Candida spp. Fusarium
Toxoplasma gondii, Toxocara
နောက်ကျမှသိရသော မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းများသည် Proprionobacterium acne အကောင်ကြောင့်အများဆုံးဖြစ်သည်။ ပိုးကောင်များကြောင့်မဟုတ်သော ရောင်ရမ်းမှုများသည် မျက်လုံးတိမ်ခွဲစိတ်မှုများအပြီး၊ သို့မဟုတ် မျက်လုံးထဲသို့ ဆေးထိုးသွင်းပြီးကုသရသော ကုသမှုများအပြီး တွင် ဖြစ်လေ့ရှိပါသည်။
ဖြစ်နိုင်ခြေများ
Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။
- မျက်စိခွဲစိတ်ဖူးခြင်း
- မျက်စိကို ဒဏ်ရာရခြင်း
- မျက်လုံးထဲသိုဆေးထိုးရသော ကုသမှုများ
- သွေးထဲမှပြန့်သော ရောဂါပိုးများမျက်လုံးသို့ကူးစက်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည် ပြင်းထန်ပြီး မျက်စိကွယ်သွားနိုင်သည့်အတွက် မျက်စိဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူရပါမည်။
ဆရာဝန်က သင့်ရောဂါလက္ခဏာများ၊ သင့်မျက်လုံးကိုထိခိုက်မှု၊ ခွဲစိတ်မှု ရှိမရှိ မေးမြန်းပြီး မျက်လုံးကို စစ်ဆေးမှုများပြုလုပ်ပါလိမ့်မည်။ မျက်လုံး နှစ်ဖက်လုံးကို စစ်ဆေးပါမည်။
ထို့နောက် မျက်လုံးအတွင်းပိုင်းအထိမြင်ရသော မှန်ဘွလူးဖြင့်ကြည့်ပြီး စစ်ဆေးပါသည်။ အသံလှိုင်းဓါတ်မှန်ရိုက်ခြင်းဖြင့် မျက်လုံးအလယ်တွင် အစအနများရှိမရှိ သိနိုင်ပါသည်။
မျက်စိအတွင်းပိုင်းရှိ အရည်ကိုထုံးဆေးသုံးကာ အပ်ဖြင့် စုပ်ယူခြင်း ဖြင့် ဘက်တီးရီးယားနှင့် အခြား ပိုးကောင်များရှိမရှိ ဓါတ်ခွဲစစ်ဆေးနိုင်ပါသည်။
Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသမှုများသည်
- ဖြစ်စေသော အကြောင်းရင်းနှင့်
- ဖြစ်နေသော မျက်လုံးဖက်တွင် အမြင်အာရုံထိခိုက်မှုများ
အပေါ်မူတည်ပြီး ကွာခြားပါသည်။
မျက်စိရောင်ခြင်းသည် ဘက်တီးရီးယားကြောင့် ဖြစ်ပါက အောက်ပါနည်းများဖြင့်ကုသရမည်။
- ပိုးသတ်ဆေးအရည်ကို မျက်လုံးအတွင်းပိုင်းအရည်ရှိရာသို့ ထိုးသွင်းခြင်း
ပိုးသတ်ဆေးအရည်ကို မျက်လုံးအတွင်းပိုင်းအရည်ရှိရာသို့ ထိုးသွင်းခြင်း သည် များသောအားဖြင့် မျက်လုံးအတွင်းပိုင်းအရည်များကို စုပ်ထုပ်ပြီးမှ ပိုးသတ်ဆေး ထိုးလေ့ရှိသည်။
မျက်စိဆရာဝန်သည် စတီးရွိုက်အရောင်ကျဆေးများကို မျက်လုံးထဲသို့ ထိုးသွင်းခြင်းဖြင့် အရောင်ကျစေကာ အနာကျက်မြန်စေမည်ဖြစ်သည်။
ရောဂါပြင်းသော လူနာများတွင် ပိုးသတ်ဆေးအရည်ကို သွေးပြန်ကြောထဲသို့ထိုးသွင်းပြီး ကုသခြင်းဖြစ်သည်။
မျက်လုံးအတွင်းပိုင်းရောင်ခြင်း အပြင် မျက်လုံးအပြင်ဘက်တွင် ရောင်ရမ်းမှုများ ဒဏ်ရာများရှိပါက ပိုးသတ်ဆေးလိမ်းရသည်။
- မျက်လုံးအတွင်းပိုင်းအရည်ကို ဖယ်ရှားခြင်း
မျက်လုံးအတွင်းပိုင်းတွင် ရှိသော ပိုးဝင်နေသည့်အရည်များကို ဖယ်ရှားပြီး ဆားရည်သို့မဟုတ် အခြားသင့်တော်သော ဆေးရည်တမျိုးမျိုးကို ပြန်အစားထိုးခြင်းဖြစ်သည်။ ထိုကုသမှုကို အမြင်အာရုံဆုံးရှုံးလုနီးပါးဖြစ်နေသောသူများ နှင့် ရောဂါပြင်းထန်သောသူများတွင် သုံးပါသည်။
မျက်စိရောင်ခြင်းသည် မှိုကြောင့်ဖြစ်ပါက ဖြစ်နေသော မျက်လုံးထဲသို့ မှိုသတ်ဆေးထိုးသွင်းခြင်း၊ သွေးပြန်ကြောထဲသို့ ထိုးခြင်း နှင့် မှိုသတ်ဆေးသောက်ခြင်းတို့ဖြင့်ကုသနိုင်ပါသည်။
မျက်စိဆရာဝန်သည် သင့်ကိုကုသနေစဉ်အတွင်း သင့်အခြေအနေ တိုးတက်မှုနှင့် သင့်အမြင်အာရုံတိုးတက်မှု ရှိမရှိကို စောင့်ကြည့်နေရမည် ဖြစ်သောကြောင့် သင့်အနေဖြင့် ဆေးခန်းသို့ ရက်ချိန်း မှန်မှန်လာပြရန် အရေးကြီးပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း
သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
- သင်သည် မျက်စိတိမ်ခွဲထားလျှင် မျက်စိဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာပြီး သင့်ကိုယ်သင်ဂရုစိုက်ခြင်း၊ ရက်ချိန်းမှန်မှန်သွားပြခြင်းတို့ ပြုလုပ်သင့်ပါသည်။
- မျက်လုံးကို ထိခိုက်မိခြင်းမှကာကွယ်ရန် အလုပ်ခွင်နှင့် အားကစားလုပ်ချိန်များတွင် မျက်မှန်တပ်သင့်ပါသည်။ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေရလျှင် အမှုန်အစများ သင့်မျက်လုံးကို ထိခိုက်လာနိုင်ချေကို လျှော့ချရန် မှန်ကာ မျက်နှာဖုံးများ မျက်လုံးအကာများကို စနစ်တကျတပ်ဆင်သင့်ပါသည်။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ