အဓိပ္ပါယ်ဖွင့်ဆိုချက်
Chalazion (အဆီဂလန်းများပိတ်၍ အရည်အိတ်များဖြစ်ခြင်း) ကဘာလဲ။
မိုင်ဘိုးမီးယန် အရေအိတ် သို့မဟုတ် အပေါ်မျက်ခွံ အရေအိတ် ဟုခေါ်သော chalazion ဆိုသည် မှာ အဆီဂလန်း၏ ရောင်ရမ်းခြင်း သို့မဟုတ် ပိတ်ဆို့မှုကြောင့် မျက်ခွံ ပေါ်တွင် ဖူးရောင် နေသော အလုံးအခဲ ဖြစ်လာခြင်းဖြစ်သည်။ လူအတော်အများသည် chalazoin ကို ဘတ်တီးရီယာူ ကြောင့်ဖြစ်သော မျက်စိစွံခြင်းနှင့် မှားယွင်း တတ်ကြပါသည်။ ကွဲပြားချက်မှာ ဘတ်တီးရီးယား ကြောင့် မျက်စိစွံခြင်းသည် ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်ပြီး ပို၍ နာကျင် စေပါသည်။ chalazoin သည် နာကျင်မှုနည်းပြီး ၂-၈ မီလီမီတာ လောက်ရှိသော အရည်များ ပြည့်နေသော အလုံးအခဲ လေး အနေဖြင့် မြင်ရပါသည်။ များသောအားဖြင့် အပေါ်မျက်ခွံ တွင် ဖြစ်ပွားလေ့ရှိပြီး မျက်လုံး နှစ်ဘက် လုံးကို ထိခိုက်စေပါသည်။