backup og meta

ကလေးများတွင် နားထိခိုက်ခြင်း

ကလေးများတွင် နားထိခိုက်ခြင်း
  • နားထိခိုက်မိခြင်းဆိုတာ ဘာလဲ

ပြင်ပဒဏ်ရာ အများစုဟာ သွေးခြေဥခြင်းနဲ့ ပွန်းခြစ် ဒဏ်ရာများဖြစ်ပါတယ်။ နားဟာ ဆိုးဆိုးရွားရွား ရောင်ရမ်းနေရင် သွေးခဲနေခြင်းကြောင့်ဖြစ်တတ်ပြီး မကုသဘဲထားလိုက်ရင် နားရဲ့ပုံသဏ္ဍာန်ဟာ အမြဲတမ်း ပျက်စီးသွားနိုင်ပါတယ်။ နားပေါက်ထဲကနေ သွေးထွက်ခြင်း အများစုဟာ လက်သည်း၊ နားကြပ်တံ၊ နားတွင်းကြည့် ကိရိယာစတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို ပွန်းခြစ်ဒဏ်ရာများဟာ သွေးအနည်းငယ်သာ ထွက်တတ်ပြီး ဒဏ်ရာကောင်းကောင်း ပြန်ကျက်ပါတယ်။ ရှည်ပြီး ထိပ်ဖျားချွန်တဲ့ပစ္စည်း ဥပမာ ခဲတံ၊ တုတ်ချောင်း၊ အအေးပိုက်၊ ဝါယာ စတာတွေဟာ နားစည်ကို ပေါက်ပြဲစေတဲ့အပြင် အကြားအာရုံကို ဒုက္ခရောက်စေတဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေ ရှိပါတယ်။

  • နားထိခိုက်ခြင်းရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ

အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။

  • တပိုင်းတစ နားမကြားရတဲ့ ပြသနာတွေရှိနိုင်ပြီး စူးရှတဲ့အသံတွေကို မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ နားမကြားရခြင်းဟာ တဖြည်းဖြည်း ပိုဆိုးလာတတ်ပါတယ်။
  • ဆူညံသံတွေ၊ နားထဲမှာ အသံတွေ မြည်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ကုသမှုဆောင်ရွက်ခြင်း

  • ဘာလုပ်သင့်သလဲ

အပေါ်ယံ ထိခိုက်ရှနာ နားဒဏ်ရာများကို အိမ်တွင်ကုသခြင်း

အနာကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးပါ။ ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ သွေးတိတ်အောင် ၁၀မိနစ်လောက် ဖိထားပါ။

  • ဘယ်အချိန်မှာ ဆေးကုသမှုခံယူသင့်သလဲ

အောက်ပါ အခြေအနေတွေမှာ ဆရာဝန် ချက်ချင်း ပြသရပါမယ်။

  • အရေပြားပွင့်ပြီး ချုပ်ဖို့လိုအပ်တဲ့အခါ
  • နားရောင်ရမ်းနေတဲ့အခါ
  • နာကျင်မှုဆိုးရွားနေတဲ့အခါ
  • နားပေါက်ထဲကို ထိပ်ဖျားချွန်တဲ့ ခဲတံ၊ တုတ်ချောင်း၊ အအေးပိုက်၊ ဝါယာ စတာတွေ ထိုးသွင်းမိပြီး နာကျင်နေတဲ့အခါ
  • နားထဲကနေ သွေးစက်လေးစက်ထက် ပိုထွက်တဲ့အခါ
  • နားပေါက်ထဲက အရည်ကြည်တွေ စီးထွက်လာတဲ့အခါ
  • လမ်းလျှောက်တာ ပုံစံမမှန်တဲ့အခါ
  • အဲဒီဘက်ခြမ်းမှာ နားကြားနိုင်မှု ကျဆင်းသွားတဲ့အခါ
  • သင့်ကလေးဟာ ပြသဖို့ လိုနေပြီလို့ ထင်တဲ့အခါ စတဲ့အချိန်တွေ ဖြစ်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း

  • ဘယ်လိုရှောင်ကြဉ်သင့်လဲ

နားထိခိုက်မှုကို ရှောင်ကြဉ်ဖို့ အောက်ပါအချက်တွေကို သတိရပါ။

  • နားကို ကျယ်လောင်တဲ့ အသံတွေကနေ ကာကွယ်ဖို့ နားကိုဖုံးကာတဲ့ ကိရိယာတွေ ဝတ်ဆင်ပါ။
  • သေနတ်ပစ်ခြင်း၊ လွှသွားစက်သုံးခြင်း၊ မော်တော်ဆိုင်ကယ်၊ နှင်းတောစီးကား စတာတွေ မောင်းနှင်ခြင်းများကြောင့် အကြားအာရုံ ထိခိုက်နိုင်တာ သတိပြုပါ။
  • ကျယ်လောင်တဲ့ ဂီတသံကို အချိန်ကြာကြာ နားထောင်ခြင်း မပြုပါနဲ့။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
(reference: nlm.nih.gov)

ယခုပုံစံ

14/01/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement