trendingUp

လတ်တလောအကြောင်းအရာ

နောက်ဆုံးအချက်အလက်


ကျန်းမာစွာ စားသောက်ခြင်း

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Detox လုပ်ဖို့ တကယ်လိုအပ်သလား၊၊

ဝိတ်ကျအောင်၊ အဆိပ်အတောက်ကင်းအောင် Detox လုပ်ကြတယ်ဆိုတာက ခုခေတ်မှာ တော်တော်လေး ခေတ်စားလာပါပြီ၊၊ Detoxလုပ်တဲ့ နည်းလမ်းတွေကလည်း မျိုးစုံရှိနေကြပါတယ်၊၊ ဒါပေမယ့် မဖြစ်မနေ Detoxလုပ်ဖို့ လိုသလား၊၊ Detoxမလုပ်ရင် အဆိပ်အတောက်တွေ ကိုယ်ထဲမှာ အောင်းနေမှာလား၊၊ ခန္ဓာကိုယ်က သဘာဝအတိုင်း Detox လုပ်ပေးနိုင်ပါတယ်၊၊ ခန္ဓာကိုယ်က သူအသက်ရှင်ဖို့ ဘာလုပ်ရမလဲဆိုတာကို သိပါတယ်၊၊ အစာခြေစနစ်နဲ့ အူလမ်းကြောင်းတွေ၊ အသည်း၊ ကျောက်ကပ်၊ အရေပြားတွေက Detoxနေ့တိုင်း Detoxလုပ်ပေးနေတာပါ၊၊ ဆီးဝမ်းတွေသွားတာ၊ ချွေးထွက်တာ စတာတွေက လူတွေသတိမထားမိပေမယ့် နေ့တိုင်း အဆိပ်အတောက်တွေ ဖယ်ပေးနေတာပါ၊၊ ဒါဆို ဘာကြောင့် အပြင်ကနေ Detox လုပ်ကြတာလဲ၊၊ Detoxလုပ်ကြတယ်ဆိုတာက အဖက်မစားဘဲ အရည်ပဲသောက်တာ၊ အသီးအရွက်တွေ ကြိတ်သောက်တာ၊ အချိန်ကြာကြာ အဆာခံတာ စတာတွေကို ရက်ပိုင်းလောက် planတစ်ခုအနေနဲ့ လုပ်ကြတာပါ၊၊ ပုံမှန်ဆိုရင် နေ့တိုင်း ဆီပြန်ဟင်းတွေ၊ အကြော်အလှော်တွေ၊ […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောမသောက်ပါနဲ့

အရက်ကို စွမ်းအားဖြည့် အချိုရည်တွေ နဲ့ ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။ စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း ပါဝင်နေသလို စိတ်ခံစားမှု တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် သောက်ပြီးစမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ စွမ်းအားဖြည့် အချိုရည်ဆိုတာ စွမ်းအားဖြည့် အချိုရည်ဆိုတာက သောက်စရာ တစ်မျိုးပါ။ ကဖင်း ပမာဏ များစွာ ပါဝင်နေသလို taurine၊ guarana၊ သကြားနဲ့ ဗီတာမင် B တို့ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ စွမ်းအားဖြည့်အချိုရည်တွေမှာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ

နွေပူလာရင် အတော်လေး နေရခက်တာပါ။ နေပူချိန် အရမ်းပြင်းတဲ့အခါ နေ့ခင်းဘက်မှာ ပူသလို ညဘက်တွေမှာလည်း အရမ်းပူပါတယ်။ ဒီလို ပူပြင်းနေချိန်မှာ ကျန်းမာပြီး ခန္ဓာကိုယ်က အပူချိန်ကို ခံနိုင်စေဖို့ စားပေးသင့်တဲ့ အသီးအနှံလေးတွေက သပ်သပ်ကို ရှိတာပါ။ ဒီတော့ နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ က ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နွေရာသီမှာ မှန်ကန်စွာ စားသောက်မိဖို့ လိုပါမယ် နွေပူပူမှာ အပူအစပ်တွေ၊ အချဉ်ကဲတာ၊ အငန်ကဲတာတွေကို ရှောင်ဖို့ လိုသလို ရေဓာတ် ခမ်းခြောက်စေနိုင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တော်တော်များများကိုလည်း မသောက်သုံးသင့်ပါဘူး။ နောက်တစ်ချက်ကတော့ ရေဓာတ်ပြည့်ဝစေမယ့် အသီးအနှံတွေ စားပေးဖို့နဲ့ ရေများများသောက်ပေးဖို့ပါ။ အုန်းစိမ်းရည်လိုမျိုး သဘာဝ အချိုရည်လေးတွေကိုလည်း သောက်သုံးပေးလို့ ရပါတယ်။ နွေရာသီမှာ ဆီကြော်စာတွေ စားတာကလည်း နေထိုင်မကောင်း ဖြစ်စေနိုင်ပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝ ရစေဖို့

လိင်ကိစ္စဆိုတာ လူတိုင်း သိချင်ကြပေမယ့် ဘယ်သူမှ ပေါ်ပေါ်ထင်ထင် ဖွင့်မပြောတဲ့ ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရရင်လည်း ရေငုံနှုတ်ပိတ်နေကြသလို၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ခံစားရရင်လည်း ဆေးကုသမှု ခံယူဖို့ လက်တွန့်တတ်ကြပါတယ်။ ဒါပေမယ့်လည်း လိင်မှုဘဝ ဆိုတာ အများစု ကြုံတွေ့ရမယ့် အတွေ့အကြုံတစ်ခုပါပဲ။ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝ ဆိုတာ World Health Organization ရဲ့ အဆိုအရတော့ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးမှာ အဆင်ပြေပြီး သက်သောင့်သက်သာ ဖြစ်တာကို ဆိုလိုတာပါ။ ရောဂါကင်းစင်ရုံ၊ အိပ်ရာပေါ်မှာ စွမ်းနိုင်ရုံ၊ အိမ်ထောင်ပြုထားရုံနဲ့ ပျော်ရွှင်တဲ့ လိင်မှုဘဝရှိထားတယ်လို့ ပြောလို့မရပါဘူး။ လိင်မှုဘဝ ကျန်းမာရေးက ကိုယ်ရော စိတ်ပါ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သဘာဝကိုက အဲ့ဒီအတိုင်း ဖြစ်နေတာပါ။ […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မှုရေးရာကိစ္စတွေမှာ စိတ်ကျေနပ်ပျော်ရွှင်မှုနဲ့ အဆုံးသတ်နိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ ဘာလို့ အိပ်ရာပေါ်က ကိစ္စကို အလေးအနက်ထားတိုက်တွန်းနေကြတာလဲဆိုရင် လိင်မှုကိစ္စဟာ သင့်ကျန်းမာရေးနဲ့လည်း တိုက်ရိုက်ဆက်နွယ်နေတာကြောင့်ပါ။ ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို မပိုင်ဆိုင်ဘူးဆိုရင် သင့်အတွက် ထိခိုက်နစ်နာစရာတွေ များလှတယ်ဆိုတာကို မမေ့ပါနဲ့နော်။ လိင်ဆက်ဆံတာပဲ ပြီးမြောက်မှုက အဓိကပဲပေါ့လို့ မတွေးလိုက်ပါနဲ့။ တကယ်တော့ လိင်မှုရေးရာ နှီးနှောမှုတွေဟာ ဒီထက်ပိုပါတယ်။ စိတ်ခံစားချက်ကောင်းမွန်စွာနဲ့ ပြီးမြောက်နိုင်မယ်ဆိုရင် Oxytocin လို့ခေါ်တဲ့ အချစ်ဟော်မုန်းတွေ အမြောက်အများထွက်ရှိလာမှာဖြစ်ပြီးတော့ ဒီဟော်မုန်းတွေက နှလုံးရောဂါကို ကာကွယ်ပေးတာ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျော့ကျစေတာ၊ ကိုယ်ခံအားစနစ်ကို တိုးတက်စေတာနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးတာလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါကြောင့် ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို ဖန်တီးထားနိုင်သူတွေဟာ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာတဲ့ အကျိုးကျေးဇူးတွေအပြင် လက်တွဲဖော်၊ ဆက်ဆံဖော်ရဲ့ မေတ္တာကိုလည်း ပြည့်ပြည့်ဝဝပိုင်ဆိုင်နိုင်မှာပေါ့။ […]

/author/thurein-hlaing-win
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလားအိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလားအိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား
ad iconadvertisement
အခြား ကျန်းမာရေး ကိရိယာများ
ad iconadvertisement

မိမိနှင့်လိုက်ဖက်မည့် အသင်းအဖွဲ့ကို ရှာဖွေရန်

အားလုံးကို ကြည့်ရှုမည်

အားလုံးကို ကြည့်ရှုမည်
ad iconadvertisement

Helloဆရာဝန်မှ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်မယ့် ကျန်းမာရေးဆောင်းပါးများကို မျှဝေပေးနေပါတယ်။

သုတေသနပြုခြင်း
သုတေသနပြုခြင်း

Helloဆရာဝန်မှ ဆောင်းပါးများဟာ ခိုင်လုံစိတ်ချရသော လေ့လာမှုတွေ၊ သတင်းတွေနဲ့ သုံးသပ်ချက်များကို သေချာစိစစ်ပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။

သုံးသပ်ခြင်း
သုံးသပ်ခြင်း

ဝဘ်ဆိုက်ပေါ်မှ ဆောင်းပါးများကို ဆရာဝန်များနှင့် ဆေးပညာဆိုင်ရာ အထူးပြုနယ်ပယ်အသီးသီးမှ တတ်ကျွမ်းနားလည်သူတွေကိုယ်တိုင် သုံးသပ် ထားခြင်း ဖြစ်ပါတယ်။

လေ့လာစောင့်ကြည့်ခြင်း
လေ့လာစောင့်ကြည့်ခြင်း

ဝဘ်ဆိုက်ပေါ်မှ ကျန်းမာရေးဆောင်းပါးများကို တိကျမှန်ကန်စေဖို့ နဲ့ အချိန်အခါအလိုက် ပြောင်းလဲမှုတွေကို သိရှိနိုင်စေဖို့ ဆရာဝန်များနှင့် ဆေးပညာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက စဉ်ဆက်မပြတ် စိစစ်သုံးသပ်နေပါတယ်။

ယုံကြည်စိတ်ချရခြင်း
ယုံကြည်စိတ်ချရခြင်း

Helloဆရာဝန်ဟာ ကျန်းမာရေးဆိုင်ရာ ဒစ်ဂျစ်တယ် ပလက်ဖောင်းမှာ အများက စိတ်ချရတဲ့ ကျန်းမာရေးဝဘ်ဆိုက်အဖြစ် ဦးဆောင်ရပ်တည်နေမှုနဲ့အတူ စာဖတ်ပရိသတ်များအား ကောင်းမွန်တဲ့ ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေဖို့အတွက် တိကျပြီး မှန်ကန်စိတ်ချရတဲ့ ကျန်းမာရေး သတင်းတွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်စေဖို့ ကြိုးပမ်း လုပ်ဆောင်ပေးနေပါတယ်။