တဲ့ ကာကွယ်မှုကို ရရှိနိုင်ပါတယ်။
အများအားဖြင့် ခံတွင်းသန့်ဆေးရည်ရဲ့ အကျိုးကျေးဇူးတွေကတော့ –
နေမကောင်းဖြစ်နေချိန် အထူးသဖြင့် အအေးမိတုပ်ကွေးရောဂါလက္ခဏာတွေ ခံစားနေရချိန်မှာ နှာစေး၊ချောင်းဆိုးဖြစ်နေမှာပဲဆိုတော့ လည်ချောင်းထဲက၊ ခံတွင်းထဲက ကပ်ကျန်နေတဲ့ ချွဲသလိပ်အစအနတွေကို ခံတွင်းသန့်ဆေးရည်နဲ့ ဆေးကြောရှင်းထုတ်နိုင်ပါတယ်။ နောက်ထပ်ထိရောက်တဲ့ အကျိုးကျေးဇူးကတော့ အအေးမိလက္ခဏာတွေကို ကြိုတင်ကာကွယ်နိုင်ပြီး ဖြစ်လာခဲ့ရင်လည်း အချိန်တိုတိုနဲ့အမြန်သက်သာစေတာပါပဲ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။