အိမ်သန့်ရှင်းရေးလုပ်တဲ့အခါတွေနဲ့ အစွန်းချွတ်ဆေးလိုမျိုးအရာတွေကို ကိုင်တွယ်ပြီး သန့်ရှင်းရေးတွေလုပ်တဲ့အခါ မျက်လုံးထဲကို မဝင်စေဖို့ မျက်လုံးကို မျက်မှန် တပ်ပြီးကာကွယ်တာမျိုး လုပ်ပေးပါ။
မျက်ကပ်မှန်က မျက်လုံးလေးတွေကို အလှတိုးစေတာမှန်ပေမယ့် မျက်ကပ်မှန်ကို မဖြုတ်ဘဲ အိပ်စက်မိရင်တော့ မျက်လုံးကို တော်တော်လေး ထိခိုက်စေမှာပါ။ နေ့ခင်းပိုင်းမှာဆိုရင်လည်း မျက်ကပ်မှန်က ပတ်ယန်းကျင်က အရာအမျိုးမျိုးနဲ့ ထိတွေ့မိထားနိုင်သလို ဘက်တီးရီးယားတွေလည်း အများကြီးပေါက်ဖွားနေနိုင်ပါတယ်။
နောက်တစ်ခုက မျက်ကပ်မှန်က မျက်လုံးကို အောက်ဆီဂျင် ရရှိစေမှုနည်းစေပြီး မျက်လုံးခြောက်တာနဲ့ အခြားမျက်လုံးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးထိခိုက်မှုကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင် မျက်ကပ်မှန်ချွတ်ပါ။
မျက်လုံးဆရာဝန်နဲ့ ပုံမှန်ပြသပါ
မျက်လုံးဆိုတာက ထိခိုက်မှ ဆရာဝန်ပြရတာမျိုးမဟုတ်ပါဘူး။ ပုံမှန်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။ ဒါကြောင့် မျက်လုံးကျန်းမာရေးကိုလည်း ခန္ဓာကိုယ်က အခြားအစိတ်အပိုင်းတွေလိုပဲ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုလုပ်ပေးပါ။
ပုံမှန် လမ်းလျှောက်တာက နှလုံးသွေးကြောဆိုင်ရာ ရောဂါ နဲ့ အမျိုးအစား -၂ ဆီးချိုရောဂါကိုတင် ကာကွယ်ပေးတာမဟုတ်ဘဲ။ မျက်လုံးကျန်းမာရေးကိုပါ ကာကွယ်နိုင်ပါတယ်။
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ၊ အဝလွန်နေတာက နာကျင်ရောင်ရမ်းမှုကို ကျဆင်းစေနိုင်သလို သွေးပေါင်ချိန်မြင့်စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါ နဲ့ ဆီးချိုလိုမျိုး မျက်လုံးကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်တာကြောင့် မျက်လုံးကျန်းမာစေဖို့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။
သွေးတွင်းသကြားဓာတ်မြင့်တက်မှုက အတွင်းတိမ်ဖြစ်စေနိုင်သလို မျက်လုံးထဲက သွေးကြောလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါတွေက အချိန်ကြာလာတဲ့အခါ အမြင်အာရုံ ပျက်စီးတာကိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အမြင်အာရုံကို မပျက်စီးချင်ဘူးဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။