အချို့သောဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးတွေမှီဝဲနေရမယ်ဆိုရင် ဆေးညွှန်းစာရွက်ဘေးထွက်ဆိုးကျိုးမှာ ဆူညံသံမခံနိုင်ခြင်းပါမပါ စစ်ဆေးပါ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
နားဆရာဝန်က ကိုယ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေပြုလုပ်ပြိး လက္ခဏာရဲ့ကြာချိန်နဲ့ပြင်းထန်မှုအခြေအနေတွေအပါအဝင် ကျန်းမာရေးရာဇဝင်တွေကို မေးပါလိမ့်မယ်။ အကြားအာရုံစစ်ဆေးခြင်းကို ပြုလုပ်ပါလိမ့်မယ်။ ကြိမ်နှုန်းမတူတဲ့အသံတွေိကို ကြားနိုင်စွမ်းကိုမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။ အမှန်တကယ် ဆူညံသံမခံနိုင်သည့်ရောဂါလူနာတွေမှာ အကြားအာရုံစစ်ဆေးခြင်းမှတ်တမ်းမှာ အကြားအာရုံဆုံးရှူံးခြင်းပြလေ့မရှိပါဘူး။ အကြားအာရုံစစ်ဆေးခြင်းမှာ အကြားအာရုံဆုံးရှူံးခြင်းကို မပြပေမေယ့် ဆူညံတဲ့ပတ်ဝန်းကျင်မှာသို့ နားထောင်ဖို့ခက်တဲ့အခြေအနေတွေမှာ စကားပြောသံကိုနားထောင်ဖို့အခက်အခဲရှိခြင်း ဖြစ်နိုင်ပါတယ်။ အကြားအာရုံဆိုင်ရာဖြစ်စဉ်အခက်အခဲရှိခြင်းလို့ တခါတလေခေါ်ပါတယ်။
Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) ကို ဘယ်လိုကုသပါသလဲ
ဖြစ်ရတဲ့အကြောင်းရင်းကိုကုပြီး ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် ဆူညံသံမခံနိုင်သည့်ရောဂါကိုကုသဖို့ ဆေးတွေ ခွဲစိတ်ကုသမှုတွေမရှိပါဘူး။
အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိဘူးဆိုရင်တော့ ဆူညံသံအပေါ်တုန့်ပြန်မှုလွန်ကဲခြင်းကို လျှော့ချဖို့နည်းလမ်းတွေလျော့နည်းနိုင်ပါလိမ့်မယ်။
အပြုအမူပိုင်းဆိုင်ရာကုထုံး
ဆူညံသံနဲ့ပတ်သက်ပြိး သင်ံရဲ့သည်းမခံနိုင်မှုကို ကူညီပေးပြီး စိတ်ညစ်ညစ်မှုကိုနည်းအေင်၊ သင့်ရဲ့ငြင်းဆန်တဲ့အမူအရာ၊ နဲ့ လက္ခဏာတွေကပြန်သက်သာဖို့ သင့်ရဲ့တွေးခေါ်စဉ်းစားမှုနည်းလမ်းကို ပြောင်းပေးပါတယ်။
ပညာပေးခြင်း
ဆူညံသံမခံနိုင်သည့်ရောဂါနဲ့ပတ်သက်ပြီး သင်ယူနိုင်အောင်ကူညီပေးပါတယ်။
အသံကုထုံး
အထူးပြုလုပ်ထားတဲ့ ဆူညံသံထုတ်ပေးတဲ့စက်ကို အိပ်ခန်းထဲမှာဒါမှမဟုတ် နားကြားကိရိယာလိုမျိုး နားထဲမှာထည့်ပြီး လပေါင်းများစွာကြားစေခြင်းဖြင့် ဝေဒနာခံစားမှုကိုလျော့ပါးစေပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆူညံသံမခံနိုင်သည့်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဆူညံသံမခံနိုင်သည့်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
- အနားယူဖြေလျော့နည်းများ သင်ကြားခြင်း
- စိတ်တည်ငြိမ်စေတဲ့သီချင်းများ အသံများကို နားထောင်ခြင်း
- ဆူညံသည့်ပတ်ဝန်းကျင်များကို ရှောင်ခြင်း
- နားအဆို့ နားအဖုံးများ အသုံးမပြုခြင်း( သင့်နားကိုပိုပြီးဆတ်ဆတ်ထိမခံဖြစ်စေပါတယ်။)
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။