Natrilix® ကို သွေးတိုးခြင်းကို ကုသရန် တစ်မျိုးတည်း သို့မဟုတ် တခြားဆေးများနှင့် တွဲဖက်၍ အသုံးပြုပါသည်။ ၎င်းကို နှလုံးရောင်ရောဂါနှင့် ဆက်စပ်ဖြစ်ပွားသော ဆားနှင့် ရေဓါတ် များခြင်း ( ရောင်ရမ်းခြင်း) ကို ကုသရန်လည်း အသုံး ပြုသည်။
Indapamide ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ပါ။ ဆေးအချိုးအစားကို သေချာသိရန် ဆေး၌ ပါသော စာများကို စစ်ပါ။
Indapamide ဘယ်လိုသောက်ရမလဲ မေးလိုပါက ဆရာဝန် အား မေးမြန်းပါ။
Natrilix® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Natrilix® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Natrilix® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Natrilix® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
သင့်တွင် အောက်ပါတို့ရှိပါက indapamide ကို မသုံးပါနှင့်။
သင့်တွင် ထိုအရာတို့ တစ်ခုခုရှိပါက ဆရာဝန်ကို ချက်ချင်း ဆက်သွယ်ပါ။
အရေးကြီးသော ဘေးကင်းမှု အချက်များမှာ
ကိုယ်ဝန်ဆောင်စဉ်
ကိုယ်ဝန်ရလာပါက ဆရာဝန်အား ဆက်သွယ်ပါ။ ကိုယ်ဝန် ဆောင်စဉ်တွင် indapamide သောက်ခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ဆွေးနွေးရန် လိုအပ်သည်။
ကလေးနို့တိုက်စဉ်
ဤဆေးသည် မိခင်နို့တွင် တွေ့ရသလား မသိရှိပါ။ indapamide သောက်နေစဉ် ကလေးနို့တိုက်ခြင်း မပြုပါနှင့်။
ဆေးများအားလုံးသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင် သော်လည်း လူအများစုတွင် ဘေးထွက်ဆိုးကျိုးမဖြစ်ပါ သို့မဟုတ် အနည်းငယ်သာ ဖြစ်သည်။ အောက်ပါ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာဝန် နှင့် ပြသပါ။
အောက်ပါ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ် လာပါက ဆေးကုသမှု အမြန်ခံယူပါ။
ဤစာရင်းတွင် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုး အားလုံး မပါဝင်ပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး မေးလိုပါက ဆရာဝန်အား ဆက်သွယ်ပါ။ ဘေးထွက်ဆိုးကျိုး များအတွက် ဆေးပညာ အကြံညဏ် ရရန် ဆရာဝန်အား ခေါ်ပါ။
Natrilix® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။
ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
Indapamide နှင့် ဓါတ်ပြုနိုင်သော ဆေးအချို့မှာ-
Natrilix® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Natrilix® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။ ထိုကျန်းမာရေး အခြေအနေများမှာ-
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူအတွက် စတင်သင့်သော ပမာဏမှာ ၁.၂၅ မီလီဂရမ်ကို တစ်နေ့ တစ်ကြိမ် နံနက်ပိုင်းတွင် သောက်ရန် ဖြစ်သည်။ လေးပတ်ပြီးနောက် ၁.၂၅ မီလီဂရမ်အား တုံ့ပြန်မှုကို ကျေနပ်ခြင်း မရှိပါက တစ်နေ့ တစ်ကြိမ် ၂.၅ မီလီဂရမ် သို့တိုးသောက်နိုင်သည်။
လေးပတ်ပြီးနောက် ၂.၅ မီလီဂရမ်အား တုံ့ပြန်မှုကို ကျေနပ်ခြင်း မရှိပါက တစ်နေ့ တစ်ကြိမ် ၅ မီလီဂရမ်သို့ တိုးသောက်နိုင်သည်။ သို့သော် အခြား သွေးတိုးကျဆေး ထပ်ပေါင်းသောက်ရန် စဉ်းစားသင့်သည်။
အရွယ်ရောက်ပြီးသူအတွက် စတင်သင့်သော ပမာဏမှာ ၂.၅ မီလီဂရမ်ကို တစ်နေ့ တစ်ကြိမ် နံနက်ပိုင်းတွင် သောက်ရန် ဖြစ်သည်။ တစ်ပတ်ပြီးနောက် ၂.၅ မီလီဂရမ်အား တုံ့ပြန်မှုကို ကျေနပ်ခြင်း မရှိပါက တစ်နေ့ တစ်ကြိမ် ၅ မီလီဂရမ် သို့တိုးသောက်နိုင်သည်။
သွေးတိုးသည် လုံလောက်စွာ မကျပါက indapamide ကို အခြား သွေးတိုးကျဆေးများဖြင့် ပေါင်းပေးနိုင်သည်။ သွေးပေါင်ချိန်ကို သေချာ စောင့်ကြည့်ရန်လိုသည်။
အစပိုင်း ပေါင်းပေးခြင်းကုထုံးတွင် အခြားဆေး များ၏ ပမာဏကို ၅၀ ရာခိုင်နှုန်း လျော့ချထားရန် အကြံပြုပါသည်။ သွေးပေါင်ချိန် တုံ့ပြန်မှု ထင်ရှားလာသည်နှင့်အမျှ ဆေးပမာဏ ချိန်ညိခြင်း များ နောက်ထပ် လိုအပ်နိုင်သည်။
ယေဘုယျအားဖြင့် ၅မီလီဂရမ်နှင့် အထက် ဆေး ပမာဏ များသည် သွေးပေါင်ချိန် သို့မဟုတ် နှလုံးပျက်စီးခြင်းကို ထပ် ပေါင်းသက်ရောက်မှုများ မဖြစ်စေပါ။ သို့သော် သွေးတွင်း ပိုတက်စီယမ်နည်းခြင်း ဖြစ်စေသည်။ တစ်နေ့လျှင် ၅ မီလီ ဂရမ်ထက်ပို သောက်သော လူနာများတွင် ဆေးဝါး စမ်းသပ် မှု အတွေ့အကြုံ အနည်းငယ် ရှိသည်။
ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Natrilix® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
Natrilix® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။