Achard Thiers Syndrome (Achard-Thiers ရောဂါစု)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2019 . 1 ဖတ်ရန် ကြာချိန်
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Achard Thiers Syndrome (Achard-Thiers ရောဂါစု) ကဘာလဲ။

Achard-Thiers ရောဂါစုဆိုတာ ရှားပါးတဲ့ ရောဂါတမျိုးဖြစ်ပြီး သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ အင်ဆူလင်မတိုးတဲ့ ဆီးချို အမျိုးအစား (၂) ရှိခြင်း၊ ကျားဟော်မုန်းဓါတ် မြင့်မားခြင်းတွေ ဖြစ်တတ်ပါတယ်။

Achard Thiers Syndrome (Achard-Thiers ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

ရှားပါးပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Achard Thiers Syndrome (Achard-Thiers ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့ရများတဲ့ လက္ခဏာတွေကတော့

  • ဆီးချိုဖြစ်လာခြင်း
  • ဆီးမကြာခဏသွားခြင်း
  • ရေငတ်ခြင်း၊ ဆာလောင်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ကျားဟော်မုန်းထုတ်လုပ်မှုများခြင်းရဲ့ လက္ခဏာများ တွေ့ရခြင်း

ကျားဟော်မုန်းများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အမွေးအမျှင်များပေါက်လာခြင်း။ မျက်နှာ၊ ရင်ဘတ်၊ နောက်ကျောတွင် အမွေးအမျှင်များ များပြားလာခြင်း

ဆံစပ်ကျလာခြင်း

အသံသြလာခြင်း

မိန်းမအင်္ဂါအသီး ကြီးမားလာခြင်း

မြုံခြင်း

အဝလွန်ခြင်း

ရာသီအလာနည်းခြင်း

ရာသီထိန်ခြင်း

မျက်နှာတွင် အမွေးများထူလာခြင်း

အဒရီနယ်ဂလင်းကြီးလာခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Achard Thiers Syndrome (Achard-Thiers ရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

ဒီရောဂါဟာ မိသားစုအတွင်း ဆက်ခံရတတ်ပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇ ဆက်ခံပုံနဲ့ ပတ်သက်လို့ သေချာစွာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ ပါဝင်ပတ်သက်မှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဆီးချိုရောဂါဟာ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။

ဆီးဆေးတွေ၊ ကော်တီကိုစတီးရွိုက်ဆေးတွေ၊ ဟော်မုန်းဓါတ်ပြောင်းလဲစေတဲ့ တားဆေးတွေ သောက်နေတာကြောင့် ဖြစ်နိုင်ပါတယ်။

ဇီဝကမ္မဗေဒဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖိအားတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Achard Thiers Syndrome (Achard-Thiers ရောဂါစု) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • သွေးဆုံးပြီး အမျိုးသမီးများ
  • အဝလွန်သော၊ ကိုယ်ခန္ဓါအလေးချိန်ပိုသော အမျိုးသမီးများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Achard Thiers Syndrome (Achard-Thiers ရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါနည်းတွေနဲ့ ပြုလုပ်ပါတယ်။

ပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုနဲ့ ရောဂါရာဇဝင် ရယူခြင်း။ သွေးထဲက ဂလူးကို့စ်ပမာဏကို တိုင်းတာပြီး လက္ခဏာတွေကတဆင့် ဖော်ထုတ်ပါတယ်။

ကျားဟော်မုန်း၊ မဟော်မုန်းနဲ့ ဟေမိုဂလိုဘင် A1c ကို တိုင်းတာပါတယ်။

ပြည့်စုံသော သွေးဖောက်စစ်ဆေးမှု

သိုင်းရွိုက်လုပ်ငန်းစစ်ဆေးခြင်း

အသည်းလုပ်ငန်းစစ်ဆေးခြင်း

ဝမ်းဗိုက်ကို အထရာဆောင်းရိုက်ခြင်း

ဝမ်းဗိုက်ကို CT ရိုက်ခြင်း စတာတွေ ပြုလုပ်ပါတယ်။

ရောဂါအခြေအနေများဟာ လက္ခဏာ ဆင်တူနေတတ်ပါတယ်။ တိကျတဲ့ ရောဂါရှာဖွေမှု ပြုလုပ်နိုင်ဖို့ တခြားစစ်ဆေးမှုတွေလည်း လုပ်ကောင်းလုပ်နိုင်ပါတယ်။

Achard Thiers Syndrome (Achard-Thiers ရောဂါစု) ကို ဘယ်လိုကုသပါသလဲ

ကုသမှု အမျိုးစုံပါတယ်။

ဆီးချိုအတွက် စားသောက်မှုပုံစံပြောင်းခြင်း၊ အင်ဆူလင်နဲ့ တခြား ဆီးချိုဆေးတွေဖြစ်တဲ့ sulfonylureas, meglitinides, biguanides, alpha-glucosidase inhibitors, thiazolidinediones စတာတွေသုံးစွဲခြင်း စတာတွေ လုပ်ဆောင်ရပါမယ်။

အလှအပပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဖယောင်း၊ လျှပ်စစ်ဓါတ် စတာတွေသုံးပြီး အမွေးအမျှင်တွေ လျော့သွားအောင် ဆောင်ရွက်နိုင်ပါတယ်။

ဟော်မုန်းဆေးသွင်းနည်းနဲ့လည်း ကုသနိုင်ပါတယ်။

ကျားဟော်မုန်းဆန့်ကျင်ဆေးများပေးပြီး ကျားဟော်မုန်း များနေတဲ့ အခြေအနေကို ကုသနိုင်ပါတယ်။

ဟော်မုန်းဆေးကုသခြင်းဟာ ကိုယ်တွင်းဟော်မုန်းတွေ မညီမမျှဖြစ်နေခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက Achard-Thiers ရောဂါစု အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

ဆီးချိုဖြစ်စေတဲ့ ဆေးတွေကို ရှောင်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းဂလူးကို့စ်ပမာဏကို ထိန်းသိမ်းပြီး ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ။

ကိုလက်စထရောလျှော့ချပါ။

ဆေးလိပ်လျှော့သောက်ပြီး နောက်ဆက်တွဲနှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပါ။

စားသောက်မှုပုံစံနဲ့ ပတ်သက်ပြီး လေ့လာခြင်း၊ ကိုယ်အလေးချိန်လျှော့ခြင်းဟာ သွေးတိုးဆီးချိုကို ထိန်းနိုင်ဖို့ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးဟာ Achard-Thiers ရောဂါစုကို အားပေးလို့ ဖြစ်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အဝလွန်ခြင်းကို ထိန်းသိမ်းပေးနိုင်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဟော်မုန်းမမျှတခြင်းရဲ့ လက္ခဏာတွေ ။

    ဟော်မုန်း ဟော်မုန်း မမျှတခြင်း အီစတိုဂျင် ပရိုဂျက်စတုန်း ကိုယ်အလေးချိန်တက် ဝက်ခြံ မိန်းမကိုယ်ခြောက်သွေ့ ဆံပင်ကျွတ် သွေးဆုံး အပူရှပ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ

    သွေးဆုံးခြင်း ကျန်းမာရေး ကာမသုခ အမျိုးသမီးရောဂါ လိင်ဆက်ဆံစဉ်နာကျင်ခြင်း ချောဆီ မိန်းမကိုယ်ခြောက်သွေ့ခြင်း လိင်စိတ်ဆန္ဒနည်းခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ

    ဖျားနေတာမဟုတ်ဘဲ အသားပူတာ နှလုံးသွေးကြောကျဉ်း ခန္ဓါကိုယ်အပူချိန် သွေးဆုံး ရေဓါတ်ပြည့်ဝခြင်း လည်ပင်းကြီးရောဂါ သိုင်းရွိုက် ဟော်မုန်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား

    ဆံပင်ထိပ်ပြောင်ခြင်းကို ဆေးပညာအရ Androgenetic Alopecia လို့ခေါ်ပြီး အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    သိုင်းရွိုက်ပြဿနာလား သွေးဆုံးခြင်းလား

    သိုင်းရွိုက်ပြဿနာလား သွေးဆုံးခြင်းလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် မေ 13, 2020 . 2 ဖတ်ရန် ကြာချိန်
    အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

    အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 16, 2020 . 2 ဖတ်ရန် ကြာချိန်
    အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

    အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 15, 2020 . 2 ဖတ်ရန် ကြာချိန်

    မဟော်မုန်း အစားထိုးကုသခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်များ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 26, 2020 . 3 ဖတ်ရန် ကြာချိန်