ရင်သားနာကျင်ခြင်းကို ဘယ်လိုကုသပါသလဲ
အမျိုးသမီးအများစုမှာတော့ ဒီနာကျင်မှုက ဒီတိုင်းပျောက်သွားလေ့ရှိပါတယ်။
တကယ်လို့ ကုသမှုတစ်ခုခုလိုမယ်ဆိုရင်တော့ ဆရာဝန်က ဒါတွေညွှန်းနိုင်ပါတယ် –
- နာကျင်မှုဖြစ်စေသော သို့ ပိုဆိုးစေသော အချက်ကိုကုသခြင်း – ဥပမာ ရင်သားကို ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ အတွင်းခံပြောင်းဝတ်တာလိုမျိုး ရိုးရှင်းတဲ့နည်းလေးတွေဖြစ်နိုင်ပါတယ်။
- အကိုအခဲပျောက် လိမ်းဆေးသုံးခြင်း – နာကျင်မှု ဆိုးရွားမယ်ဆိုရင်တော့ အကိုအခဲပျောက်စေတဲ့ လိမ်းဆေးတစ်မျိုးမျိုးသုံးဖို့လိုပါလိမ့်မယ်။ ဆရာဝန်ညွှန်းတဲ့ဆေးကိုတိုက်ရိုက်လိမ်းနိုင်တယ်။
- သန္ဓေတားခြင်းကို ထိန်းညှိခြင်း – တကယ်လို့ သန္ဓေတားဆေးတွေကြောင့် ဖြစ်တယ်ဆိုရင်တော့ တခြားနည်းပြောင်းခြင်းက အကူအညီဖြစ်နိုင်ပါတယ်။ ဆရာဝန်ကိုမမေးဘဲတော့မပြောင်းပါနဲ့။
- သွေးဆုံးပြီးဟော်မုန်းကုသမှုကို လျှော့ချခြင်း သို့ ရပ်တန့်ခြင်း။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းကုနည်းများ
- Primrose oil – ရင်သားတစ်သျှူးထဲရှိ အဆီအက်စစ်များကို ညီမျှစေပါတယ်။
- ဗီတာမင် E – ဓမ္မတာစက်ဝန်းကြောင့် ရင်သားနာကျင်တတ်တဲ့ အမျိုးသမီးများအတွက် ဗီတာမင် E ဟာ အကူအညီဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
တချို့အမျိုးသမီးတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင် နေထိုင်စားသောက်တာက ရင်သားနာကျင်ခြင်းကိုသက်သာစေနိုင်တယ်။ အားဆေးသောက်မယ်ဆိုရင် သောက်ရမယ့်ပမာဏ၊ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။