နားကနေနဖားချေးအရမ်းထုတ်မိတဲ့အခါ ဒါမှမဟုတ် ရှိနေပြီးသား နားဖာချေးက နားအတွင်းပိုင်းသို့ အရမ်းထိုးသွင်းခံရတဲ့အခါမှာ နားဖာချေးပိတ်တတ်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပိတ်နေတဲ့နားကနေ ဘာမှကြားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပိတ်နေတဲ့ နားဖာချေးတွေထုတ်လိုက်ရင်တော့ ပြန်ကောင်းသွားပါလိမ့်မယ်။ အခြေအနေအများစုမှာတော့ အိမ်တွင်းဆေးနည်းတွေ အလုပ်ဖြစ်ကြပြီး ဆရာဝန်ကလည်း ပိတ်နေတဲ့ နားဖာချေးတွေကို ထုတ်ပေးနိုင်ပါတယ်။
နားဖာချေးပိတ်ခြင်းက အတွေ့ရအများဆုံး နားပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။။
နားဖာချေးပိတ်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
အထက်တွင် ဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။
အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် ဒါမှမဟုတ် မေးစရာတွေရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တွေ့ရပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တွေ မတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာက အသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။
နားဖာချေးကို နားအပြင်တစ်ဝက်ကားရံပေးထားတဲ့ အရေပြားကနေ ထုတ်ပေးတာပါ။ နားအခေါင်းပေါက်တစ်လျောက်မှာရှိတဲ့ နားဖာချေးနဲ့ အမွှေးသေးသေးလေးတွေဟာ ဖုန်တွေနဲ့ အခြားပြင်ပစ္စည်းတွေကနေ နားစည်လိုမျိုး နားအတွင်းပိုင်း အင်္ဂါတွေ မထိခိုက်မသွားအောင် ကာကွယ်ပေးထားပါတယ်။ လူအများစုမှာတော့ နားဖားချေးအနည်းငယ်လေးက ကွာကျလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ သူ့ဘာသာ မပိတ်ပဲရှိနေပါတယ်။ နားဖာချေးအမြောက်အများထုတ်လုပ်မယ် ဒါမှမဟုတ် ထိရောက်စွာ မသန့်ရှင်းနိုင်ဘူးဆိုရင် နားဖာချေးတွေပုံလားပြီး နားပိတ်သွားလိမ့်မယ်။ နားသန့်ရှင်းဖို့ ဂွမ်းတန်နဲ့ အခြားသော ပစ္စည်းတွေထည့်တတ်တဲ့ လူတွေမှာ အဖြစ်များပါတယ်။ ထိုသို့ပြုလုပ်ခြင်းက နားဖာချေးမပြင်မထွက်စေပဲ အထဲကို ထိုးသိပ်သလိုဖြစ်နေစေပါတယ်။
နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ဖော်ပြပါ အကြောင်းအရာသည် ဆေးပညာအကြံဉာဏ်များအတွက် အစားထိုးမဟုတ်ပါ။ နောက်ထပ်သိရှိလိုသည်များအတွက် အမြဲတစေဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
နားဖာချေးပိတ်မပတ်ကို ဆရာဝန်က နားအတွင်းသို့ အလင်းထိုးပြီး ပုံကြီးချဲ့ပေးသော အထူးပစ္စည်းကိရိယာတစ်မျိုး(အော်တိုစကုပ်)ဖြင့် ကြည့်ပြီး ဆုံးဖြတ်ပေးပါလိမ့်မယ်။
ဆရာဝန်က ပိုလျံနေတဲ့ နားဖာချေးတွေကို ကိရိယာအကွေးလေးဖြင့် ခြစ်ထုတ်ပေးနိုင်သလို နားကိုစစ်ဆေးနေရင်းနဲ့ စုပ်ထုတ်ပေးနိုင်ပါတယ်။ ရေနွေးနွေးလေးဖြည့်ထားသော ရာဘာဘောလုံးပါဆေးထိုးအပ် ဒါမှမဟုတ် ဝါးတားပစ်ခ်လို့ခေါ်တဲ့ ကိရိယာဖြင့်လည်း ရေဆေးထုတ်ပြစ်နိုင်ပါတယ်။ ခဏခဏပြန်ဖြစ်တတ်မယ်ဆိုရင်တော့ Carbamide peroxide (Debrox
Earwax Removal Kit, Murine Ear Wax Removal
System) လိုမျိုး နားဖာချေးထုတ်ဆေးဝါးတွေ အသုံးပြုခိုင်းမှာဖြစ်ပါတယ်။ ယင်းဆေးဝါးတွေဟာ နားစည်ကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတာကြောင့် ညွှန်ကြားထားတဲ့အတိုင်းသာ အသုံးပြုပေးပါ။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက နားဖာချေးပိတ်ခြင်းဖြင့် ရင်ဆိုင်နိုင်စေရန် ကူညီပေးပါလိမ့်မယ်။
မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို သိရှိနားလည်စေနိုင်ရန် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။