ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

expert

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများ စာရင်း

expert-avatarbadge
Dr.Khaing Zar Chi Kyaw

သွားနဲ့ခံတွင်းကုသမှု

DK dental clinic

၂၀၁၇ တွင် မန္တလေး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိထားပါသည်။ လက်ရှိတွင် DK dental clinic ဖွင့်လှစ်ပြီး ကုသပေးလျက်ရှိပါသည်။    

နောက်ထပ် ဖတ်ရှုမည်
expert-avatarbadge
Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန်

HHG

Hello ဆရာဝန် Medical panelမှာ ကျွမ်းကျင်သမားတော်များနှင့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ (ဥပမာ ကူးစက်ရောဂါ၊ စိတ်ပညာ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ သားဖွားမီးယပ်ပညာ၊ ကလေးကျန်းမာရေး၊ ကင်ဆာရောဂါ၊ အထွေထွေခွဲစိတ်ကု၊ အာဟာရဆရာဝန်) ပါဝင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်ပညာရှင်များက Hello ဆရာဝန်ရဲ့ ဆောင်းပါးများ တိကျပြီး နောက်ဆုံးပေါ်အချက်အလက်များနဲ့ ကိုက်ညီစေရန် တည်းဖြတ်ပေးတာကြောင့်  မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာပျော်ရွှင်သော ဘဝများပိုင်ဆိုင်စေရန် ကူညီပေးနိုင်ပါတယ်။

နောက်ထပ် ဖတ်ရှုမည်
expert-avatarbadge
Dr. Nyi Nyi Kyaw

အာဟာရပညာရှင်

Sakura Hospital

လက်ရှိ ဆာကူရာဆေးရုံတွင် အာဟာရဗေဒပညာရှင်အဖြစ် လုပ်ကိုင်နေပါတယ်။  MBBS (Ygn) ဘွဲ့ကို ၂၀၁၅ ခုနှစ်က ဆေးတက္ကသိုလ် (၁) ရန်ကုန်ကနေ ရရှိခဲ့ပါတယ်။  M.Sc (Nutrition & Dietetics) (UK) ဘွဲ့ကို ၂၀၁၈ ခုနှစ်က  ယူကေနိုင်ငံ Bedfordshire တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Nutrition Society (UK)ရဲ့ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။  ကလေးဆေးရုံ သွေးနှင့်ကင်ဆာ ဌာန မှာ NGO (Childhood Cancer International) ရဲ့ Childhood Cancer Nutrition Project (ကလေးကင်ဆာ အာဟာရ project) မှာ တာဝန်ထမ်းဆောင်နေပါတယ်။ SML နှင့် Central Clinic တွေမှာလဲ…

နောက်ထပ် ဖတ်ရှုမည်
expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

ဒေါက်တာ ဖြိုးသီဟသည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်၊ ဆေးတက္ကသိုလ် ၁ မှ ဘွဲ့ရရှိခဲ့ပြီး၊ ယင်းနှစ် မတ်လထုတ် The Voice ဂျာနယ်ပါ “ဒီမိုကရေစီအလေ့အကျင့်နှင့် မြန်မာလူမျိုး” ဆောင်းပါးဖြင့် စာပေလောကသို့ စတင်ရောက်ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် “ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ” နှင့် “မာန်” စာအုပ်၊ ၂၀၁၇ ခုနှစ်တွင် “အဖြေရှာရခက်တဲ့ပုစ္ဆာ” နှင့် “သားတွေကို ပြောပြပေးပါ” စာအုပ်၊ ၂၀၁၈ ခုနှစ်တွင် “ညီလေးတို့ဖတ်ဖို့” စာအုပ်၊ ၂၀၁၉ ခုနှစ်တွင် “သမီးတွေကို ပြောပြပေးပါ”၊ “ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ဖို့ဆိုရင်” နှင့် ”ခေတ်သစ်ရဲ့ တောင်းဆိုမှုများ” စာအုပ်တို့ကို ရေးသားခဲ့ပြီး၊ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာ၊ နေ့စဉ်ထုတ်သတင်းစာ၊ ကျန်းမာရေးဂျာနယ်များ၌ လူငယ်၊ အမျိုးသမီး၊ လူမှုရေး၊…

နောက်ထပ် ဖတ်ရှုမည်
  • 1
  • နောက်ဆုံးထွက်ရှိထားသော ပညာရှင်ဆောင်းပါးများ