backup og meta

အသက်ရွယ်ကြီးရင့်သူများတွင် ဖြစ်သော မျက်လုံးရေတိမ်ဖြစ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရွယ်ကြီးရင့်သူများတွင် ဖြစ်သော မျက်လုံးရေတိမ်ဖြစ်ခြင်း

    လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ပိုအားနည်းလာကြပြီး ရောဂါဖြစ်နိုင်ခြေနှင့် ဖျားနာနိုင်ခြေပိုများလာကြသည်။ မျက်လုံးအာရုံကြောများပျက်စီး၍ ဖြစ်သောမျက်လုံးရေတိမ်စွဲခြင်းသည် အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ ထိုရောဂါ၏ ဖြစ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန် ဂရုပြုဆောင်ရွက်သင့်ပါသည်။

    မျက်လုံးရေတိမ်ဖြစ်ခြင်းဆိုတာဘာလဲ။

    မျက်လုံးရေတိမ်ဖြစ်ခြင်းသည် မျက်လုံးအတွင်းရှိ အာရုံကြောပျက်စီးသွားသောကြောင့်ဖြစ်သောရောဂါဖြစ်သည်။ ထိုအမြင်အာရုံကြောသည် မျက်လုံးတွင်းရှိမျက်ကြည်လွှာမှ ဖမ်းယူပေးသောအလင်းရောင်နှင့် ပုံရိပ်များကိုဦးနှောက်သို့ ပို့ပေးခြင်းဖြင့် ကျွန်ုပ်တို့ကို မြင်ရစေသည်။ မျက်လုံးရေတိမ်ဖြစ်လျှင် မျက်လုံးအတွင်းဖိအားများမှုကြောင့် အာရုံကြောမျှင်များပျက်စီးသွားသည်။

    အာရုံကြောမျှင်များအတော်အတန်ပျက်စီးသွားသောအခါ အရာဝတ္ထုများကိုမမြင်နိုင်သော blind spot ဟုခေါ်သည့်နေရာကို ပိုကြီးမားလာစေပြီး မျက်လုံးအမြင်အာရုံချို့တဲ့လာခြင်းဖြစ်သည်။

    ထိုမှတဆင့် မျက်လုံးကွယ်သွားလျှင် တစ်သက်စာပြန်ကုမရတော့ချေ။ လူအများစုသည် အာရုံကြောများအတော်ပျက်စီးသွားသည်အထိ မျက်စိမကွယ်ဘဲရှိနေနိုင်သော်လည်း အမြင်အာရုံကြောတခုလုံးပျက်စီးသွားလျှင် လုံးဝမျက်စိကွယ်သွားမည်ဖြစ်သည်။

    မျက်လုံးရေတိမ်ဖြစ်ခြင်းသည် အသက်ကြီးသူများတွင် မျက်စိကွယ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပြီး ရောဂါကိုစောသိပြီးကုသမှုခံယူခြင်း၊ မျက်စိဆရာဝန်နှင့်ပြသကာထပ်ဖြစ်လာနိုင်သော အာရုံကြောပျက်စီးမှုများကို ကာကွယ်ခြင်းတို့ပြုလုပ်သင့်ပါသည်။

    ရောဂါလက္ခဏာများ

    • အမှောင်ထဲသို့သွားလျှင် ပုံမှန်လူများကဲ့သို့ကျင့်သားရရန်ခက်ခဲခြင်း

    • အနီး၊အဝေးရှိပစ္စည်းများကို အာရုံထားပြီးကြည့်ရန် ခက်ခဲခြင်း

    • အလင်းရောင်နှင့် စူးရှတောက်ပသောအလင်းများကိုမခံနိုင်သောကြောင့် မျက်တောင်တဖျတ်ဖျတ်ခတ်ခြင်း

    • မျက်နက်ဝန်းအရောင်ပြောင်းသွားခြင်း

    • မျက်ခွံများနီရဲရောင်ရမ်းလာခြင်း

    • မျက်လုံးအိမ်နားတဝိုက်တွင် မကြာခဏနာကျင်ခြင်း

    • ပုံရိပ် ၂ ထပ်မြင်ခြင်း

    • မြင်ကွင်း၏အလယ်တွင် အမဲစက်ဖြစ်နေခြင်း

    • ပုံရိပ်များကိုလှိုင်းတွန့်ပုံစံမြင်ခြင်း

    • မျက်ရည်များထွက်ခြင်း

    • မျက်သားခြောက်ခြင်း၊ ယားခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်း

    • သရဲကဲ့သို့ပုံရိပ်များနှင့် အစက်အပြောက်များမြင်ခြင်း

    အောက်ပါ ရောဂါလက္ခဏာများဖြစ်ပါကကျန်းမာရေးဌာနများသို့သွားကာ အရေးပေါ်ကုသမှုခံယူပါ။

    • ရုတ်တရက်မျက်လုံးကွယ်သွားခြင်း

    • ရုတ်တရက်မျက်လုံးဝါးသွားခြင်း

    • သက်တံ့ကဲ့သို့ အလင်းရောင်တန်းများမြင်ရခြင်း

    ကုသမှု

    မျက်လုံးရေတိမ်ဖြစ်ခြင်းကိုသိရှိနိုင်ရန် စစ်ဆေးမှုများကိုပုံမှန်ခံယူသင့်သည်။

    • မျက်လုံးအိမ်၏ ဖိအားကိုတိုင်းတာခြင်း

    မျက်စိအထူးကုများသည် မျက်လုံးအိမ်အတွင်းဖိအားကိုတိုင်းတာခြင်းဖြင့် ရေတိမ်ဖြစ်နိုင်ခြေရှိမရှိသိနိုင်သည်။

    မျက်လုံးအိမ်၏ဖိအားကို ဖိအားတိုင်းကိရိယာ ဖြင့်တိုင်းတာပြီး mmHg ယူနစ်ဖြင့် ဖော်ပြသည်။

    • မျက်လုံးတွင်းမှန်ပြောင်းကြည့်ခြင်း

    ကိရိယာတမျိုးကိုမျက်လုံးအိမ်နှင့်အခြားသောမျက်လုံးအင်္ဂါ များအတွင်းသို့ကြည့်ရန်အသုံးပြုသည်။ ၎င်းသည် ပုံမှန်စစ်ဆေးစမ်းသပ်မှုများနှင့် မျက်လုံးစစ်ဆေးမှုများတွင် အသုံးပြုသောစမ်းသင်မှုတခုပင်ဖြစ်သည်။

    အချုပ်ဆိုရသော် အသက်ကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့သည် ကျန်းမာရန် ခွန်အားပြည့်ရန်နှင့် ကြုံတွေ့လာမည့် ကျန်းမာရေးပြသနာများကိုဖြေရှင်းနိုင်ရန် ကျန်းမာရေးအသိရှိနေဖို့လိုအပ်ပါသည်။

    ထို့ကြောင့် သင်သည် အထက်ပါလက္ခဏာများခံစားနေရပါက သင့်မျက်လုံးအမြင်အာရုံမချို့ယွင်းမီ ဆရာဝန်ထံသွားပြသင့်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement