backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း) ကဘာလဲ။

ချာချာလည်အောင်မူးခြင်းဆိုတာ သင့်ပတ်ဝန်းကျင်က ကမ္ဘာကြီးတခုလုံး စကောထဲထည့်လှိမ့်သလို ချာချာလည်အောင် ခံစားရခြင်း ဖြစ်ပါတယ်။ နားရဲ့အတွင်းပိုင်း ပြသနာကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ချာချာလည်အောင် မူးခြင်းကို ပေါ်လိုက်ပျောက်လိုက် ဖြစ်စေပါတယ်။ လူတချို့မှာ BPPV ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့ဖာသာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် ပြန်ဖြစ်နိုင်ပါတယ်။ BPPV ဟာ ဆိုးရွားတဲ့ကျန်းမာရေး ပြသနာတော့ မဟုတ်ပါဘူး။

Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဘဝတလျှောက်ဖြစ်ပွားနှုန်းဟာ ၂.၄%ရှိပြီး တခြားခန့်မှန်းချက်အ၇ လူဦးရေ တသိန်းမှာ ၁၀ဦးကနေ ၆၄ဦးထိ ဖြစ်ပွားတယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် တခါတရံ ရောဂါအမည်တပ်မှားတာပါရှိနိုင်ပြီး ဒီထက်ဖြစ်ပွားနှုန်းများတယ်လို့ ဆရာဝန်များက ယုံကြည်ကြပါတယ်။ အသက်ကြီးသူတွေ အထူးသဖြင့် ၆၀ကျော်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ၂၀အောက်အရွယ်မှာတော့ သိပ်မတွေ့ရပါဘူး။

အမျိုးသမီးများဟာ အမျိုးသားများထက် ၂ဆ ပိုဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကလက္ခဏာကတော့ ဒီအတိုင်းနေရင်းနဲ့ ချာချာလည်နေတယ်လို့ ခံစားရခြင်း ဖြစ်ပါတယ်။

သင့်ခေါင်းကို လှုပ်၇ှားလိုက်တဲ့အခါ (ဥပမာ အိပ်ရာထဲလှိမ့်ခြင်း၊ ခေါင်းကို ရုတ်တရက်လှည့်ခြင်း၊ ငုံ့ခြင်း) ဖြစ်နိုင်ပါတယ်။

BPPV ဟာ တမိနစ် ၂မိနစ်လောက် ကြာတတ်ပါတယ်။ သိပ်မပြင်းထန်တဲ့အချိန်ရှိတတ်သလို ဗိုက်ထဲမှာပါ မအီမသာဖြစ်ပြီး အန်ထုတ်လိုက်ရတဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။ လမ်းကောင်းကောင်း မလျှောက်နိုင်၊ ကောင်းကောင်းမရပ်နိုင်တဲ့ အခြေအနေလည်း တွေ့ရပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နားအတွင်းပိုင်းပြသနာကြောင့် ဖြစ်ပါတယ်။ နားအတွင်းပိုင်းပြွန်လေးတွေမှာရှိတဲ့ ကယ်လ်ဆီယမ်ကျောက် အသေးလေးများဟာ ကိုယ်ခန္ဓါ ကောင်းစွာရပ်တည်နိုင်ဖို့ အကူအညီပေးပါတယ်။ ပုံမှန်အားဖြင့် အထိုင်အထပြုလုပ်ချိန်၊ ခေါင်းကိုလှည့်ချိန်တွေမှာ အဲဒီကျောက်တုံးကလေးတွေဟာလည်း ရွေ့လျားသွားပါတယ်။ ဒါပေမယ့် ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကြောင့် ကျောက်တုံးလေးတွေ လိုက်မရွေ့ဘဲ နေတတ်ပါတယ်။ ဒါဟာ ဦးနှောက်ကို အချက်ပြမှုမှားစေပြီး ချာချာလည်မူးခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသက် ၅၀နဲ့အထက် အရွယ်တွေမှာ အများဆုံးတွေ့ရပေမယ့် ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ ဦးခေါင်းဒဏ်ရာရခြင်း၊ ဟန်ချက်ထိန်းညှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ပြသနာရှိခြင်း စတာတွေဟာ BPPV ကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မေးခွန်းမေးခြင်းတွေ၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ မျက်လုံးကို စောင့်ကြည့်ပြီး ဦးခေါင်းကိုလှည့်စေတဲ့ စစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။ ဒါကို Dix-Hallpike စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ ချာချာလည်အောင် မူးစေတဲ့ တခြားအကြောင်းအရာတွေ ရှိပါသေးတယ်။ ဒါကြောင့် ဆရာဝန်ဟာ BPPV မဟုတ်ဘူးယူဆရင် တခြားစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။

Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်ဟာ နည်းလမ်း၂ခုအနက်မှ တခုကို ပြုလုပ်ပါလိမ့်မယ်။ အဲဒီနည်းလမ်းတွေကတော့ Epley နည်းလမ်းနဲ့ Semont နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကုသမှုမခံယူရင်၊ ကုသမှုဟာ အလုပ်မဖြစ်ရင်တောင် BPPV ဟာ ရက်သတ္တပတ်အနည်းငယ်မှာ ပျောက်သွားနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ဟာ နားအတါင်းပိုင်းကရတဲ့ အချက်ပြမှုတွေကို ရှုပ်ထွေးလာနိုင်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းပုံစံတွေ ပြုလုပ်နိုင်ပါတယ်။

ချာချာလည်အောင်မူးတဲ့အခါ ဖြစ်တတ်တဲ့ ပျို့အန်ခြင်းတွေအတွက် ဆေးဝါးများ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် အဲဒိဆေးအမျိုးအစားတွေ သောက်သုံးခြင်းဟာ BPPV ပျောက်ကင်းဖို့ အချိန်ကြာစေပါတယ်။ ခေါင်းမူးခြင်းနဲ့ ပျို့အန်ခြင်း ဘယ်ဟာကို ရွေးချယ်သင့်လဲဆိုတာ သင်ကိုယ်တိုင်ပဲ သိနိုင်ပါတယ်။

ရုတ်တရက် ချာချာလည်အောင် မူးသွားတဲ့အခါ သင့်ကိုယ်သင်ရော၊ သူများကိုပါ မထိခိုက်စေဖို့လည်း အောက်ပါအချက်တွေကို ဂရုစိုက်ရပါမယ်။

  • သင့်မှာ BPPV ဖြစ်နိုင်ခြေရှိရင် ကား၊ ဆိုင်ကယ် မမောင်းပါနဲ့။ ထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လှုပ်ရှားမှုပုံစံက BPPV ကို ဖြစ်စေသလဲဆိုတာလည်း မူတည်ပါတယ်။
  • အိမ်မှာ ကြမ်းပြင်နဲ့ လှေကားတွေမှာ ထိခိုက်နိုင်စရာတွေကို ရှင်းလင်းထားပါ။
  • အမြင့်တက်ခြင်းရှောင်ပါ။

ပစ္စည်းကိရိယာများ၊ စက်ယန္တရားများ ကိုင်တွယ်အသုံးပြုခြင်းကို ရှောင်ပါ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ရုတ်တရက်ချာချာလည်အောင်မူးခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • ညအိပ်ရာဝင်ချိန် ခေါင်းအုံး၂လုံး (သို့) ပိုပြီး သုံးပါ။
  • စောင်းမအိပ်ပါနဲ့။ နားကိုဖိမိထားစေနိုင်ပါတယ်။
  • မနက်အိပ်ရာထရင် ဖြေးဖြေးထပါ။ မတ်တပ်မရပ်ခင် ခဏ ထိုင်နေပါ။
  • ပစ္စည်းတွေကို ကောက်ယူရင် ခေါင်းကို အရမ်းမငုံ့ပါနဲ့။ အရမ်း လှည့်မကြည့်ပါနဲ့။
  • ခေါင်းကို နောက်ဘက်မှီချိန် (ဥပမာ- သွားဆေးခန်းပြချိန်၊ အလှပြင်ဆိုင်မှာ ခေါင်းလျှော်ချိန်) များမှာ ဂရုစိုက်ပါ။
  • ခေါင်းကို လှည့်ဖို့၊ ငုံ့ဖို့၊ လှဲချဖို့လိုတဲ့ အားကစားတွေ ပြုလုပ်ချိန်မှာ သတိထားပါ။

ဟန်ချက်ညီစေတဲ့ လေ့ကျင့်ခန်းတွေ၊ ဘေးကင်းမှု နည်းလမ်းတွေကို လက်တွေ့ကျင့်သုံးနိုင်ပါတယ်။

  • Brandt-Daroff လေ့ကျင့်ခန်းကို အိမ်မှာ ပြုလုပ်နိုင်ပါတယ်။ နားအတွင်းပိုင်းက ဟန်ချက်ညီမှုကို ပျက်ပြားစေတဲ့ အချက်ပြချက်တွေကို အသားကျအောင် လေ့ကျင့်နိုင်ပါတယ်။
  • ဟန်ချက်ညီလေ့ကျင့်ခန်းတွေဖြစ်တဲ့ ခြေစုံရပ်ပြီး လက်ကိုအောက်ချပြီး ခေါင်းကို ဘေးတဖက်တချက်စီ လှုပ်ရှားတဲ့ လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။
  • BPPV ပြသနာရှိရင် ရေချိုးခန်း၊ အိမ်သာမှာ လက်ကိုင်တန်းတွေ တပ်ထားပြီး သွားလာနိုင်ပါတယ်။ မတော်တဆဖြစ်မှုကို ကာကွယ်နိုင်ပါတယ်။

တတ်နိုင်သလောက် လှုပ်ရှားတက်ကြွစွာနေခြင်းဟာ ဦးနှောက်ကို လျင်မြန်စွာ ထိန်းညှိနိုင်စေပါတယ်။ ဒါပေမယ့် ဘယ်လိုလှုပ်ရှားမှုမျိုးက ချာချာလည်မူးစေလဲဆိုတာပေါ် မူတည်ပြီး ခက်ပါတယ်။ အပိရာထဲနေတာကောင်းပေမယ့် ဦးနှောက်နဲ့ ထိန်းညှိမယ့်အချိန်ကို ပိုကြာစေပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement