backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Paraganglioma


Dr. Sandy Kyaw မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Paraganglioma ဆိုတာဘာလဲ။

Paraganglioma ဆိုတာ ရောဂါအခြေအနေတစ်ခုဖြစ်ပြီးခန္ဓါကိုယ်ရဲ့ ဘေးဘက်အာရုံကြောစနစ်မှာဖြစ်တဲ့ အကြိတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ Peripheral nervous system ဘေးဘက်အာရုံကြောစနစ်ကို sympathetic and parasympathetic ဆိုပြီးခွဲထားပါတယ်။ peripheral nervous system ရဲ့ လုပ်ငန်းဆောင်တာကတော့ ခန္ဓါကိုယ်ရဲ့ လုပ်ငန်းစဉ်မျိုးစုံကို ထိန်းချုပ်ခြင်းဖြစ်တဲ့ နှလုံးခုန်နှုန်း၊သွေးဖိအား၊ ဆီးသွားခြင်းဆိုင်ရာနှင့် အူလမ်းကြောင်းဆိုင်ရာများအားလုံးတို့ပါဝင်ပါတယ်။ Peripheral nervous system မှာဖြစ်တဲ့ paraganglioma ကြောင့် ခန္ဓါကိုယ်ရဲ့လုပ်ငန်းဆောင်တာများဖြစ်တဲ့ သွေးဖိအား၊ ဆီးသွားခြင်းဆိုင်ရာ၊ နှလုံးခုန်နှုန်း အစရှိသည်တို့ဟာပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ paraganglioma ဟာ Peripheral nervous systemရဲ့ မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပေမယ့် အဓိကတော့သူတို့ကို ဗိုက်ထဲမှာတွေ့ရတတ်ပြီးAdrenal glands နဲ့ဆက်စပ်နေတဲ့အကြိတ်များဖြစ်တဲ့ Phaeochromocytomaလို့ခေါ်တဲ့ ရောဂါအနေနဲ့ တွေ့ရပါတယ်။

Paraganglioma ဟာဘယ်လောက်ထိ အဖြစ်များသလဲ

အခြားသောအချက်အလက်များကို သိနိုင်ဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

ရောဂါလက္ခဏာများ

Paraganglioma ရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Paraganglioma ရဲ့အတွေ့ရများတဲ့ရောဂါလက္ခဏာတွေကတော့

-သွေးပေါင်ချိန် တောက်လျှောက်တက်နေခြင်း

-နှလုံးခုန်နှုန်းမြန်ခြင်း

-ခေါင်းတောက်လျှောက်ကိုက်ခြင်း

-မျက်နှာပူခြင်းနှင့်ချွေးထွက်ခြင်း

-အလွန်အမင်း စိုးရိမ်ပူပန်ခြင်းနှင့်ကြောက်လန့်တတ်ခြင်း။

သိပ်ပြီး အတွေ့ရမများတဲ့လက္ခဏာတွေကတော့

-အသားအရည်ဖြူဖျော့နေခြင်း

-အမြင်ဝါးခြင်း

-ဝိတ်မချပဲ ကျသွားခြင်း

-ဝမ်းချုပ်ခြင်း

-ဗိုက်နာခြင်း

-အချိုဓါတ်များနေခြင်း

-စိတ်ကျန်းမာရေးဆိုင်ရာပြသနာများဖြစ်ခြင်း

အပေါ် မှာမပြောပြထားတဲ့ အခြားသော လက္ခဏာတွေရှိနေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး စိတ်ပူတာတွေရှိနေသေးပါက သင့်ဆရာဝန်ကိုတိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

ဖြစ်စေသောအကြောင်းအရင်းများ။

ဘာတွေကParagangliomaဖြစ်ပွားစေသလဲ။

တစ်ချို့သော အခြေအနေတွေမှာ paragangliomas ရဲ့ပထမအကြောင်းအရင်းခံဟာ တစ်ခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ထိခိုက်စေတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါတွေနဲ့တွဲတတ်ပါတယ်။ တကယ်လို့ ဒီရောဂါက syndromeတွေနဲ့ တွဲပြီးမတွဲရဘူးဆိုပါက nonsyndromic paragangliomasလို့ ခေါ်ပါတယ်။ မျိုးရိုးဗီဇ မှားယွင်းပြောင်းလဲခြင်းဟာ syndromic ကော nonsyndromic paragangliomas နှစ်ခုလုံးမှာတွေ့နိုင်ပါတယ်။ Syndromic ကော nonsyndromic paraganglioma နှစ်ခုလုံးဟာ မျိုးဗီဇများဖြစ်တဲ့ VHL, RET, SDHA, SDHB and SDHD တို့မူမမှန်စွာပြောင်းလဲမှုကြောင့်ရပါတယ်။ Nonsyndromic paragangliomas မှာ ပါဝင်တဲ့ မျိုးရိုးဗီဇတွေဟာ ဆဲလ်ကွဲပွားခြင်းနဲ့ သွေးကြောများဖြစ်ပေါ်ခြင်းကိုညှိတဲ့ပရိုတင်းများကို ဆောင်ရွက်ရာမှာ အရေးကြီးတဲ့နေရာကပါဝင်နေပါတယ်။ မျိုးရိုးဗီဇ ပြောင်းလဲခြင်းတွေက မိဘတစ်ဦးက မှားနေတဲ့ မျိုးရိုးဗီဇတွေကနေ ပြောင်းလဲသွားပြီး ဆဲလ်ကွဲပွားမှုတွေကို ထိန်းချုပ်မရအောင် ဖြစ်စေပြီး အကြိတ်တွေဖြစ်စေပါတယ်။

တစ်ချို့သောလူတွေကတော့ nonsyndromic paraganglioma ကိုမှာ မျိုးရိုးဗီဇပြောင်းလဲခြင်း မှားခြင်းကြောင့်မဟုတ်ပဲလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ဆရာဝန်တွေယုံကြည်ကြတာကတော့ မှားယွင်းတဲ့မျိုးရိုးဗီဇတစ်ခုခု ပြောင်းလဲခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ မျိုးရိုးလိုက်တဲ့ syndrome တွေတော်တော်များများဟာ paragangliomas တွေဖြစ်ခြင်းနဲ့ဆက်စပ်နေပါတယ်။ မျိုးရိုးဗီဇကို ပြောင်းစေတဲ့အချို့သော အခြေအနေတွေကတော့

-မျိုးရိုးလိုက်တဲ့ paraganglioma syndrome

-multiple endocrine neoplasia 2, types a and b (men2a and men2b)

-neurofibromatosis type1 (nf1)

-Von hippel-lindau syndrome(vhl)

-Carney-stratakis dyad(paraganglioma with gastrointestinal stomal tumor or gist)

-Carney triad(pulmonary chondroma, GIST and paraganglioma)

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေကParagangliomaဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အခြားသောအချက်အလက်များကို သိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

အချက်အလက်တွေပြောပြဖော်ပြထားတာဟာ ဆေးပညာအကြံဉာဏ်တွေအတွက်အစားထိုးအကြံပေးမဟုတ်ပါဘူး။ တစ်ခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။

Paragangliomaဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

တကယ်လို့ paraganglioma လို့သံသယရှိပါက သင့်အတွက် ရောဂါနာမည်တပ်နိုင်ဖို့ စမ်းသပ်ရမယ့်နည်း

တွေအများကြီးရှိပါတယ်။ သင့်ဆရာဝန်က သင့်ရဲ့ ဆီးကို ၂၄နာရီခံကြည့်ပြီး ဓါတ်ခွဲစမ်းသပ်ခြင်းနဲ့ adrenaline or noradrenaline အရည်တွေ အများကြီးထွက်နေလားဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်ရှု့ပါလိမ့်မယ်။ တစ်ပြိုင်နက်တည်း သွေးတွေကို လည်းစစ်ဆေးပါလိမ့်မယ်။

နောက်ပြီးရင်တော့ CT , MRI scan တွေရိုက်ကြည့်ပါလိမ့်မယ်။ အထူးသဖြင့် ဝမ်းဗိုက်နေရာတွေကို ကြည့်ပြီး အလုံးအကြိတ်တွေရှိနေလားဆိုတာကို ကြည့်ပါလိမ့်မယ်။

တစ်ချို့သော အခြေအနေတွေမှာတော့ PET scan ရိုက်ကြည့်ပြီး paraganglioma က အကြိတ်က ဘယ်နေရာထိပြန့်သွားပြီလဲဆိုတာကို ကြည့်ရပါတယ်။ မျိုးရိုးဗီဇ စမ်းသပ်ခြင်းကတော့ paraganglioma ရှိတဲ့မိသားစုထဲမှာ မျိုးရိုးဗီဇ ချို့ယွင်းချက်ရှိနေလားဆိုတာကို စမ်းသပ်ဖို့အတွက် ပြုလုပ်ကြခြင်းဖြစ်ပါတယ်။

Paragangliomaကို ဘယ်လိုကုသလဲ။

Paraganglioma ကို ကုသမှုဟာ ပုံမမှန်တဲ့ကြီးထွားမှုက ဘယ်နေရာမှာရှိလဲဆိုတာရယ် ပြီးတော့အဲ့အကြိတ်က ကင်

ဆာဖြစ်နေလားဆိုတာပေါ်မူတည်ပြီး ကွဲပြားပါတယ်။ Paraganglioma ဟာ အခြား နေရာတွေကို ပြန့်သွားတယ်

ဆိုပါက ကင်ဆာဖြစ်တယ်လို့ ယူဆကြပါတယ်။ အဲ့လိုဖြစ်ခြင်းကတော့ paragangliomaမှာရှားပါတယ်။ Paraganglioma မှာ ကင်ဆာဖြစ်နေတဲ့ဆဲလ်တွေဟာ ပြန်ရည်ကြောအကြိတ်များ၊ အရိုး၊ အသည်း၊ အဆုတ်တွေနဲ့ တစ်ခြားနေရာတွေကို ပြန့်နိုင်ပါတယ်။ ဒီလိုပုံစံ paraganglioma ရှိတဲ့လူတွေဟာ အရမ်းတက်နေတဲ့ ဟော်မုန်းပမာဏနဲ့ အခြားသော ရောဂါလက္ခဏာများကို ကုသဖို့ အရေးကြီးပါတယ်။

ကုသမှုအပိုင်းမှာပါတာတွေကတော့

ဆေးပေးခြင်း။ သင့်ရဲ့ paraganglioma ကြောင့်ဖြစ်တဲ့ ဥပမာသွေးတိုးခြင်းလိုမျိုးက ဟော်မုန်းတွေထုတ်လို့ဖြစ်တာကြောင့်အဲ့လိုလက္ခဏာမျိုးကို အရင်ဆုံးကုသဖို့ ဆရာဝန်တွေက ကြိုးစားပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ သုံးရတဲ့ဆေးတွေကတော့ alpha blockers and beta blockers တို့ပါဝင်ပါတယ်။ ဟော်မုန်းထုတ်တဲ့ paraganglioma ရှိတဲ့ လူနာတွေကတော့ ခွဲစိတ်မှုမပြုခင်နဲ့ အခြားသောကုသမှုတွေမလုပ်ခင်မှာသွေးပေါင်ချိန်ကို ထိန်းဖို့က အရေးကြီးပါတယ်။

ခွဲစိတ်ခြင်း။ အကြိတ်ကို ခွဲစိတ်ဖို့ကတော့ ပထမဆုံးရွေးချယ်မှုဖြစ်ပါတယ်။ တကယ်လို့ခွဲလို့ရခဲ့ရင်ခွဲပါတယ်။ တကယ်လို့အကြိတ်က ပြန့်နေတယ်ဆိုရင်တောင်ခွဲစိတ်ခြင်းက အကြိတ်ရဲ့အရွယ်အစားကို သေးသွားစေနိုင်ပါတယ်။

တကယ်လို့ ဟော်မုန်းထုတ်တဲ့ paraganglioma တစ်ရှုးတွေက ခွဲစိတ်နေတဲ့အချိန်အတွင်းမှာ နှောင့်ယှက်မှုဖြစ်ပြီးဟော်မုန်းတွေကိုထုတ်လိုက်ပါက အရမ်းဆိုးတဲ့ပြသနာတွေဖြစ်တဲ့ သွေးပေါင်ချိန်တက်ခြင်းနဲ့ နှလုံးခုန်မြန်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကိုကာကွယ်နိုင်ဖို့အတွက် သင့်ဆရာဝန်က ခွဲစိတ်မှုတွေမပြုလုပ်ခင် ၇ရက်မှ ၁၄ရက်မတိုင်ခင်ကို ဟော်မုန်းသက်ရောက်မှုမရှိအောင် သောက်ဆေးတွေပေးတာတွေပြုလုပ်ထားရပါတယ်။ သင့်ရဲ့သွေးပေါင်ချိန်ကိုတစ်ရက်ကို အကြိမ်များစွာတိုင်းပြီး မှတ်ထားဖို့နဲ့ အငန်ဓါတ်များတဲ့အစားအစာတွေစားပါက မှတ်ထားဖို့နဲ့ သင့်ရဲ့သွေးပေါင်ချိန်တိုင်းတာမှုမှတ်တမ်းကို ဆရာဝန်ဆီ ပြပါ။

Paraganglioma ခွဲစိတ်မှုကို မေ့ဆေးပေးပြီး ခွဲပါတယ်။ အထူးကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်နဲ့ မေ့ဆေးဆရာဝန်ကြီးတွေပါဝင်ဖို့လိုအပ်ပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာ သင်ဟာဆေးရုံမှာရက်များစွာနေရနိုင်ပါတယ်။ အောင်မြင်စွာခွဲစိတ်ပြီးတဲ့နောက်မှာတောင်မှ အကြိတ်တွေက ပြန်လည်ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်သင်က သင့်ဆရာဝန်ချိန်းတဲ့ရက်တွေမှာသေချာသွားပြဖို့လိုအပ်ပါတယ်။

ဓါတ်ရောင်ခြည်ပြကုသခြင်း။ radiation therapy က တစ်ခါတစ်လေမှာ အကြိတ်ရဲ့အရွယ်အစားကို ထပ်မကြီးအောင်ထိန်းရာမှာ ကူညီပါတယ်။ တကယ်လို့ အကြိတ်က ခေါင်းမှာရှိနေခြင်း သို့မဟုတ် အရေးကြီးတဲ့ အာရုံကြောပေါ်မှာရှိနေခြင်းသို့မဟုတ် သွေးကြောမကြီးများနဲ့နီးနေတဲ့နေရာတွေကိုဓါတ်ရောင်ခြည်ပေးမယ်ဆိုပါက stereotactic body radiation therapy ကို အသုံးပြုပြီးအနီးအနားက ကျန်းမာနေတဲ့ ကောင်းတဲ့တစ်ရှုးတွေကိုမထိခိုက်အောင် လုပ်ရပါတယ်။Thermal ablation therapy။ အချို့သောအခြေအနေတွေအောက်မှာ အထူးကျွမ်းကျင်တဲ့ ဓါတ်ရောင်ခြည်ကုဆရာဝန်နဲ့ ကျန်နေတဲ့အကြိတ်ကို thermal ablation therapy ဆိုတဲ့ကုသမှုနဲ့ ကုသပါတယ်။ စောင့်ကြည့်ခြင်း။ တကယ်လို့ အကြိတ်က ဖြည်းဖြည်းချင်းကြီးထွားလာတယ်ဆိုပါက သင့်ဆရာဝန်က ပုံမှန် လာလာပြဖို့ချိန်းတဲ့အချိန်မှာ သင့်အခြေအနေကို စောင့်ကြည့်ပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကParagangliomaကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement