ဦးနှောက်ရဲ့ အနောက်ဘက်ပိုင်းမှာရှိပြီး လှုပ်ရှားမှုတွေနဲ့ ခန္ဓါကိုယ် ဟန်ချက်ညီဖို့ ထိန်းချုပ်ထားတဲ့ ဦးနှောက် အစိတ်အပိုင်း။
cerebrum (ဦးနှောက်၏ရှေ့ပိုင်း)
cerebrum ဟာ ဦးနှောက်ရဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဦးခေါင်းခွံအတွင်းမှာ အများဆုံးနေရာယူထားတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ cerebrum မှာ ဘယ်ခြမ်းနဲ့ညာခြမ်းရှိပြီး အလယ်မှာ မြောင်းတစ်ခုနဲ့ခြားထားပါတယ်။ cerebrum ထဲမှာမှ cortex လို့ခေါ်တဲ့ ဦးနှောက်အပြင်လွှာဟာ တွေးတောခြင်းနဲ့ အလိုအလျောက်ဖြစ်ပေါ်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ပါတယ်။ frontal lobes လို့ခေါ်တဲ့ ရှေ့ပိုင်း အခြမ်းက ပြဿနာ ဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနဲ့ လှုပ်ရှားမှုတွေကိုလုပ်ဆောင်ပါတယ်။ ဦးနှောက်ကို meninges လို့ခေါ်တဲ့ အမြှေး ၃ လွှာက ဖုံးပေးထားပြီး အပြင်ကနေ ဦးခေါင်းခွံက ထိခိုက်မှုတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ဦးနှောက်ကို အစိတ်အပိုင်းတွေ ထပ်ခွဲနိုင်ပြီး ဒီအစိတ်အပိုင်း အသီးသီးက သိစိတ်၊ ဆုံးဖြတ်ချက်ချခြင်း၊ မှတ်ဉာဏ်နဲ့ သင်ကြားမှုတွေကို မှတ်သားခြင်း၊ ဆက်သွယ်ခြင်းနဲ့ ပြင်ပ နဲ့ အတွင်းပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေကိုသိရှိခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပါတယ်။ ဦးနှောက်ကို တစ်ရှုး အပျော့စားနဲ့ ဖွဲစည်းထားပြီး ဒီတစ်ရှုးထဲမှာမှ အညိုရောင်ပိုင်းနဲ့ အဖြူရောင် အပိုင်းဆိုပြီး ၂ မျိုးပါဝင်ပါတယ်။ ဒီ အပိုင်း ၂ ပိုင်းလုံးမှာ နာဗ်ဆဲလ်တွေ၊ နာဗ်ဆဲလ်မဟုတ်ဘဲ နာဗ်ဆဲတွေရဲ့ ကျန်းမာရေးနဲ့ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းပေးရတဲ့ ဆဲလ်တွေနဲ့ သွေးကြောတွေ ပါဝင်ပါတယ်။
ဦးနှောက်ဟာ ရေဓါတ်ပမာဏ များတဲ့အပြင် ၆၀ ရာခိုင်နှုန်းက အဆီတွေ ဖြစ်ပါတယ်။ ယနေ့ခေတ် လူသားမျိုးနွယ် Homo sapiens တွေရဲ့ ဦးနှောက်က ကမ္ဘာလုံးပုံစံဖြစ်ပြီး တစ်ခြားသော hominids မျိုးနွယ်ဝင် ချင်ပန်ဇီမျိုးနွယ်ဝင် မျောက်တွေရဲ့ ဦးနှောက်တော့ အနောက်ဘက်ပိုင်းမှာ အနည်းငယ်ပိုရှည်ပါတယ်။
ဦးနှောက်တစ်လုံးက စွမ်းအား ဘယ်လောက်သုံးသလဲ။
ဦးနှောက်ဟာ လူ့ခန္ဓါမှာ အသေးစား အင်္ဂါဖြစ်ပေမဲ့ စွမ်းအင်တော်တော်များများ လိုအပ်ပါတယ်။ ဦးနှောက်ဟာ ခန္ဓါကိုယ် အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းလောက်သာ ရှိပေမဲ့ ခန္ဓါကို တစ်နေ့သုံးဖို့လိုအပ်တဲ့ စွမ်းအင် ၂၅ ရာခိုင်နှုန်း အထိ ဦးနှောက်က အသုံးပြုပါတယ်။ ပထမတုန်းကတော့ ကြွက်တွေကိုလေ့လာခဲ့တဲ့ လေ့လာချက်အရ သိပ္ပံပညာရှင်အချို့က ဒီလို စွမ်းအားတွေကို ဦးနှောက်က ခန္ဓါကိုယ် လုပ်ဆောင်ချက်တွေ အတွက် အသုံးပြုလိုက်ပေမဲ့ တစ်ချို့သော စွမ်းအင်တွေကိုတော့ ဦးနှောက်ကျန်းမာနေစေဖို့ အတွက် သိုလှောင်ထားတဲ့ အတွက်ကြောင့် ကုန်သွားတာ ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လေ့လာချက်တွေ အရ ဦးနှောက်ဟာ ခန္ဓါကိုယ် အနာယူနေပြီးဘာလှုပ်ရှားမှုမှ မရှိတဲ့အချိန်မှာတောင်စွမ်းအားတော်တော်များများကို အသုံးပြုကြောင်းဆိုပါတယ်။ မေ့ဆေးပေးထားတဲ့အချိန်မှာ တစ်ခြားသော ခန္ဓါကိုယ် လှုပ်ရှားမှုတွေ ရပ်တန့်နေပေမဲ့ ဦးနှောက်တွင်း အစိတ်အပိုင်းတွေရဲ့ ဇီဝတွင်းဖြစ်ပျက်မှုနှုန်းက အလွန်များပြားနေပြီး ဦးနှောက်စွမ်းအား အများယူကို ယူသုံးနေတာကိုတွေ့ခဲ့ရပါတယ်။ ဒါဆိုရင် အကြောင်းရင်းမရှိဘဲ ဦးနှောက်က ဘာကြောင့် စွမ်းအား အများဆုံး ကို အသုံးပြုနေပါသလဲ။ တကယ်တော့ ဦးနှောက်ဟာ အဲ့ဒီအချိန်မှာ အလုပ်တွေလုပ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။