လေဆာမီးဆိုတာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ အသုံးအဆောင်ပစ္စည်းတွေမှာပါတတ်ပါတယ်။ အစည်းအဝေးတွေမှာ presentation လုပ်ရင်သုံးတဲ့ လေဆာ pointer တွေ၊ ကလေးတွေဆော့ကစားတဲ့ သေနတ်တွေမှာ ပါတတ်ပါတယ်။ ငယ်ငယ်က ကလေးအချင်းချင်း သည်လိုသေနတ်တွေနဲ့ ဆော့တဲ့အခါမှာ မျက်စိကိုမထိုးနဲ့၊ မျက်စိပျက်လိမ့်မယ်လို့ အော်ခံထိဖူးကြမှာပါ။