Common Cold (အအေးမိခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 15, 2018
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Common Cold (အအေးမိခြင်း) ကဘာလဲ။

အအေးမိခြင်းဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း- နှာခေါင်း၊ လည်ချောင်း- တို့မှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းတစ်မျိုးပါ။ ဗိုင်းရပ်စ်အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး လက္ခဏာတွေက နေရထိုင်ရသက်တောင့်သက်သာမရှိပေမယ့် အန္တရာယ်တော့မကြီးပါဘူး။

Common Cold (အအေးမိခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များလေ့ရှိပြီး အသက် ၆ နှစ်အောက်ကလေးတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်တယ်။ ကျန်းမာတဲ့လူကြီးတွေမှာလည်း တစ်နှစ်ကို နှစ်ခါ သုံးခါလောက်တော့ အအေးမိခြင်းခံစားရလေ့ရှိပါတယ်။ အားပေးသောအချက်များကိုရှောင်ကြဉ်ခြင်းဖြင့် ရောဂါခံစားရနိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Common Cold (အအေးမိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • နှာစေးခြင်း
  • လည်ချောင်းနာခြင်း
  • ချောင်းဆိုးခြင်း
  • နှာချေခြင်း
  • နှာခေါင်းပိတ်ခြင်း
  • ခေါင်းကိုက်ခြင်း၊ ခန္ဓါကိုယ်ကိုက်ခဲခြင်း
  • ငွေ့ငွေ့ဖျားခြင်း
  • ကိုယ်လက်မအီမသာဖြစ်ခြင်း

အအေးမိတဲ့အခါ နှာရည်ကအဝါရောင် သို့ အစမ်းရောင်ရှိတတ်ပြီး ပိုချွဲပျစ်တတ်ပါတယ်။ ဒါဟာဘတ်တီးရီးယားရောဂါကိုပြောတာမဟုတ်ကြောင်း မှတ်ထားသင့်ပါတယ်။

ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ဒီလက္ခဏာတွေခံစားရပါက ဆရာဝန်ပြသင့်ပါတယ်-

လူကြီးတွေမှာ-

  • ၃၈.၅ ဒီဂရီဆဲလ်စီးယပ်စ်ထက်ပိုဖျားခြင်း
  • ငါးရက်နဲ့အထက်ဖျားခြင်း
  • ပျောက်ပြီးမှပြန်ဖျားခြင်း
  • အသက်ရှူရခက်ခြင်း
  • အသက်ရှူစဉ်တရွှီရွှီအသံမြည်ခြင်း
  • လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း

ကလေးတွေမှာ-

  • မွေးကင်းစမှ ၁၂ ပတ်သားတွင် ၃၈ ဒီဂရီထက်ပိုဖျားခြင်း
  • မည်သည့်အရွယ်ကလေးတွင်မဆို အဖျားတက်ခြင်း၊ ၂ ရက်ထက်ပိုဖျားခြင်း
  • လက္ခဏာများပိုဆိုးလာခြင်း၊ မသက်သာခြင်း
  • ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း
  • အသက်ရှူစဉ်တရွှီရွှီမြည်ခြင်း
  • နားကိုက်ခြင်း
  • မအီမသာဖြစ်ခြင်း
  • မူးဝေခြင်း
  • အစားအသောက်ပျက်ခြင်း

အထက်ပါလက္ခဏာတွေရှိမယ်၊ သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ခန္ဓါကိုယ်တွေက မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်ပြတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Common Cold (အအေးမိခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးမျိုးသောဗိုင်းရပ်စ်တွေကြောင့် အအေးမိနိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ rhinoviruses ဖြစ်တယ်။

အအေးမိခြင်းဟာ ကူးစက်နိုင်ပြီး ဗိုင်းရပ်စ်တွေဟာ သင့်ပါးစပ်၊ မျက်လုံး၊ နှာခေါင်းတွေကနေတဆင့် သင့်ခန္ဓါကိုယ်ထဲကိုဝင်နိုင်ပါတယ်။ လေထဲရှိအမှုန်အမွှားတွေမှာရှိနေတတ်ပြီး တစ်စုံတစ်ယောက် နှာချေ၊ ချောင်းဆိုး၊ စကားပြောတဲ့အခါမှာ ပျံ့နှံ့တတ်ပါတယ်။ ရောဂါပိုးရှိနေသူနဲ့ထိတွေ့တဲ့အခါ၊ ပစ္စည်းတွေကိုမျှသုံးတဲ့အခါမှာလည်း ကူးစက်နိုင်ပါတယ်။ ပိုးရှိသောအရာတွေကိုထိပြီး ထိုလက်နဲ့မိမိမျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကိုထိလိုက်ပါက အအေးခြင်းကူးစက်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Common Cold (အအေးမိခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အအေးမိခြင်းကိုအားပေးတဲ့အချက်တွေကတော့-

  • အသက်အရွယ်- ခြောက်နှစ်ထက်ငယ်တဲ့ကလေးတွေမှာ အအေးမိနိုင်ချေများတယ်၊ အထူးသဖြင့် ကလေးထိန်းကျောင်းတွေသွားနေသောကလေးများ။
  • ကိုယ်ခံအားစနစ်အားနည်းခြင်း – နာတာရှည်ရောဂါများ၊ တခြားသောအခြေအနေများကြောင့် ကိုယ်ခံအားစနစ်အားနည်းနေပါကလည်း ရောဂါကူးနိုင်ချေများပါတယ်။
  • အချိန်ကာလ- လူကြီးရော ကလေးပါ ဆောင်းဦး၊ ဆောင်းရာသီတွေမှာ အအေးမိတတ်ပါတယ်။ ဒါပေမယ့် အချိန်မရွေးဖြစ်နိုင်ချေရှိပါတယ်။
  • ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ပါကလည်း အအေးမိနိုင်ချေများပါတယ်။
  • အထိအတွေ့- လူထူထူထဲမကြာခဏသွားပါက ဗိုင်းရပ်စ်ပိုးကူးနိုင်ချေပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Common Cold (အအေးမိခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။

ဘယ်လိုသိရှိနိုင်မလဲ

ခံစားရသောလက္ခဏာများကိုကြည့်ခြင်းဖြင့် ရောဂါအမည်တပ်နိုင်ပါတယ်။ ဒါပေမယ့် တခြားအခြေအနေတွေ၊ ဘတ်တီးရီးယားရောဂါတွေလို့သံသယရှိမယ်ဆိုရင်တော့ တခြားသောစစ်ဆေးမှုတွေလုပ်ကောင်းလုပ်ရနိုင်ပါတယ်။

Common Cold (အအေးမိခြင်း) ကို ဘယ်လိုကုသပါသလဲ

အထူးတလည်ကုသမှုမရှိပါဘူး။ လက္ခဏာတွေသက်သာဖို့ ကုသမှုကတော့-

အကိုက်အခဲပျောက်ဆေး

ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းတို့အတွက် ပါရာစီတမော၊ တိုင်လီနောနဲ့ တခြားအကိုက်အခဲပျောက်ဆေးအပျော့စားတို့သုံးနိုင်တယ်။ ဖြစ်နိုင်ပါကအချိန်အတိုဆုံးသာသုံးသင့်ပါတယ်။ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေကို aspirin ပေးတဲ့အခါ သတိထားသင့်ပါတယ်။ ရေကျောက်၊ တုပ်ကွေးပျောက်ကာစ ကလေးတွေ၊ ဆယ်ကျော်သက်တွေမှာ aspirin မပေးသင့်ပါဘူး။ ဒါကြောင့်လည်းဆိုတော့ aspirin က Reye’s ရောဂါနဲ့ဆက်နွယ်နေတတ်ပြီး ဖြစ်နိုင်ချေနည်းပေမယ့် ထိုကဲ့သို့ကလေးတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်လို့ပါ။ သင့်ကလေးအတွက်ဆိုရင် ကလေးတွေ၊ မွေးကင်းစတွေအတွက် စီမံထားတဲ့ဆေးများကိုသာအသုံးပြုသင့်ပါတယ်။ ဒါတွေကတော့ တိုင်လီနော၊ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် (Pediatric Advil, Motrin Infant ) တို့ဖြစ်တယ်။

နှာခေါင်းဖြန်းဆေး

လူကြီးတွေမှာ နှာခေါင်းပိတ်ခြင်းသက်သာစေရန် ဖြန်းဆေး၊ အစက်ချဆေးတို့လည်း ၅ ရက်အထိသုံးနိုင်တယ်။ အချိန်ကြာတော့မသုံးသင့်ပါဘူ။ ၆ နှစ်ထက်ငယ်သောကလေးများမှာတော့ နှစ်မျိုးစလုံးမသုံးသင့်ပါဘူး။

ချောင်းဆိုးပျောက်ဆေး

အသက် ၄ နှစ်ထက်ငယ်သောကလေးတွေမှာ ဆေးဆိုင်တွေကနေဝယ်ရတဲ့ ချောင်းဆိုးပျောက်ဆေးများ မသုံးဖို့ FDA ကရော American Academy of Pediatrics ကပါတားမြစ်ထားပါတယ်။ ကလေးတွေမှာ အန္တရာယ်ကင်းကြောင်း အထောက်အထားအတိအကျမရှိပါဘူး။

ထိုထက်ပိုကြီးသောကလေးတွေမှာတော့ အညွှန်းကိုသေချာလိုက်နာပြီးပေးသင်ပ့ါတယ်။ တူညီသောပါဝင်ပစ္စည်းပါတဲ့ ဆေးနှစ်မျိုးတချိန်ထဲမပေးသင့်ပါဘူး ဥပမာ- antihistamine ၊ အကိုက်အခဲပျောက်ဆေး၊ နှာခေါင်းပိတ်ပျောက်ဆေး။ ဆေးလွန်ကျူးမှုဖြစ်နိုင်ပါတယ်။ ဆေးတစ်မျိုးမျိုးကလေးကိုမတိုက်ခင်မှာလည်း ဆရာဝန်ကိုပြောပြသင့်ပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုထုံးများ

  • ဗိုင်းရပ်စ်မပျံ့အောင် လက်ပုံမှန်ဆေးပါ။
  • ကျန်းမာရေးညီညွတ်အောင်စားပါ။ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်အရွက်များ၊ အသီးများပါသော အာဟာရပြည့်ဝသောအစာများစားပါ။ ကိုယ်ခံအားကောင်းစေရန် အသားဓါတ်၊ ကောင်းသောအဆီဓါတ်တို့လည်းပါပါစေ။
  • ဆေးလိပ်မသောက်ပါနဲ့၊ ဆေးလိပ်သောက်ခြင်းဟာ သင့်ခန္ဓါကိုယ်ကိုအအေးမိခြင်းကို တိုက်ခိုက်နိုင်စွမ်းနည်းသွားစေပါတယ်။
  • အရက်မသောက်ပါနဲ့။ အရက်အလွန်အကျွံသောက်ခြင်းဟာလည်း အအေးမိခြင်းအဖြစ်များနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတိုးနဲ့ COVID-19

COVID-19 ကူးစက်ရောဂါ၊ နှလုံး၊ သွေးတိုး၊ အဖျားဝေဒနာ၊ တုပ်ကွေးဝေဒနာ၊ ဆေးဝါးမှီဝဲ၊ လုံလောက်စွာ ဖြည့်တင်း၊ ရောဂါလက္ခဏာ၊ လူစုလူဝေး၊ ပိုးကူးစက်ခံရချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အိမ်ပြင်ကို ထွက်မယ့် ခြေလှမ်းတွေ ခဏလောက် တုံ့ဆိုင်းထားပါဦး

ရောဂါလက္ခဏာ COVID-19 အမျိုးသားတွေ ဦးနှောက် အသက်ကြီးပိုင်း ကပ်ရောဂါ ရောဂါပိုး ရေမလို လက်သန့်စင်ဆေးရည် အချိန်ကို အကျိုးရှိစွာ အသုံးချပေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သိထားဖို့လိုမယ့် COVID-19 အကြောင်း

ကမ္ဘာ့ကပ်ရောဂါ COVID–19 Coronavirus အသက်ရှူလမ်းကြောင်း ချောင်းဆိုးတာ ကိုင်တွယ်ထိတွေ့ လက္ခဏာတွေ လက်ဆေး ရောဂါပိုး တံထွေး ချွဲအစအန နှာခေါင်း ပါးစပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Covid 19 ကို စိုးရွံ့ထိတ်လန့်နေရချိန်မှာ မဖြစ်မနေ ခရီးသွားရတော့မယ်ဆိုရင်

Covid 19 ကူးစက်ရောဂါ ချောင်းဆိုး Social distancing လက်ဆေးဆပ်ပြာရည် နှာချေ Mask တိရစ္ဆာန်များ အစားအသောက်တွေ ပါးစပ် ရောဂါလက္ခဏာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ

ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Seinn Moe Satt
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 29, 2020
အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 27, 2020
အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 24, 2020