Retapamulin ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Retapamulin Brand Name(s): Retapamulin.

အသုံးပြုပုံများ

Retapamulin ကို ဘာအတွက်အသုံးပြုကြသလဲ

Retapamulinကိုဘက်တီးရီးယားပိုးကြောင့် အရေပြားတွင်ရောဂါဖြစ်ခြင်း (အနာစက်)အားကုသရာတွင်အများဆုံးအသုံးပြုကြသည်။ ၎င်းသည် ပဋိဇီဝဆေးဖြစ်ပြီးတစ်ချို့သောဘက်တီးရီးယားများ (Staphylococcus နှင့် Streptococcus) ၏ ကြီးထွားမှုကိုတားပေးခြင်းဖြင့် အာနိသင်ပြပါသည်။

Retapamulin ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကိုအရေပြားတွင်သာသုံးရပါမည်။ ဖြစ်သည့်နေရာကိုသန့်ရှင်းပြီးခြောက်သွေ့အောင် အရင်လုပ်ပါ။ ထို့နောက် ဆေးအနည်းငယ်ကို ဖြစ်သည့်နေရာတွင်လိမ်းပါ။ တစ်ရက်ကို ၂ ကြိမ် ၅ ရက် သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်းသုံးနိုင်ပါသည်။ လက်ကိုဆေးလိမ်းခြင်းမဟုတ်ပါကဆေးလိမ်းပြီးနောက် လက်ကိုသေချာဆေးကြောပါ။

ဆရာဝန်မှ မညွှန်ကြားပါပဲဆေးကိုမျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ မိန်းမကိုယ် တစ်ဝိုက် သို့မဟုတ် အရေပြားဧရိယာအများကြီးတွင် မသုံးရ။ ဖြစ်သည့်နေရာကိုပတ်တီးဂွမ်းစတို့နှင့် ဖုံးထားနိုင်ပါသည်။ သင့်ကလေး၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ထဲ မတော်တဆ၀င်မသွားစေရန်အတွက် အထောက်အကူဖြစ်စေပါသည်။

ဆေးမှအာနိသင်အကောင်းဆုံးရစေရန် မှန်မှန်သုံးစွဲပါ။ ညွှန်ကြားထားသည့်အတိုင်းအချိန်အပြည့် သုံးပါ။ ဆေးကိုစောစီးစွာရပ်လိုက်မိလျှင် ဘက်တီးရီးယားများ ပြန်ပွားလာနိုင်ပြီးပိုးရောဂါပြန်ဖြစ်လာနိုင်ပါသည်။

တိုးတက်မှုကို (အနာမျာကျက်စခြောက်စပြုခြင်း၊ နီမြန်းမှုများလျော့သွားခြင်း) ၃-၄ ရက်အတွင်းတွေ့ရပါမည်။ ၃-၄ ရက်အတွင်းတိုးတက်မှုရှိမလာပါက ဆရာဝန်ကို ပြောပါ။

Retapamulin ဘယ်လိုသိမ်းဆည်းရမလဲ

Retapamulinကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Retapamulinကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Retapamulinဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Retapamulinအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Retapamulin အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Retapamulinကိုမသုံးခင်ဤဆေးနှင့်ဓာတ်မတည့်ခြင်းသို့မဟုတ် တခြားသောဓာတ်မတည့်မှုများရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓာတ်မတည့်နိုင်သည့် inactive ဓာတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဆေးကိုစမသုံးခင် သင့်ကျန်းမာရေးရာဇ၀င်ကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပြပါ။

ကိုယ်ဝန်ဆောင်စဉ် အမှန်တကယ်လိုအပ်မှသာဆေးကိုသုံးရမည်။ ကောင်းကျိုးဆိုးကျိုးများသိရန်အတွက် ဆရာဝန်နှင့်တိုင်ပင်ပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်မဖြတ်နိုင် မသိရသေးပါ။ နို့တိုက်ကျွေးမှုမစတင်ခင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Retapamulin ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Retapamulin ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပူသလို၊ စူးသလို၊ ယားသလိုနှင့် ခံစားရနိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ဖြစ်လေ့မရှိသော်လည်း ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများဖြစ်သောအရည်ကြည်ဖုထခြင်း၊ ရောင်ခြင်း၊ အရည်များထွက်ခြင်းများ ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ဆေးကိုရေရှည်သုံးခြင်း၊ ခဏခဏသုံးခြင်းကကူးစက်ရောဂါအသစ်များကိုထပ်ဖြစ်စေနိုင်ပါသည်။ (ဥပမာ – မှိုကူးစက်ရောဂါ)။ ပိုးဝင်သည့်လက္ခဏာအသစ်များ (လည်ချောင်းနာခြင်း၊ ဖျားခြင်း) ကိုသတိပြုမိပါက ဆရာဝန်နှင့်ပြပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓာတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓာတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Retapamulin နဲ့ ဓာတ်ပြုနိုင်သလဲ

Retapamulinသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓာတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Retapamulin နဲ့ ဓာတ်ပြုနိုင်သလား

Retapamulin က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Retapamulin နဲ့ ဓာတ်ပြုနိုင်သလဲ

Retapamulinသည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Retapamulin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အနာစက်အတွက် ပုံမှန်ပမာဏ

ဖြစ်သည့်နေရာအား (အများဆုံး 100 mc2 ဧရိယာ) ဆေးပါးပါးလေးလိမ်းပါ။ တစ်ရက်လျှင် ၂ ကြိမ် ၅ ရက်လိမ်းရမည်။

မှတ်ချက်:

– ၂-၃ ရက်ပြီးနောက် တိုးတက်မှုမရှိလျှင်၊ ပိုဆိုးလာလျှင် တခြားကုသမှုပြောင်းဖို့ စဉ်းစားရမည်။

အသုံး: methicillin နှင့်နိုင်သော Staphylococcus aureus or Streptococcus pyogenesပိုးများကြောင့် ဖြစ်ရသောအနာစက်။

တခြားမှတ်ချက်များ

Administration advice:

– ဖြစ်သည့်နေရာအားပိုးသတ်ထားသည့်ပတ်တီး၊ ဂွမ်းစတို့နှင့် ဖုံးထားနိုင်ပါသည်။

– တခြားသောလိမ်းဆေးများနှင့် တစ်နေရာတည်းတွဲလိမ်းခြင်းအတွက် လေ့လာခြင်းများမရှိသေးပါ။ သုံးရန်လည်းထောက်ခံချက်မပေးထားပါ။

Patient advice:

– ဆေးမလိမ်းခင်နှင့်လိမ်းအပြီးတွင် လက်ကိုရေဆေးပါ။

– မလိမ်းခင်ဖြစ်သည့်နေရာကိုသန့်ရှင်းခြောက်သွေးအောင်လုပ်ပါ။

– ဆေးကိုပါးပါးလေးလိမ်းပြီးသာသာလေးပွတ်ပေးပါ။

– အရေးပြားအတွက်သာသုံးရမည်။ သောက်ခြင်း၊ မျက်လုံး၊ နှာခေါင်း၊ လိင်အပေါက်များအတွင်းမထည့်ရပါ။

– ဖြစ်သည့်နေရာတွင် စပ်ခြင်း၊ နီခြင်း၊ ယားခြင်း၊ ပူခြင်း၊ ဖောင်ကြွခြင်း၊ အရည်ကြည်ဖုခြင်း၊ အရည်ထွက်ခြင်းများဖြစ်လာပါက ဆရာဝန်နှင့်ပြပါ။

ကလေးတွေအတွက် Retapamulin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဖြစ်သည့်နေရာအား (အများဆုံးမှာ ခန္ဓာကိုယ်ဧရိယာ၏ ၂% သာ) ဆေးပါးပါးလေးလိမ်းပါ။ တစ်ရက်လျှင် ၂ ကြိမ် ၅ ရက်လိမ်းရမည်။

မှတ်ချက်:

– အသက် ၉ လနှင့်အထက်ကလေးများအတွက်သာ။

– အသက် ၂၄ လအောက်ကလေးများတွင် CYP450 3A4 inhibitorsများနှင့် တွဲသုံးခြင်းမျိုးကိုထောက်ခံချက်ပေးမထားပါ။ ထိုအရွယ်များသည် ကိုယ်ခန္ဓာစနစ်အတွင်းသို့ ဆေးဝင်လွယ်သောကြောင့် ဖြစ်ပါသည်။

– ၂-၃ ရက်ပြီးနောက် တိုးတက်မှုမရှိလျှင်၊ ပိုဆိုးလာလျှင် တခြားကုသမှုပြောင်းဖို့ စဉ်းစားရမည်။

အသုံး: methicillin နှင့်နိုင်သော Staphylococcus aureus or Streptococcus pyogenesပိုးများကြောင့် ဖြစ်ရသောအနာစက်။

သတိပြုရန်

အသက် ၉ လအောက်ကလေးလူနာများအတွက် အာနိသင်ရှိမှုနှင့်စိတ်ချရမှုကိုထုတ်ပြန်ထားခြင်းမရှိသေးပါ။

Retapamulin ကိုဘယ်လိုရရှိနိုင်သလဲ

Retapamulinကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • လိမ်းဆေးအဆီ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Retapamulinကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မေ 16, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 16, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။