Chronic Obstructive Pulmonary Disorder (Copd) (နာတာရှည်အဆုတ်ရောဂါ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 4, 2019 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Obstructive Pulmonary Disorder (Copd) (နာတာရှည်အဆုတ်ရောဂါ) ကဘာလဲ။

နာတာရှည်အဆုတ်ရောဂါ (COPD) ဆိုတာ လေပြွန်ကို ပိတ်စေပြီး အဆုတ်ရဲ့ အစိတ်အပိုင်းတချို့ကို ထိခိုက်စေတဲ့ ရောဂါအုပ်စုပဲ ဖြစ်တယ်။ ဒီရောဂါရှိတဲ့ လူနာများဟာ အသက်ရှူရခက်ပြီး မကြာခဏချောင်းဆိုးတတ်ပါတယ်။ အဓိကရောဂါ၂မျိုး ရှိပါတယ်။ ဒါပေမယ့် COPDရှိသူအများစုဟာ အဲဒီပြသနာ၂မျိုးလုံး ရှိတတ်ကြပါတယ်။

  • နာတာရှည်အဆုတ်ရောင်ခြင်း။ အဆုတ်လေပြွန် နံရံတလျှောက်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။
  • အဆုတ်လေအိတ်များပျက်စီးခြင်း။ အဆုတ်လေအိတ်တွေဟာ တဖြည်းဖြည်းပျက်စီးလာတတ်ပြီး အသက်၇ှူရခက်ခဲစေပါတယ်။

Chronic Obstructive Pulmonary Disorder (Copd) (နာတာရှည်အဆုတ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Chronic Obstructive Pulmonary Disorder (Copd) (နာတာရှည်အဆုတ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသက်ရှူလမ်းကြောင်းပြသနာဖြစ်တာမို့ အသက်ရှူရာမှာ မကြာခဏ အခက်အခဲဖြစ်စေပါတယ်။ အောက်ပါလက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။

  • အချိန်ကာလကြာမြင့်စွာ ချောင်းဆိုးခြင်း
  • အဖြူရောင်၊ အဝါရောင်ရင့်ရင့် (သို့) အစိမ်းရောင် သလိပ်များထွက်ပြီး ချောင်းဆိုးခြင်း (တခါတရံ သွေးမျှင်လေးတွေပါ ပါတတ်ပါတယ်)
  • အသက်ရှူလမ်းကြောင်း ပိုးဝင်မှု မြင့်လာတတ်ခြင်း
  • အသက်ရှူရခက်ခြင်း (အထူးသဖြင့် ကိုယ်လက်လှုပ်ရှားချိန်)
  • ရင်ဘတ်တင်းကျပ်ခြင်း
  • အသက်ရှူစဉ် အသံမြည်ခြင်း
  • ပင်ပန်းခြင်း
  • ချမ်းတုန်ဖျားခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အသက် ၆၅အထက်နဲ့ ဆေးလိပ်အလွန်သောက်သူတွေမှာ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအချက်တွေကို လျှော့ချနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆေးလိပ်ဖြတ်ဖို့ပါပဲ။

အကြောင်းရင်းများ

Chronic Obstructive Pulmonary Disorder (Copd) (နာတာရှည်အဆုတ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အဆုတ်တွေပျက်စီးခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အဆုတ်ကို ထိခိုက်စေမယ့် အရာတွေကို ပုံမှန်ရှူသွင်းနေရာက ကြာလာတဲ့အခါ ဖြစ်တတ်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

  • ဆေးလိပ်ငွေ့များ (ဘေးမှအငွေ့ရှူမိခြင်း အပါအဝင်)
  • ဓါတုဓါတ်ငွေ့များ
  • အမှုန်များ
  • အိမ်တွင်း လေထုညစ်ညမ်းခြင်း (ညှော်နံ့များ)
  • ပြင်ပလေထုညစ်ညမ်းခြင်း
  • လုပ်ငန်းခွင်မှ အမှုန်များ၊ ဓါတုငွေ့များ
  • ကလေးဘဝတွင် အသက်ရှူလမ်းကြောင်း မကြာခဏ ပိုးဝင်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Chronic Obstructive Pulmonary Disorder (Copd) (နာတာရှည်အဆုတ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဖြစ်နိုင်ခြေမြင့်စေပါတယ်။

  • အသက် ၆၅-၇၄နှစ်ကြားဖြစ်ခြင်း
  • ဟစ်ပန်းနစ်မဟုတ်သော လူဖြူများ
  • ရင်ကျပ်ပန်းနာရာဇဝင်ရှိခြင်း
  • ဆေးလိပ်သောက်သူ/သောက်ဖူးသူများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic Obstructive Pulmonary Disorder (Copd) (နာတာရှည်အဆုတ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ သင့်ကို ဆေးလိပ်ငွေ့တွေ၊ အဆုတ်ကို အန္တရာယ်ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မှုရှိလား မေးပါလိမ့်မယ်။ ပုံမှန်မဟုတ်တဲ့ အသက်ရှူသံတွေ ရှိမရှိ နားကြပ်နဲ့ နားထောင်ပါလိမ့်မယ်။

  • အဆုတ်လုပ်ငန်းစစ်ဆေးခြင်း။ လေဘယ်လောက် ရှူသွင်းနိုင်သလဲ၊ ဘယ်လောက်မြန်မြန်ရှူနိုင်လဲ၊ သွေးထဲကို အောက်ဆီဂျင်ဘယ်လောက် ရောက်သလဲ စတဲ့အချက်တွေ စစ်ဆေးခြင်း ဖြစ်ပါတယ်။
  • လေမှုတ်ကိရိယာဖြင့်စစ်ဆေးခြင်း။ အသက်ပင်းပြင်ရှူပြီး ဘယ်လောက်ထိ ပြန်မှုတ်ထုတ်နိုင်လဲ တိုင်းတာတဲ့ ကိရိယာဖြစ်ပါတယ်။
  • ရင်ဘတ်ဓါတ်မှန် (သို့) စီတီရိုက်ခြင်း။ ရင်ဘတ်ထဲက အဆုတ် နှလု့း ပုံရိပ်တွေအပြင် COPD ရဲ့ လက္ခဏာတွေပါ တွေ့နိုင်ပါတယ်။
  • သွေးလွှတ်ကြောတွင်းမှာ ဓါတ်ငွေ့ စစ်ဆေးခြင်း။ အောက်ဆီဂျင်ပါဝင်မှုကို စစ်ဆေးပါတယ်။

Chronic Obstructive Pulmonary Disorder (Copd) (နာတာရှည်အဆုတ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

COPD ကို ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပေမယ့် ကာကွယ်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ကာကွယ်ကုသခြင်းရဲ့ ရည်မှန်းချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဝေဒနာများကို သက်သာစေရန်
  • ရောဂါဆိုးရွားလာမှုကို နှေးကွေးစေရန်
  • လှုပ်ရှားတက်ကြွစွာ နေထိုင်နိုင်စေရန်
  • နောက်ဆက်တွဲပြသနာများ ကာကွယ်ကုသခြင်း

ဆေးဝါးများ

  • လေပြွန်ကျယ်စေသောဆေးများ။ အသက်ရှူလမ်းကြောင်းကို ကျယ်စေပြီး အသက်ရှူရပိုမိုလွယ်ကူစေဖို့ ဖြစ်ပါတယ်။
  • လေပြွန်ကျယ်စေသော ဆေးများနှင့် ကော်တီကိုစတီးရွိုက်ဆေးများ ပေါင်းစပ်ပေးခြင်း

ကာကွယ်ဆေးများ

  • တုတ်ကွေးကာကွယ်ဆေးများ
  • အဆုတ်ရောင်ရောဂါဖြစ်စေသော ဘက်တီးရီးယား ကူးစက်မှုကာကွယ်ဆေး
  • အောက်ဆီဂျင်ပေးခြင်း

ခွဲစိတ်ခြင်း

ဆေးဝါးကုသမှုများနဲ့ မသက်သာရင် ခွဲစိတ်မှုပြုလုပ်ပါတယ်။ အရမ်းဆိုးရွားတဲ့ အခြေအနေမှာ အဆုတ်လဲလှယ် အစားထိုးခြင်း ပြုလုပ်ပါတယ်။ အဆုတ်ကို အပိုင်းလိုက်ဖယ်ထုတ်ခြင်း၊ အဆုတ်ပမာဏလျှော့ချရန် ခွဲစိတ်ခြင်း၊ အဆုတ်အစားထိုးခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နာတာရှည်အဆုတ်ရောဂါ အတွက် အထောက်အကူ ပြုသလဲ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ ကုသခြင်းတွေဟာ ပိုပြီး သက်သာကောင်းမွန်စေပါတယ်။ အောက်ပါအချက်တွေ ရှိပါတယ်။

ဆေးလိပ်အပါအဝင် အဆုတ်ကို အန္တရာယ်ဖြစ်စေမည့် အရာများကို ရှောင်ကြဉ်ခြင်း

လက်ရှိမှာ ဆေးလိပ်သောက်နေရင် ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ COPDရဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ တခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကိုရှူမိခြင်း၊ လေထုညစ်ညမ်းခြင်း၊ ဓါတုငွေ့များ၊ အမှုန့်များ စတာတွေကို ရှူရှိုက်ခြင်း ရှောင်ကြဉ်ရပါမယ်။ အိမ်မှာရှိရင် ရှင်းထားပါ။

ဆေးကုသမှုအမြဲခံယူခြင်း

ဆရာဝန်ညွှန်တဲ့ ဆေးများအားလုံး သောက်သုံးရပါမယ်။

ရောဂါကာကွယ်ခြင်း

ကယ်လိုရီနဲ့ အာဟာရဓါတ်တွေ လုံလောက်စွာပါတဲ့ စားသောက်မှုပုံစံကို စားသုံးရပါမယ်။

တက်ကြွစွာနေခိုင်ပြီး လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုတွေဟာ အသက်ရှူတဲ့ ကြွက်သားတွေကို အားကောင်းစေပါတယ်။

ချက်ပြုတ်၊ သန့်ရှင်းရေး စတဲ့အိမ်မှုကိစ္စနေတွကို ရှင်းလင်းလွယ်ကူစွာ လုပ်ကိုင်ပါ။ ပစ္စည်းတွေ ရွှေ့စရာရှိရင် အကူအညီရှာပါ။

သက်သာချောင်ချိပြီး ဝတ်ဆင်ရလွယ်ကူတဲ့ အဝတ်အစား ဖိနပ်တွေ ဝတ်ဆင်ပါ။

ရေဂါပြင်းထတ်မှု အခြေအနေတွေပေါ် မူတည်ပြီး မိမိအလုပ်တွေကို ကူညီနိုင်ဖို့ မိသားစုများ၊ မိတ်ဆွေများဆီမှာ အကူအညီတောင်းပါ။

အရေးပေါ်အတွက်ပြင်ဆင်ခြင်း

ဆေးရုံဆေးခန်း၊ ဆရာဝန်ဖုန်းနံပါတ်များကို လက်တကမ်းမှာထားပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု

    ရေသောက်ခြင်း ရေဓာတ်ခန်းခြောက်ခြင်း ရေဓာတ်ဆုံးရှုံးခြင်း လက္ခဏာများ အာခေါင်ခြောက်ခြင်း အသားခြောက်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    အိုင်အိုဒင်းချို့တဲ့နေရင် ဒီလက္ခဏာတွေဖြစ်နေနိုင်ပါတယ်

    ကိုယ်အလေးချိန်တိုးလာတာ အားမရှိသလို ခံစားရတာ ပင်ပန်းနေတာဆံပင်ကျွတ်တာ အသားခြောက်သွေ့တာ ချမ်းတတ်တာ နှလုံးခုန်နှေးတာ မှတ်ဉာဏ်ပြဿနာဖြစ်လာတာ ကိုယ်ဝန်နောက်ဆက်တွဲပြဿနာ ရာသီသွေးဆင်းများတာ လည်ပင်းကြီးတာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    ကိုယ့်မှာ နှလုံးရောဂါရှိနေတာ သိနိုင်မယ့် လက္ခဏာ (၉) ခု

    နှလုံးရောဂါ နှလုံးရောဂါ ဖြစ်နိုင်ခြေ လက္ခဏာများ နှလုံးကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    နှလုံးကျန်းမာရေးအတွက် မပေါ့ဆသင့်တဲ့ လက္ခဏာ (၈) မျိုး

    နှလုံးရောဂါရှိထားပြီးသားလူတွေရော၊ နှလုံးရောဂါရှိမရှိ မသိသေးတဲ့သူတွေရော ကိုယ့်မှာဖြစ်တဲ့လက္ခဏာတွေအကြောင်းသေချာသိထားဖို့လိုတယ်၊ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ဖောလိတ်ချို့တဲ့ခြင်းအကြောင်း

    ဖောလိတ် ချို့တဲ့ခြင်းအကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် မေ 13, 2020 . 2 mins read
    အစာအဆိပ်သင့်ခြင်းအကြောင်း

    အစာအဆိပ်သင့်ခြင်းအကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 16, 2020 . 2 mins read
    အစာအဆိပ်သင့်ခြင်းအကြောင်း

    အစာအဆိပ်သင့်ခြင်းအကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် မတ် 24, 2020 . 2 mins read
    သတိထားကာကွယ်သင့်တဲ့ ဆေးယဉ်ပါး Salmonella အန္တရာယ်

    အစာအဆိပ်သင့်စေနိုင်တဲ့ ဆေးယဉ်ပါး Salmonella အန္တရာယ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2020 . 2 mins read