နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
Share now

နား၊ နှာခေါင်းလည်ချောင်းဆိုတာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ ဦးခေါင်းထဲက အစိတ်အပိုင်းတွေပါ။ ဒါကြောင့် ဒီနေရာတွေမှာ ရောဂါဖြစ်လို့ သွားကုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တို့၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့ဆီ သွားရတာပါ။ ဒီအင်္ဂါတွေမှာ ဘာတွေပါလဲ၊ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ကြည့်ကြည့်ရအောင်။

နား၊ နှာခေါင်း၊ လည်ချောင်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းများ

နား

နားကို အကြမ်းအားဖြင့် နားအပြင်ပိုင်း၊ နားစည်၊ နားအလယ်ပိုင်းနဲ့ နားအတွင်းပိုင်းဆိုပြီး ထပ်ခွဲထားပါတယ်။

  • နားအပြင်ပိုင်း

နားအပြင်ပိုင်းမှာ နားရွက်ရယ်၊ External auditory canal or tubeလို့ ခေါ်တဲ့ နားအပြင်ဘက်နဲ့ အတွင်းဘက်ကို ဆက်ထားပေးတဲ့ ပြွန်လေး ရှိပါတယ်။

နားစည်က နားအပြင်ပိုင်းနဲ့ နားအလယ်ပိုင်းနဲ့ကို ကန့်ထားပေးတဲ့ အမြှေးပါးလေးပါ။

  • နားအလယ်ပိုင်း

နားအလယ်ပိုင်းမှာတော့ အသံတွေကို နားအတွင်းပိုင်းကို ပို့ပေးဖို့ တုန်ခါနိုင်တဲ့ အရိုးသေးသေးလေး ၃ခုပါပါတယ်။ Malleusရယ် Incusရယ် Stapesရယ်လို့ ခေါ်ပါတယ်။

ဒါ့ပြင် Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေး ရှိပါတယ်။ ဒီပြွန်လေးက နားအလယ်ပိုင်းနဲ့ နှာခေါင်း အဆုံးနားလေးကို ဆက်သွယ်ပေးထားပါတယ်။ ဒီပြွန်လေးကြောင့် နားအလယ်ပိုင်းမှာ အတွင်းဖိအားကို ထိန်းထားနိုင်တာ ဖြစ်ပါတယ်။ ဖိအားမထိန်းနိုင်ရင် အသံတွေကို ကောင်းကောင်းပို့နိုင်မှာ မဟုတ်ပါဘူး။ နှာစေးနေတဲ့အချိန် အတင်းနှပ်ညှစ်ရင် နားအူလာတယ်၊ အသံကောင်းကောင်း မကြားရဘူးဆိုတာ ဒါကြောင့်ပါ။

  • နားအတွင်းပိုင်း

နားအတွင်းပိုင်းမှာတော့

-Cochleaလို့ ခေါ်တဲ့ အကြားအာရုံကြော အစုအဝေးရယ်

-Vestibule လို့ ခေါ်တဲ့ ဟန်ချက်ထိန်းပေးတဲ့ အစိတ်အပိုင်းလေးရယ် (ချာချာလည်အောင် မူးတယ်ဆိုတာ ဒီအစိတ်အပိုင်းလေးမှာ ပြဿနာ ဖြစ်လို့ပါ)၊

-Semicircular canals လို့ ခေါ်တဲ့ ဟန်ချက်ကို သိတဲ့ လက်ခံဆဲလ်တွေရှိနေတဲ့ အစိတ်အပိုင်းရယ်ဆိုပြီး ၃ခုပဲ ရှိပါတယ်။

နှာခေါင်း

နှာခေါင်းက အနံ့ခံအင်္ဂါဖြစ်ပြီး မျက်နှာရဲ့ အလယ်မှာ ရှိပါတယ်။ အတွင်းဘက်မှာဆိုရင်တော့ ခံတွင်းရဲ့ အပေါ်မှာ ရှိပါတယ်။ သူ့မှာ ပါတဲ့ အစိတ်အပိုင်းတွေကတော့

  • နှာခေါင်းပေါက် – အပြင်ကနေ ဒီတိုင်းကြည့်တောင် မြင်ရတဲ့အပေါက်ပဲ ဖြစ်ပါတယ်။
  • နှာခေါင်းအတွင်းပိုင်း – အလယ်မှာ နှာနုရိုးလေးနဲ့ ကန့်ထားပြီး လေဝင်လေထွက်လုပ်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။
  • နှာနုရိုး – အရိုးနုရယ် အရိုးရယ်လုပ်ထားပြီး အချွဲအမြှေးပါးနဲ့ အုပ်ထားပါတယ်။ နှာနုရိုးကြောင့် နှာတံစင်းတယ်၊ ကောက်တယ်ဆိုတာ ဖြစ်လာတာပါ။
  • နှာခေါင်းလမ်းကြောင်း – ရှူသွင်း ရှူထုတ်တဲ့လေ ဝင်ထွက်နေတဲ့ လမ်းကြောင်း တစ်လျှောက်ကို ခေါ်တာ ဖြစ်ပါတယ်။ အချွဲအမြှေးပါးနဲ့ အုပ်ထားပြီး လေကို စစ်ထုတ်ပေးနိုင်တဲ့ အမွေးနုလေးတွေ ရှိပါတယ်။
  • မျက်နှာလေအိတ်ငယ် (Sinuses) – နှာခေါင်းနားမှာရှိတဲ့ လေအိတ်ငယ်လေးတွေပါ။ ၄စုံရှိပြီး အချွဲအမြှေးပါးနဲ့ အုပ်ထားပါတယ်။ အထဲမှာ လေတွေနဲ့ ပြည့်နေပါတယ်။ ထိပ်ကပ်နာ ဖြစ်တယ်ဆိုတာ ဒီလေအိတ်လေးတွေထဲမှာ အချွဲတွေ ပြည့်နေတာကို ခေါ်တာပါ။

လည်ပင်း

ကြွက်သားနဲ့ ပြုလုပ်ထားတဲ့ ပြွန်ပုံစံကွင်းလေး ဖြစ်ပါတယ်။ လေ၊ အစာနဲ့ အရည်တွေ ဖြတ်သန်းတဲ့နေရာပါ။ စကားပြောရင် အသံဖို့ကိုလည်း ကူညီပေးပါတယ်။ သူ့မှာပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့

  • အသံအိုး– အရိုးနုတွေ၊ ကြွက်သားတွေ၊ အသံကြိုးတွေနဲ့ ပြုလုပ်ထားပါတယ်။ အသံကြိုးတွေက အဆုတ်ထဲကို လေတွေဝင်မယ့် လေပြွန်ရဲ့ အပေါ်ပိုင်းမှာ ရှိပါတယ်။
  • လေပြွန်အဖုံး – အသံကြိုးရဲ့ အပေါ်နားလေးတင် ရှိပါတယ်။ ဒီအဖုံးလေးက လေပြွန်ထဲကနေ အဆုတ်ထဲကို အစာတွေ၊ ရေတွေ ဝင်မသွားအောင် ကာပေးထားပါတယ်။ တစ်ခုခုကို မျိုချလိုက်တာနဲ့ ဒီအဖုံးလေးက အလိုအလျောက် ပိတ်သွားပါတယ်။ အလောတကြီး စားလို့ မတော်တဆ ဝင်သွားရင်တောင် ချောင်းဆိုးပြီး ပြန်ထုတ်ပစ်ပါတယ်။ ဒါကို သီးတယ်လို့ ခေါ်ကြပါတယ်။
  • အာသီးနဲ့ အကျိတ်များ – ခံတွင်းနဲ့ လည်ပင်းဆုံရာနေရာမှာ ရှိပါတယ်။ ပြန်ရည်တစ်ရှူးတွေနဲ့ ပြုလုပ်ထားပြီး ခံတွင်းကနေ ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ ကလေးတွေမှာ အရေးပါပါတယ်။

Takeaways

နားရယ် နှာခေါင်းရယ် လည်ချောင်းတွေက ဆက်စပ်နေတဲ့အတွက် တစ်နေရာမှာ ရောဂါဖြစ်ရင် နောက်တစ်နေရာကို အလွယ်တကူ ပျံ့သွားနိုင်ပါတယ်။ ဒါကြောင့် ဒီ၃ခုထဲက တစ်ခုခုမှာ ရောဂါဖြစ်ရင် မပေါ့ဆဘဲ စနစ်တကျ ကုသသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဖြစ်များတဲ့ နားပြဿနာ များ

နားပြဿနာ တွေက အဖြစ်များပေမယ့် အများစုက သိပ်တော့ မစိုးရိမ်ရပါဘူး။ လက္ခဏာတွေကို သိထားမယ်ဆိုရင် စောစောစီးစီး ကုသဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

နှာခေါင်း မှာလည်း ရောဂါပေါင်းစုံဖြစ်နိုင်ပြီး လက္ခဏာတွေက ဆင်တူလေးတွေပါ။ လက္ခဏာတစ်ခုခုကို အချိန်ကြာကြာခံစားနေရရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေ ကုသသင့်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

လည်ချောင်း မှာဖြစ်တဲ့ ရောဂါတွေက သာမန်ရောဂါတွေကနေ ပြင်းထန်တဲ့ရောဂါတွေအထိ  မျိုးစုံဖြစ်နိုင်ပါတယ်။ ရောဂါအမျိုးအစားကလည်း စုံပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း က မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကာကွယ်နိုင်မယ့် နည်းးလမ်းတွေကို သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ear-drum-perforation-and-deafness နားစည်ပေါက်

နားစည်ပေါက် တိုင်း နားကန်းသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
shouting out loud

အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read