Keratosis pilaris (ကြာဆူး)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

ကြာဆူးဆိုတာ ဘာလဲ

Keratosis pilaris (ကြာဆူး) ဆိုတာ လက်၊ခြေထောက်နဲ့တင်ပါးတို့မှာ အသားခြောက်ပြီး ခပ်ကြမ်းကြမ်းအဖုလေးတွေဖြစ်လာတတ်တဲ့ အန္တရာယ်မရှိတဲ့အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။မွေးညင်းပေါက်လေးတွေမှာ ကြက်သီးထသလို ခပ်မာမာ အဖုချွန်ချွန်လေးတွေဖြစ်လာတတ်ပေမယ့် တစ်ခါတလေ အနည်းငယ်ယားယံတာကလွဲလို့ ပိုဆိုးလာတာ၊ ထိခိုက်နာကျင်စေတာမျိုးမရှိပါဘူး။

ကြာဆူးဟာ အန္တရာယ်မရှိတဲ့ သာမန်အရေပြားပြဿနာဖြစ်ပြီး အထူးတလည်ကုသစရာမလိုပါဘူး။ အရေပြားမခြောက်သွေ့အောင်moisturizer နဲ့creamလေးတွေသုံးပေးရင်သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး အသက်ကြီးလာတဲ့အခါပျောက်ကင်းသွားတတ်ပါတယ်။

လက္ခဏာများ

ကြာဆူးရဲ့လက္ခဏာတွေက –
  • ကြမ်းတမ်းခြောက်သွေ့ပြီး ခပ်စူးစူး အဖုလေးတွေဖြစ်လာခြင်း
  • အရေပြားမှာ ကြက်သီးထသလိုဖြစ်လာခြင်း
  • ဆောင်းတွင်း သို့မဟုတ်ခြောက်သွေ့တဲ့ရာသီဥတုမှာ ပိုသိသာလာခြင်း
  • အနည်းငယ် ယားယံခြင်း တို့ဖြစ်ပါတယ်။

တချို့တွေမှာတော့ သိသာထင်ရှားတဲ့အဖုလေးတွေအစုလိုက်ဖြစ်လာပြီး အရေပြားအနီကွက် အပျဉ်လိုက်ဖြစ်နေတတ်ပါတယ်။

အကြောင်းရင်းများ

အရေပြားမှာရောဂါပိုးဝင်ခြင်းနဲ့တခြားထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးတဲ့ keratinပရိုတင်းတွေများပြားစုပုံလာမှုကြောင့် ကြာဆူးဖြစ်လာတာပါ။ ဒီပရိုတင်းအစုကမွေးညင်းပေါက်ကိုပိတ်ဆို့စေတာဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ရတဲ့အကြောင်းရင်းကို အတိအကျမသိသေးပါဘူး။

ကိုယ်ကအသားအရေခြောက်သွေ့တတ်သူဖြစ်ရင် ကြာဆူးပိုဖြစ်လွယ်နိုင်ပါတယ်။ ကြာဆူးက လေထုတွင်းစိုထိုင်းမှုနည်းတဲ့ ဆောင်းတွင်းမှာ ပိုသိသာတတ်ပြီးနွေရာသီမှာပျောက်ကင်းတတ်ပါတယ်။ ကြာဆူးက အသားအရေခြောက်သွေ့မှု၊ ဗီတမင် A နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့fatty acid တို့ချို့တဲ့မှုနဲ့လည်း ဆက်နွှယ်နေပါတယ်။

ဖြစ်နိုင်ခြေများစေသောအချက်များ

ဘယ်သူတွေမှာ ကြာဆူးဖြစ်နိုင်ခြေပိုများသလဲ

ကိုယ့်မှာ ဒီအချက်တွေရှိနေရင် ကြာဆူးဖြစ်တတ်တာများပါတယ် –

  • ကြာဆူးဖြစ်လေ့ရှိတဲ့သူတွေဆွေမျိုးရင်းချာထဲမှာရှိနေရင်
  • ပန်းနာရင်ကျပ်ရောဂါ
  • ခြောက်သွေ့တဲ့အသားအရေရှိသူဖြစ်ရင်
  • နှင်းခူနာ
  • ပန်းဝတ်မှုန်ကြောင့်ဖျားနာခြင်း (Hay fever)
  • ကိုယ်အလေးချိန်များနေသူဖြစ်ရင်
  • Ichthyosis vulgaris (အသားအရမ်းခြောက်သွေ့စေတဲ့ အရေပြားရောဂါ)
  • Melanoma အရေပြားကင်ဆာရှိနေပြီး ကင်ဆာဆေးသုံးစွဲနေရသူဖြစ်ရင်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ရောဂါအဖြေရှာခြင်း

ပုံမှန်အားဖြင့် ကြာဆူးအတွက် ဆရာဝန်ပြပြီးရောဂါရှာဖွေစစ်ဆေးမှုခံယူဖို့မလိုအပ်ပါဘူး။ ဆရာဝန်ပြမယ်ဆိုရင်လည်း ဒီလိုဖြစ်နေတဲ့အရေပြားကို ဆရာဝန်က ကြည့်ပြီးစစ်ဆေးပေးမှာပါ။ဆေးစစ်ဖို့၊ရောဂါရှာဖွေဖို့အထိ လိုအပ်မှာမဟုတ်ပါဘူး။

ကုသမှု

ကြာဆူးဖြစ်ခြင်းအတွက် ကုသမှုသီးသန့်မရှိပါဘူး။ ဒါပေမယ့် ကိုယ်အသားအရေအတွက်ခြောက်သွေ့မှုမဖြစ်စေဖို့ အစိုဓါတ်ထိန်းတဲ့လိုးရှင်းတွေ၊ ခရင်မ်တွေ လူးပေးရုံနဲ့ သက်သာနိုင်ပါတယ်။ အတော်များများကဆေးဆိုင်မှာအလွယ်တကူဝယ်ယူရရှိနိုင်ပေမယ့် ပိုပြင်းထန်တဲ့အခြေအနေတွေအတွက်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ဝယ်လိမ်းပါ။

ကြာဆူးဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ

မဖြစ်အောင် ကြိုတင်ကာကွယ်လို့မရနိုင်ပေမယ့်ဖြစ်လာရင်တော့ အသားအရေကို ကိုယ်တိုင်ဂရုစိုက်ပေးရင်သက်သာပျောက်ကင်းနိုင်ပါတယ်။ ကြာဆူးဖြစ်လာရင် –

  • အဖုလေးတွေကို မကုတ်ပါနဲ့။ အရေပြားကို ခပ်ကြမ်းကြမ်းမပွတ်တိုက်ပါနဲ့။
  • ရေချိုးရင်ရေနွေးနဲ့မချိုးပါနဲ့။ရေနွေးနဲ့ချိုးတာ၊ရေအကြာကြီးချိုးတာတွေက အရေပြားပေါ်ကအဆီတွေကို ပါသွားစေနိုင်ပါတယ်။ ဒါ့ကြောင့်ရေချိုးချိန်ကို ကန့်သတ်ပါ။
  • အစိုဓါတ်ထိန်းပါ။ရေချိုးပြီးရင် အရေပြားမစိုမခြောက်အနေအထားမှာVaseline၊glycerin သို့မဟုတ်lanolin ပါဝင်တဲ့moisturizer တစ်မျိုးကိုလူးပေးပါ။ moisturizer ပျစ်ရင် ပိုကောင်းပါတယ်။ ကြာဆူးဖြစ်တဲ့နေရာမှာ မကြာခဏလူးပေးနိုင်ပါတယ်။
  • တင်းကျပ်တဲ့အဝတ်အစားတွေနဲ့မပွတ်တိုက်အောင်ဂရုစိုက်ပါ။ ကြာဆူးဖြစ်နေတဲ့ အရေပြားကို အဝတ်အစားကျပ်ပြီး မပွန်းမိအောင်ဂရုစိုက်ပါ။
  • အဆီဓါတ်ပါတဲ့ဆပ်ပြာကိုသုံးပါ။
  • အိမ်ထဲမှာ လေထုစိုထိုင်းဆကိုထိန်းပေးတဲ့humidifier သုံးပေးပါ။
  • အသားအရေကို ထိတွေ့မှုညင်သာပါ။ အနံ့ပြင်းတဲ့၊ အာနိသင်ပြင်းတဲ့ကိုယ်တိုက်ဆပ်ပြာတွေမသုံးပါနဲ့။ အရေပြားဆဲလ်သေတွေကို ကိုယ်တိုက်အဝတ်စနုနုလေးနဲ့အသာအယာဖယ်ရှားပါ။ကြေးတွန်းတဲ့အခါ အကြမ်းပရမ်းပွတ်တိုက်တာကမွေးညင်းပေါက်ကိုထိခိုက်စေပြီး အခြေအနေပိုဆိုးစေနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသားအရေထိန်းပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆများ

skincare အသားအရေထိန်းပစ္စည်း မှားယွင်းတဲ့အယူအဆ အသားအရေ အရေးအကြောင်း Sunscreen ချွေးပေါက် မိတ်ကပ် အလှအပ အဆီပြန်အသားအရေ အသားဖြူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Yee Mon Lwin
အရေပြားကျန်းမာရေး, အလှအပ အောက်တိုဘာ 9, 2019 . 2 mins read

လိင်တံအရေပြား ခြောက်သွေ့ကွဲအက်နေရင် စိုးရိမ်သင့်လား

အမျိုးသား လိင်ကျန်းမာရေး အရေပြားပြဿနာများ လိင်တံ အရေပြားခြောက်သွေ့ခြင်း မှိုကူးစက်ခြင်း အရေပြားမှိုရောဂါ အတွင်းခံဘောင်းဘီ အရေပြားနှင်းခူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းကြောင့်ရရှိနိုင်တဲ့ကောင်းကျိုး၉ချက်

အမျိုးသမီးတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုမှာမိန်းမကိုယ်သန့်ရှင်းမှုကိုချန်ထားခဲ့လို့မရပါဘူး။အတွင်းပိုင်းမိန်းမကိုယ်ကသူ့ဘာသာသူသန့်ရှင်းရေးလုပ်တတ်တယ်ဆိုပေမယ့်အပြင်ပိုင်းမိန်းမကိုယ်ကသာမန်အရေပြားပဲဖြစ်တာကြောင့်မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့သန့်စင်ဆေးရည်သုံးပေးရင်ပိုကောင်းပါတယ်။ရေချိုးရင်းတိုက်တဲ့ဆပ်ပြာတွေကမိန်းမကိုယ်အတွက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လူကြီးတွေမှာဖြစ်သလို အရေပြားခြောက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020 . 2 mins read

Seborrheic Dermatitis ( အရေပြားပြဿနာတစ်မျိုး) ကို ဒီလိုဖြေရှင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2020 . 3 mins read
တံတောင်ဆစ်မှာ ကြာဆူး ဖြစ်လာတဲ့အခါ

တံတောင်ဆစ်မှာ ကြာဆူး ဖြစ်လာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 23, 2020 . 2 mins read
ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။

ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2019 . 2 mins read