အရေပြားကျန်းမာရေးကို အချက်အတော်များများက သက်ရောက်မှု ရှိပါတယ်။ အသက်ကြီးခြင်း၊ နေထိခြင်း၊ ရာသီဥတု ဆိုးရွားခြင်း၊ အကျင့်ဆိုးများပဲဖြစ်ပါတယ်။ ရာသီဥတုနဲ့ အသက်ကြီးခြင်းကို ထိန်းချုပ်လို့ မရပေမယ့် သင်ပြောင်းလဲနိုင်တဲ့ အရာတွေရှိပါတယ်။
သင့်လူမှုနေထိုင်မှု ဘဝပုံစံ၊ အစားအသောက်၊ မျိုးရိုးဗီဇနဲ့ အခြား အကျင့်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေအကုန်လုံးက ဆဲလ်ပျက်စီးမှုကို ဖြစ်စေပြီး အရွယ်မတိုင်မီ အရေးအကြောင်းပေါ်ခြင်းနဲ့ အသက်ကြီးလို့ အစက်အပြောက်ဖြစ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။
အခြားအရေပြား အိုမင်းခြင်းကို ဖြစ်စေတဲ့အချက်တွေကတော့ စိတ်ဖိစီးခြင်း၊ ဆွဲငင်အား၊ နေ့စဉ် မျက်နှာလုပ်ရှားမှု၊ အဝလွန်ခြင်းနဲ့ အိပ်တဲ့ ပုံစံတွေပဲဖြစ်ပါတယ်။
အရေပြားအိုမင်းခြင်းဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတိုင်းကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုခေတ်မှာ ညစ်ညမ်းမှုတွေများလာတာကြောင့် အရေပြားအိုမင်းခြင်းဟာ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုမို လျင်မြန်စွာ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Skin Aging ရဲ့ အဓိကလက္ခဏာ သုံးမျိုးရှိပါတယ်။ တစ်ခုချင်းစီဟာ မျက်နှာရဲ့ ပုံစံကို မတူညီစွာ သက်ရောက်မှု ရှိကြပါတယ်။
အရေးအကြောင်းများ – ပထမဦးဆုံးနဲ့ အသိသာဆုံး လက္ခဏာကတော့ အရေးအကြောင်းပေါ်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ မျက်နှာ လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှပိုဆိုးလာပါတယ်။
အရေပြားလျော့လျဲခြင်း – အရေပြားလျော့လျဲခြင်း ဖြစ်နိုင်ပြီး လည်ပင်းနေရာဟာ မာကျောပြီး ခြောက်သွေ့ကာ အရေပြား စိုပြေတောက်ပမှု မရှိတော့ပါဘူး။
သိပ်သည်းမှု လျော့နည်းခြင်း – သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များပြီး အရေပြားပေါ်မှာ ဖြစ်တာဖြစ်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အရေပြားအိုမင်းခြင်းကို ဖြစ်စေတဲ့ အချက်များစွြ ရှီပါတယ်။ အချို့အချက်တွေကို မကာကွယ်နိုင်ပေမယ့် အချို့အချက်တွေကိုတော့ ဖြေရှင်းနိုင်ပါတယ်။
မပြောင်းလဲနိုင်တဲ့ အချက်တစ်ခုကတော့ အသက်ကြီးလာတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အရေပြားဟာ နုနယ်ပျိုမြစ်မှု ဆုံးရှုံးလာပြီး အရေပြားပါးကာ ပိုခြောက်လာတတ်ပါတယ်။ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။
ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါ မျိုးရိုးဗီဇက ကြီးမားစွာ ထိန်းချုပ်ပါတယ်။ ဒီလိုဖြစ်စဉ်ကို ဆေးပညာအရ intrinsic aging လို့ ခေါ်ပါတယ်။
ပတ်ဝန်းကျင်နဲ့ လူမှုဘဝနေထိုင်ပြောင်းလဲမှုတွေကို ပြုလုပ်ပြီး အချိန်မတိုင်မီ အသက်ကြီးခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒီလို အသက်ကြီးခြင်းကို ဆေးပညာအရ extrinsic aging လို့ ခေါ်ပါတယ်။ ကာကွယ်ခြင်းအားဖြင့် အရေပြားအိုမင်းခြင်းကို ဖြစ်စေတဲ့ အချက်တွေကို နှေးအောင် ပြုလုပ်နိုင်ပါတယ်။
Skin Aging ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
နေ – နေရောင်နဲ့ ထိတွေ့ခြင်းဟာ oxidative stress ကြောင့် အရေပြားအိုမင်းခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။
ညစ်ညမ်းခြင်း – မြို့ပြတွေမှာ ညစ်ညမ်းခြင်းဟာ အရေပြားကို ထိခိုက်စေတဲ့ free radicals တွေကို ထုတ်လုပ်ပါတယ်။
ဆေးလိပ်သောက်ခြင်း – ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းနဲ့ ဓါတုပစ္စည်းတွေဟာ အရေပြားမှာ free radicals တွေ ပိုထွက်စေနိုင်ပါတယ်။
ကျွမ်းကျင်သူတွေက အရေပြားမှာ နေလောင်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်း နဲ့ အခြားအသက်ကြီးခြင်းရဲ့ လက္ခဏာတွေကို ရှာဖွေနိုင်ပါတယ်။ အရေပြား အသက်ကြီးလာတာနဲ့ အမျှ အရေပြားကို ကျုံ့ဆန့်နိုင်စွမ်းနဲ့ တင်းတင်းရင်းရင်းရှိစေတဲ့ ပရိုတင်းတွေဖြစ်တဲ့ collagen နဲ့ elastin လျော့နည်းလာပါတယ်။
ဒါ့ပြင် အရေပြားကို ချော့မွေ့စေတဲ့ အဆီတွေဟာလည်း ပုံပျက်လာပါတယ်။ အရေပြား အထူးကု ဆရာဝန်တွေက ကျန်းမာရေး ရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ပြီး အသက်ကြီးခြင်းနဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။
စောစီးစွာ အရေပြားအိုမင်းခြင်းကိုကာကွယ်ဖို့ retinoids, vitamin C နဲ့ alpha hydroxy acids တွေဟာ လုံလောက်ပါတယ်။ အလယ်အလတ်ကနေ ပြင်းထန်တဲ့ နေလောင်ခြင်းတွေအတွက် ဓါတုပစ္စည်းတွေနဲ့ ချွတ်ခြင်း၊ dermabrasion နဲ့ လေဆာကုထုံးတွေက အသုံးဝင်ပါတယ်။
အရေးအကြောင်းဖြစ်ခြင်းကို hyaluronic acid injections, အဆီနဲ့ Gore-Tex implants ပါတဲ့ botulinum toxin သို့ fillers တွေနဲ့ ကုသနိုင်ပါတယ်။
အချို့သူတွေက ခွဲစိတ်ကုသမှုတွေဖြစ်တဲ့ မျက်နှာ မြှင့်တင်ခြင်း၊ မျက်ခုံးမြှင့်တင်ခြင်း၊ မျက်ခွံအလှအပဆိုင်ရာ ခွဲစိတ်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒီအချက်တွေကို ပြုလုပ်မလားဆိုတာနဲ့ ဘယ်လောက်အထိ လုပ်မလဲဆိုတာကတော့ သင့်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Skin Aging ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ကမ်းခြေမှာ နေ့တစ်နေ့ကို ကုန်ဆုံးသည်ဖြစ်စေါ် အလုပ်လုပ်နေသည်ဖြစ်စေ နေရောင်မှ ကာကွယ်ခြင်းက အရေးကြီးပါတယ်။ အရေပြားကို အရိပ်နေရာ ရှာဖွေခြင်း၊ အဝတ်တွေနဲ့ ဖုံးခြင်း၊ နေပူခံလိမ်းဆေး (SPF 30) လိမ်းခြင်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။
နေပူခံလိမ်းဆေးကို ကာကွယ်မထားတဲ့နေရာ အကုန်ကို လိမ်းပေးသင့်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။