မျက်စိနာခြင်း ဆိုသည်ကို မျက်ကြည်လွှာယောင်ခြင်းဟုလည်းခေါ်သည်။ အဖြစ်များဆုံးမျက်လုံးရောဂါတစ်ခုဖြစ်ပြီး ကလေးတော်တော်များတွင်ဖြစ်နိုင်သည်။ မျက်စိနာခြင်း ကယောင်ခြင်းဖြစ်သည်။ မျက်ကြည်လွှာသည် မျက်လုံးအဖြူအပိုင်းတွင်ရှိပြီး မျက်ခွံလွှာအောက်တွင်ရှိသည်။ ကျောင်း ပတ်ဝန်းကျင်ရှိလူများသို့ ပြန့်လွယ်သည်။ ပုံမှန်အားဖြင့် မပြင်းထန်သော မျက်လုံးပိုးဝင်ခြင်းဖြစ်သော်လည်း တစ်ခါတရံ ပြင်းပြင်းထန်ထန်ဖြစ်နိုင်သည်။