Otoplasty In Adults (လူကြီးများတွင် နားပြုပြင်ခွဲစိတ်မှု)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 6, 2017 . 2 mins read
Share now

Otoplasty (နားရွက်ပြုပြင် ခွဲစိတ်ခြင်း)ဆိုတာဘာလဲ ။

Otoplasty ဆိုတာကသင့်နားရွက်တွေရဲ့ပုံပန်းသွင်ပြင်ကိုလှပလာအောင်ပြုပြင်ပေးတဲ့ခွဲစိတ်မှုတစ်ခုပါ။ ရည်ရွယ်ချက်ကတော့သင့်ရဲ့ပုံပန်းသွင်ပြင်ကိုသင်စိတ်ကျေနပ်မှုရှိစေပြီးယုံကြည်မှုပိုရှိလာစေဖို့ပါ။ သင့်အနေနဲ့ရွေးချယ်စရာတွေနဲ့လက်တွေ့ကျတဲ့မျှော်လင့်ချက်တွေကို သေချာစဉ်းစားသင့်ပါတယ်။

Otoplasty ကိုဘာကြောင့်လုပ်လဲ။

သင့်အနေနဲ့သင့်နားရွက်နဲ့ပတ်သက်ပြီးအစနောက်ခံနေရရင်၊သင့်နားရွက်တွေ ပုံဆိုးပန်းဆိုးဖြစ်နေရင်နားရွက်ပြုပြင်ခွဲစိတ်မှုကသင့်ကိုစိတ်ကျေနပ်စေမှာပါ။

Otoplasty ရဲ့ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ ။

အရွယ်ရောက်ပြီးတဲ့ Otoplasty လုပ်မယ့်သူတွေသိထားရမှာကဖွံ့ဖြိုးပြီးသားနားရွက်မှာရှိတဲ့အရိုးနုတွေကကလေးငယ်တွေနားရွက်လိုမျိုးပျော့ပျောင်းမှုမရှိတော့ဘူးဆိုတာပါဘဲ။

တခြားကုသလို့ရတဲ့နည်းတွေရှိလား။

အရွယ်ရောက်ပြီးသူတွေအတွက်ကခွဲစိတ်တာကသာနားရွက်ပုံစံပြောင်းပေးနိုင်မှာပါ။

သင့်အနေနဲ့ဒီခွဲစိတ်မှုရဲ့ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေရှုပ်ထွေးမှုတွေကိုနားလည်ထားဖို့လိုပါတယ်။ အသေးစိတ်ကိုတော့သင့်ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးပါ။

Otoplasty အတွက်ဘယ်လိုပြင်ဆင်ရမလဲ ။

ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်မှာဖြစ်ပါတယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်ကပြင်ဆင်ရမှာတွေကို ပြောပြပါမယ်။ သင့်အနေနဲ့ဘာဆေးတွေသောက်နေလဲပြောပြဖို့အရေးကြီးပါတယ်အထူးသဖြင့် သွေးကျဲဆေးတွေပါ။

ခွဲစိတ်မှုမစခင် ခြောက်နာရီအလိုမှာသင်ဘာမှမစားမသောက်ရတော့ပါဘူး။ သင့်မေ့ဆေးဆရာဝန်စကားကိုနားထောင်ဖို့အရေးကြီးပါတယ်။ မေ့ဆေးမပေးခင်၂၄နာရီအလိုမှာသင်အရက်သောက်ထားလ့ ိုမဖြစ်ပါဘူး။

Otoplasty လုပ်နေစဉ်ဘာတွေဖြစ်သလဲ ။

ခွဲစိတ်မှုကတစ်နာရီလောက်ကြာပါတယ်။ ခွဲစိတ်ဆရာဝန်ကသင့်နားရွက်အနောက်မှာခွဲပြီးအရိုးနုဆီကအရေပြားတချို့ကိုဖယ်ထုတ်လိုက်ပါမယ်။ သူတို့ကသင့်နားရွက်ရဲ့အရိုးနုပုံစံကိုပြောင်းလဲပြီးနားရွက်ကိုပြုပြင်ပေးပါမယ်။ သင့်ခွဲစိတ်ဆရာဝန်ကနားရွက်ကိုပုံစံအသစ်မှာထိန်းထားနိုင်ဖို့နဲ့ အတွန့်အခေါက်ပုံဖော်ဖို့ အတွက်ချုပ်ရိုးတွေလုပ်ဖို့လိုပါတယ်။

သင့်ခွဲစိတ်ဆရာဝန်ကနားရွက်အရှေ့ဘက်ကိုခွဲပြီးအရေပြားကိုခွဲပါလိမ့်မယ်။ ဒါမှသာအရိုးနုကိုသေချာပုံသွင်းနိုင်မှာပါ။ ဒီနည်းလမ်းကအရိုးနုကိုဦးခေါင်းဘက်ကွေးညွှတ်စေပုံရပါတယ်။

ပြီးရင်ခွဲစိတ်ဆရာဝန်ကသင့်နားရွက်ကိုအထောက်အကူပြုဖို့အတွက်ဦးခေါင်းမှာပတ်တီးလိုမျိုးတစ်ခုခုစည်းပေးပါမယ်။

ခွဲစိတ်မှုပြီးတဲ့အခါသင်ဘာလုပ်ရမလဲ။

ခွဲစိတ်မှုပြီးတဲ့တစ်နေ့တည်းမှာဘဲသင်အိမ်ပြန်လို့ရပါပြီ။ အပတ်အနည်းငယ်တော့အနာရောင်ရမ်းတာကျတဲ့အချိန်တွေမှာအနားယူပြီးအင်အားသုံးရတဲ့လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။

ခေါင်းကပတ်တီးဖြေပြီးတဲ့အခါသင်အလုပ်ပြန်သွားနိုင်ပါပြီ။

ခွဲစိတ်ပြီးခြောက်ပတ်အကြာထိသင်အားကစားမလုပ်သင့်ပါဘူး။

Otoplasty ပြီးရင်ဘာဆက်ဖြစ်လဲ ။

နားရွက်ပြုပြင်ခွဲစိတ်မှုကစိတ်ချရတဲ့ခွဲစိတ်မှုပါ။

ဒါပေမယ့်လည်းတခြားခွဲစိတ်မှုတွေလိုဘဲသူ့မှာလည်းဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးတွေရှိပါတယ်။

  • ရောဂါပိုးဝင်ခြင်း- ဒါကပုံမှန်အားဖြင့်ပိုးသတ်ဆေးနဲ့ကုသလို့ရပါတယ်။ ထိခိုက်သွားတဲ့နေရာတစ်ဝိုက်ကိုတော့စုပ်ထုတ်ဖို့လိုပါမယ်။ ဒါဟာအနားတစ်ဝိုက်ကခွဲရာတွေကိုလည်း ရောဂါပိုးဝင်စေနိုင်တဲ့အတွက်ပါ။ နောက်ဆုံးနားရွက်လုံးဝပုံပျက်သွားတဲ့ထိဖြစ်နိုင်ပါတယ်။ ဒါကရှားပါတယ်။
  • နားရွက်အရိုးနုရောင်ခြင်း- ဒါက အရည်တွေ စုပ်ထုတ်ဖို့လိုအပ်ပါတယ်။
  • သွေးခဲခြင်း – ဒါကနားရွက်အရေပြားထဲမှာဖြစ်ပြီးနားရွက်ပုံပျက်တဲ့ထိဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ကဒါကိုအပ်အသုံးပြုပြီးဖယ်ရှားရပါလိမ့်မယ်။
  • နားရွက်နောက်အမာရွတ်ကျန်ခြင်း။
  • အရင်လိုပြန်ဖြစ်ခြင်း – ခွဲစိတ်သူ၅ရာခိုင်နှုန်းလောက်ကနားရွက်နဂိုပုံစံပြန်ဖြစ်သွားပါတယ်။
  • နားရွက်ပုံစံကိုစိတ်တိုင်းမကျခြင်း။
  • နားရွက်တစ်ဝိုက်ပွန်းပဲ့ရာတွေဖြစ်ခြင်း-ဒါကခွဲစိတ်ပြီး၂ပတ်လောက်ထိဖြစ်ပါတယ်။
  • နားရွက်ထုံခြင်း – ဒါကအပတ်အနည်းငယ်ကြာပြီးလနည်းငယ်ထိကြာတတ်ပါတယ်။
  • နားရွက်တောင့်တင်းခြင်း- ဒါကလည်းလအနည်းငယ်ထိကြာပြီးမှပြန်ပျော့ပြောင်းလာနိုင်ပါတယ်။
  • နားကိုက်ခြင်း – ဒါကညဘက်တွေပိုသိသာပြီးလအနည်းငယ်ကြာရင် ပျောက်သွားပါမယ်။

• ချုပ်ရိုးနဲ့ပတ်သက်ပြီးပြဿနာရှိခြင်း။ ဒါပေမဲ့ ချုပ်ရိုးတွေကို ဆေးခန်း၊ ဆေးရုံမှာတင် နာကျင်မှုမရှိလဲ လွယ်လွယ်ကူကူ ချုပ်ရိုးဖြည်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပင်လယ်စာနှင့် ဓာတ်မတည့်ခြင်း လက္ခဏာများ

နှုတ်ခမ်းပေါ်တွင် အဖုငယ်လေးများထွက်ခြင်း၊ ဝမ်းဗိုက် နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ချွဲသလိပ်ကပ်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်း၊ နား၊ လက်ချောင်းနှင့် လက်များ ယောင်ယမ်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

နားထဲရေဝင်တဲ့အခါ

ရေကူး ခေါင်းလျှော် နားထဲရေဝင်သွားတဲ့အခါ ပြည်ထွက်မယ် နားအူ နားကိုက် ချင်း (ဂျင်း) လက်ဖက်ရည်သောက်ပါ သွေးဖြူဥဆဲလ်တွေ နားစည် နား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

နှစ်ဆင့်ခံဆေးလိပ်ငွေ့ (Thirdhand Smoke)

နှစ်ဆင့်ခံဆေးလိပ်ငွေ့ thirdhandsmoke ဆေးလိပ် ပတ်ဝန်းကျင် အသက်ရှုလမ်းကြောင်း ကလေးငယ် မွေးကင်းစကလေး ကင်ဆာ DNA ပန်းနာရင်ကြပ် ဦးနှောက်အမြှေးရောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

လျှာကင်ဆာအကြောင်း တစေ့တစောင်း

ကင်ဆာ လျှာကင်ဆာ အရက် ဆေးလိပ် ဆေးရွက်ကြီး လည်ချောင်း အသက်အန္တရာယ် ကွမ်းစား ကင်ဆာကျိတ် ကင်ဆာဆဲလ် HPV CT Scan

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သမ်းပါ။ အားရပါးရ သမ်းလိုက်ပါ။

သမ်းပါ။ အားရပါးရ သမ်းလိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 14, 2020 . 2 mins read
ဆံပင် တွေ ကျွတ်လာတဲ့ မေမေတို့ သိထားသင့်တဲ့ အချက်လေးတွေ

ဆံပင် တွေ ကျွတ်လာတဲ့ မေမေတို့ သိထားသင့်တဲ့ အချက်လေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 11, 2020 . 2 mins read
ကလေးတွေကို နားသန့်ရှင်းပေးသင့်သလား

ကလေးတွေကို နား သန့်ရှင်းပေးသင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 28, 2020 . 2 mins read
COVID-19 ပိုးဟာ ရေထဲမှာ ရှင်သန်နိုင်ပြီလား

COVID-19 ပိုးဟာ ရေထဲမှာ ရှင်သန်နိုင်ပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 15, 2020 . 3 mins read