သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါအတွက် စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 2 mins read
Share now

သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဖော်လစ်အက်စစ်နဲ့ ဗီတာမင်B12 ချို့တဲ့ခြင်းတို့လဲ အပါအဝင်ပါပဲ။ သွေးအားနည်းရောဂါရဲ့ ဆိုလိုရင်းကတော့

သာမန်ထက် သွေးနီ်ဥအရည်အတွက် နည်းခြင်း။ ဒါမှမဟုတ်

သွေးနီဥတစ်ခုချင်းစီမှာ ဟီမိုဂလိုဗင် နဂိုရှိသင့်တာထက်နည်းနေခြင်း။ ဖြစ်ပါတယ်။

ဘယ်ဆိုလိုရင်းပဲဖြစ်ဖြစ် သွေးထဲမှာ အောက်စီဂျင်နည်းသွားတာပါပဲ။ ထိုသို့ဖြစ်ခြင်းက ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ရှုတ်ခြင်း၊ သတိလစ်ခြင်းနဲ့ အသက်ရှုမဝခြင်းလိုမျိုး လက္ခဏာတွေ ရရှိလာစေပါတယ်။ သွေးအားနည်းရောဂါရဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး အခြားရောဂါလက္ခဏာတွေလည်း ရှိလာနိုင်ပါတယ်။

သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါဆိုတာဘာလဲ။

သံဓါတ်လုံလောက်စွာ ပါဝင်သော အစားအစာတွေကို မစားသုံးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အစားအသောက်ချို့တဲ့သော်လည်း သံဓါတ်လုံလောက်တယ်ဆိုရုံမျှရရှိနေကြသော လူအချို့မှာ အခြားအချက်တွေပါရောထွေးလာရင် သွေးအားနည်းရောဂါရရှိလာမှာပါ။ ဥပမာတွေကတော့ ကလေးတွေ ကြီးကောင်ဝင်လာခြင်းနဲ့ မိန်းမတွေမှာကိုယ်ဝန်ဆောင်ခြင်း၊ ရာသီအများအပြားလာခြင်းတို့ပဲဖြစ်ပါတယ်။ သတ်သတ်လွတ်သမားအချို့ရဲ့ စားသောက်မှုပုံစံမှာလည်း သံဓါတ်လုံလောက်စွာ မပါဝင်တတ်ကြပါဘူး။

သံဓါတ်ရဲ့ အရေးကြီးမှုတွေက ဘာလဲ။

အဓိကလုပ်ငန်းဆောင်တာကတော့ ခန္ဓါကိုယ်အနှံ့အောက်စီဂျင်ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ အဆုတ်ကနေ ခန္ဓါကိုယ်တစ်လျောက်ကိုပို့ဆောင်ပေးတဲ့ ဟီမိုဂလိုဗင်ဒြပ်ပေါင်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အဓိကသံဓါတ်သိုလှောင်ပေးတဲ့နေရာတွေက အသည်းနဲ့ ကြွက်သားတွေပါ။

အစားအစာတော်တော်များများမှာတွေ့ရပြီး Heme သံဓါတ်နဲ့ Heme မဟုတ်သော သံဓါတ်ဆိုပြီး ၂မျိုးရှိပါတယ်။ Heme အမျိုးအစားကိုတော့ ခန္ဓါကိုယ်က အလွယ်အတူစုပ်ယူနိုင်ပြီး အသားငါးတွေမှာ တွေ့ရပါတယ်။ Heme မဟုတ်သော အမျိုးအစားကိုတော့ ပဲနဲ့ အစိမ်းရောင်ရှိသော အသီးအရွက်တွေမှာ အဓိက တွေ့ရမှာပါ။ ပေါင်မုန့်၊ ကွေကာအုပ်နဲ့ ဂျုံတို့မှာလည်း ထပ်မံဖြည့်စွက်ထားပါသေးတယ်။

ဘာလုပ်သင့်သလဲ။

ခန္ဓါကိုယ်ထဲမှာ သံဓါတ်မျှမျှတတရှိနေစေဖို့ ဆုံရှုံးသွားတဲ့သံဓါတ်နဲ့ ရရှိတဲသံဓါတ်ဟာ မျှခြေမှာရှိနေဖို့လိုအပ်ပါတယ်။ မစင်၊ ဆီး၊ အရေပြား၊ ချွေး၊ အမွှေးအမျှင်နဲ့ ခြေသည်းလက်သည်းတို့မှ သံဓါတ်ကို ဆုံးရှုံးလျက်ရှိပါတယ်။ မိန်းတွေမှာဆို ရာသီလာတဲ့အချိန်မှာပါ ဆုံးရှုံးနေတာကြောင့် သံဓါတ်ပိုလိုအပ်တတ်ကြပါတယ်။ ရေရှည်သံဓါတ် ပြည့်ဝနေစေဖို့ စားသောက်မှုပုံစံကနေ ရရှိနေဖို့လိုပါတယ်။ ဒါပေမယ့်လည်း ခန္ဓါကိုယ်က စုပ်ယူလိုက်တဲ့ သံဓါတ်ပမာဏဟာ နေ့စဉ်လိုအပ်တဲ့ပမာဏကို မပြည့်မှီတာကြောင့် ခန္ဓါကိုယ်က သိုလှောင်ပြီး ပြန်လည်အသုံးပြုရပါတယ်။

သံဓါတ်အလုံအလောက်မရရှိကြဘူးဆိုရင် ခန္ဓါကိုယ်အတွင်းမှ သံဓါတ်ပမာဏဟာ တဖြည်းဖြည်းကျဆင်းလာပါလိမ့်မယ်။ သိုလှောင်ထားတဲ့ဟာတွေပါ အသုံးပြုလိုက်ရမှာပါ။ အဲ့လိုဆက်ဖြစ်နေမယ်ဆိုရင် သံဓါတ်ကုန်ခန်းသွားပြီး သွေးအားနည်းရောဂါဖြစ်လာပါလိမ့်မယ်။

သံဓါတ်ရရှိနိုင်မည့် အစားအစာများ

သံဓါတ်လိုအပ်ချက်ဟာ အသက်အရွယ်နဲ့ လိင်ပေါ်မှာ မူတည်ပါတယ်။ အကောင်းဆုံးရင်းမြစ်ကတော့ အသား အထူးသဖြင့် အနီရောင်ရှိသော အသားတွေပါ။ ဒါပေမယ့်လည်း သံဓါတ်ကို တိရိစ္ဆာန်မဟုတ်သော အခြားအရာတွေထံမှလည်း ရရှိနိုင်ပါတယ်။ အောက်ပါတို့က သံဓါတ်ရရှိနိုင်မယ့် အစားအစာတွေပါ။

  • အနီရောင်အသားနဲ့ ကလီစာများ။ ဥပမာ အမဲသား၊ သိုးသား၊ ဝက်သား၊ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ ဝက်အူချောင်း (သတိပြုရန်။ ကိုယ်ဝန်ဆောင်များ အသည်းကို ရှောင်ရှားသင့်သည်။)
  • ငါးနဲ့ အခွံမာကောင်များ။ ဥပမာ ဆာဒင်းငါး၊ ပေးလ်ချက်ငါး၊ ဂဏန်း၊ ငါးပါးနီ၊ ပုစွန်ဆိတ်၊ ယောက်သွားကောင်
  • ဥများ
  • ဆီရီယယ်နှင့် ဆီရီယယ်ထုတ်ပစ္စည်းများ။ ဥပမာ ပေါင်မုန့်၊ ပြောင်းဖူးမုန့်၊ ဖွဲနုမုန့်၊ ကိတ်မုန့်၊ ဆန်ဘီစကွတ်
  • အခွံမာသီးနှင့်အစိများ။ ဥပမာ သစ်အယ်သီး၊ သြစတြေးလီးယဲန်အခွံမာသီး၊ မြေပဲ၊ ပန်းညိုရောင်ရှိသော သစ်စေ့(ပီခန်သစ်စေ့)၊ သစ်ကြားသီး၊ နှမ်းစေ့၊ နေကြာစေ့နဲ ထင်းရှုးစေ့
  • အစိမ်းရောင်ရှိသောအသီးအရွက်များ။ ဥပမာ ပန်းမုန်လာ၊ ဟင်းနုနွယ်၊ ရေမုန့်ညှင်း၊ ကိုက်လန်
  • ပဲများ။ ဥပမာ ပဲပြုတ်၊ ပဲလုံး၊ ပဲနီကလေး၊ ကုလားပဲ၊ ပဲနက်၊ ဗိုလ်စားပဲ
  • သစ်သီးခြောက်များ။ ဥပမာ စပျစ်သီးခြောက်၊ တရုတ်ဆီးသီးခြောက်၊ ဆီးသီးခြောက်၊ ဘယ်ရီသီးခြောက်၊ သဖန်းသီးခြောက်
  • အခြားအရာများ။ ဥပမာ ချောကလက်နက်၊ ကိုးကိုးမှုန့်၊ သရက်သီးချတ္တနီး၊ ချယ်ရီရည်၊ ဂျင်းဘီစကွတ်၊ ပိတ်စတရွီမုန့်၊ ဟင်းမွှေးမဆလာ
  • Heme သံဓါတ်အနည်းငယ်ကို တောကောင်အသားနဲ့ ဝက်သားတွေမှာတွေ့ရနိုင်ပါတယ်။ ဥပမာ ရစ်ငှက်၊ သမင်၊ ယုန်၊ ကြက်နဲ့ ကြက်ဆင်

အကောင်းဆုံးအကြံပေးချက်များ

  • သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဗီတာမင်စီနဲ့ တွဲစားပေးတာက အလွယ်စုပ်ယူပေးဖို့ အားပေးပါတယ်။ မနက်စာ၊နေ့လည်စာနဲ့ ညစာတို့ကို အသီးအရွက်များများနဲ့ ဒါမှမဟုတ် လိမ္မော်ရည်ဖြင့် သုံးဆောင်သင့်ပါတယ်။
  • မနက်စာ၊ နေ့လည်စာ၊ ညစာတွေမှာ အသားဟင်းထည့်စားပေးတာက အသားမဟုတ်တဲ့အစားအစာတွေကနေ သံဓါတ်စုပ်ယူနိုင်မှုကို အားပေးနိုင်မှာပါ။
  • မနက်စာ၊ နေ့လည်စာ၊ ညစာတွေနဲ့ လက်ဖက်ရည်တွဲသောက်ခြင်းကို ရှောင်ကျဉ်ပါ။ ဘာကြောင့်လဲဆိုတာ သံဓါတ်စုပ်ယူမှုကို လျော့နည်းစေလို့ပါ။ ဂျုံကြမ်းတွေကလည်း သံဓါတ်စုပ်ယူမှုကို နှောင့်ယှက်တာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သတ်သတ်လွတ်သမားတွေမှာ သွေးအားနည်းရောဂါဖြစ်နိုင်ခြေများပါတယ်

သားငါးမစားသုံးခြင်းက သွေးအားနည်ရောဂါဖြစ်နိုင်ခြေများစေပါတယ်။ သတင်းကောင်းကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Phyo Wai Yan

သင့်အတွက် ရွေးချယ်ထားသည်

သွေးလည်ပတ်မှုကောင်းစေမယ့် နည်းလမ်း (၆) သွယ်

သွေးလည်ပတ်မှုကောင်းစေမယ့် နည်းလမ်း (၅) သွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 18, 2019 . 2 mins read
သံဓါတ်လွန်ကဲရင် အရေပြားပိုးဝင်တာတွေ ပိုဖြစ်လွယ်နိုင်

သံဓါတ်လွန်ကဲရင် အရေပြားပိုးဝင်တာတွေ ပိုဖြစ်လွယ်နိုင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2019 . 1 min read

သံဓါတ်ချို့တဲ့ရင် ကိုယ်ခန္ဓါက ဘာတွေပြောင်းလဲသွားမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 21, 2019 . 2 mins read
ကလေးကို သံဓါတ်မချို့တဲ့စေဖို့ ဂရုစိုက်ကာကွယ်ခြင်း

ကလေးကို သံဓါတ်မချို့တဲ့စေဖို့ ဂရုစိုက်ကာကွယ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 31, 2018 . 2 mins read