၂၀-၂၀-၂၀ စည်းမျဉ်းကို သုံးပါ။ ဖုန်းသုံးတာ မိနစ် ၂၀ ပြည့်တိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ခန့် ကြည့်ပေးပါ။ ဒါမှ မျက်လုံး အနားရပြီး ဆက်ကြည့်နိုင်မှာနော်။
ဆက်တိုက် သုံးနေမယ့်အစား ငါတော့ ဖုန်းသုံးတာ ဘယ်လောက်ကြာရင် ဘာထလုပ်မယ်ဆိုပြီး သတ်မှတ်ထားပါ။
အလွယ်တကူ ဝယ်လို့ရတဲ့ မျက်ရည်တုမျက်စဉ်းတွေက မျက်လုံးမခြောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးခြောက်လာရင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာရင် ခတ်ပေးပါ။ ဘယ်နှခါ ခတ်ရမယ် ဆိုတာကို သိဖို့ အညွှန်းကို ဖတ်ပါ။
- သင့်နားက လေထုကို ဂရုစိုက်ပါ။
ခုနက ပြောသလို မျက်နှာရှေ့ တည့်တည့်မှာ ပန်ကာဖွင့်ထားရင်၊ အဲကွန်းဖွင့်ထားရင် မျက်လုံးခြောက်တတ်ပါတယ်။ ဒါကြောင့် တည့်တည့် ဖြစ်နေရင် နေရာရွေ့ထိုင်ပါ။ အဲကွန်းခန်းထဲမှာ အကြာကြီး နေရင် အသားအရည် ခြောက်သလို မျက်လုံးလည်း ခြောက်ပါတယ်။ ရေငွေ့ထုတ်စက် (humidifier) ဖွင့်ထားပါ။
- ကိုယ်နဲ့ ကိုက်ညီတဲ့ မျက်မှန်တပ်ပါ။
တစ်ခါတစ်လေ မျက်မှန်ပါဝါ မကိုက်ရင် မျက်လုံးက ရှင်းရှင်းလင်းလလင်း မြင်ရဖို့ ပိုပြီး အားစိုက်ရပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီနဲ့ မျက်မှန်ကို တပ်ပါ။ လိုအပ်ရင် ပါဝါပြန်ချိန်ပါ။
မျက်လုံးညောင်း သက်သာစေဖို့ အကောင်းဆုံး နည်းလမ်းများ
မျက်လုံးညောင်းပြီလို့ ခံစားရတာနဲ့
- လုပ်လက်စကို ခဏရပ်ပြီး အနားယူပါ။ (၂၀-၂၀-၂၀ စည်းမျဉ်း)
- မျက်လုံးကို နှိပ်နယ်ပါ။
လက်ဖဝါး နှစ်ဖက်ကို ပွတ်ပြီး နွေးလာတဲ့ အခါ မှိတ်ထားတဲ့ မျက်လုံးပေါ်ကို လက်ဖနှောင့်နဲ့ စက္ကန့် ၃၀လောက် ခပ်ဖွဖွ ဖိထားပါ။ ပြီးရင် မျက်လုံး ပြန်ဖွင့်ပါ။ ဒါမျိုး ၃ကြိမ်ကနေ ၅ကြိမ် လုပ်နိုင်ပါတယ်။
သခွားသီးကို ရေခဲသေတ္တာထဲမှာ အေးနေအောင် ထားပြီး ပါးပါးလှီးပါ။ ပြီးရင် ညောင်းညာနေတဲ့ မျက်လုံးပေါ် သခွားသီး အေးအေးလေး ကပ်ပြီး အနားယူလိုက်ပါ။ သခွားသီး မရှိတဲ့အခါ စတီးဇွန်းနဲ့လည်း ကပ်လို့ရပါတယ်။
မျက်လုံးညောင်းတာက ဘာမှ ဆိုးဆိုးဝါးဝါး နောက်ဆက်တွဲ မဖြစ်စေပါဘူး။ ဒါပေမယ့် ကြည့်ရတာ မကောင်းတဲ့ အတွက် အာရုံစူးစိုက်လို့ မရတော့ဘူးလေ။ ဒီတော့ စိတ်ရှုပ်ရတာပေါ့။ ခုတော့ အပေါ်က နည်းလမ်းတွေ သုံးပြီး ကောင်းကောင်းအနားယူလိုက်ရင် မျက်လုံးညောင်းတာ မြန်မြန်သက်သာသွားမှာပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။