Didanosine

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Generic Name: Didanosine Brand Name(s): Didanosine and Didanosine.

အသုံးပြုခြင်း

Didanosine ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Didanosine ကို HIV ရောဂါပိုး ထိန်းချုပ်ဖို့အတွက် အခြားသော HIV ဆေးများနဲ့ ယှဉ်တွဲပြီး အများဆုံးအသုံးပြုလေ့ရှိပါတယ်။ဒီဆေးဟာ သင့်ခန္ဓာကိုယ်အတွင်းရှိ HIV ပိုးပမာဏကို လျော့နည်းစေတဲ့အတွက် သင့်ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေနိုင်ပါတယ်။ဒါဆိုရင် HIV ရောဂါပိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ အခြားသောကူးစက်ရောဂါများဝင်ခြင်း၊ကင်ဆာဖြစ်ခြင်း စတာတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို လူနာကိုလည်း ပိုပြီးသက်တောင့်သက်သာဖြစ်စေမှာပါ။Didanosine ဟာ nucleoside reverse transcriptase inhibitors-NRTI လို့ခေါ်တဲ့ ဆေးအုပ်စုဝင် ဆေးတမျိုး ဖြစ်ပါတယ်။

Didanosine ဟာ HIV ရောဂါပိုးကို အရှင်းပျောက်သွားအောင် ကုသပေးနိုင်တဲ့ ဆေးမဟုတ်ပါဘူး။သင့်မှာရှိနေတဲ့ HIV ရောဂါပိုးအခြားသူတွေဆီ ပျံ့နှံ့ကူးစက်ခြင်းမရှိရလေအောင် အောက်ဖော်ပြပါ အချက်တွေအားလုံးကို လိုက်နာရပါမယ်။

(၁) HIV ဆေးဝါးအားလုံးကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အတိအကျ လိုက်နာသုံးစွဲပါ။

(၂) လိင်ပိုင်းဆိုင်ရာကိစ္စတွေ ပြုမူဆောင်ရွက်တိုင်းမှာ ထိရောက်တဲ့ အကာအကွယ်ပစ္စည်းကို သုံးစွဲပါ (ကွန်ဒုံး၊ပါးစပ်အကာ စသည်)။

(၃) သွေး ဒါမှမဟုတ် ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်များ ပေကျံစွန်းထင်းနိုင်တဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကို အခြားသူများနဲ့ မျှဝေသုံးစွဲခြင်း မပြုပါနဲ့ (ဥပမာ ဆေးထိုးအပ်/အပ်၊သွားပွတ်တံ၊မုတ်ဆိတ်ရိတ်ဓား စသည်)။

အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်ထံ မေးမြန်းပါ။

Didanosine ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဒီဆေးကို အစာနဲ့ဝေးဝေး သောက်ရမှာဖြစ်ပြီး တနေ့ကို တကြိမ်သောက်ရပါမယ် (အစာစားချိန်နဲ့ အနည်းဆုံး တနာရီခွဲ၊နှစ်နာရီလောက် ခွါရမှာဖြစ်ပါတယ် ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သုံးစွဲနိုင်ပါတယ်)။ဆေးတောင့်တတောင့်လုံးကို မြိုချရမှာဖြစ်ပြီး ချိုးခြင်း၊ဝါးစားခြင်း၊ဆေးတောင့်ကို ဖွင့်ခြင်း စတာတွေကို မပြုလုပ်ရပါဘူး။ဒီလိုတွေလုပ်ရင် ဆေးအာနိသင်ကို လျော့ကျစေပါလိမ့်မယ်။

သင့်ခန္ဓာကိုယ်အလေးချိန်၊ကျန်းမာရေးအခြေအနေ၊ဆေးအပေါ်တုံ့ပြန်မှုစတဲ့အချက်တွေပေါ်မူတည်လို့ ဆေးပမာဏအပြောင်းအလဲ ရှိနိုင်ပါတယ်။

ဒီဆေးကို (အခြားသော HIV ဆေးတွေနဲ့အတူ) ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း အတိအကျ သောက်သုံးဖို့ အထူးပဲ အရေးကြီးလှပါတယ်။ဆေးသောက်ဖို့ မမေ့ပါစေနဲ့။လွတ်မသွားပါစေနဲ့။ဆရာဝန်မှ အထူးတလည်ညွှန်ကြားထားခြင်းမရှိဘဲ (ကိုယ့်သဘောနဲ့ကိုယ်) ဆေးပမာဏကို တိုးမြှင့်ခြင်း၊ညွှန်ကြားထားတဲ့အကြိမ်အရေအတွက်ထက် ပိုသောက်ခြင်း၊(ခဏပဲဖြစ်ဖြစ်) ဆေးဖြတ်လိုက်ခြင်း စတာတွေကို ရှောင်ကျဉ်ရပါမယ်။ဆေးသောက်ဖို့ မေ့သွား/လွတ်သွားခြင်း ဒါမှမဟုတ် ကိုယ့်သဘောနဲ့ကိုယ် ဆေးပမာဏပြောင်းလဲခြင်းတွေဟာ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပမာဏကို ပိုလာစေပြီး ကုသရပိုခက်လာစေသလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပိုမိုဖြစ်ပေါ်လာစေမှာပါ။

ဒီဆေးဟာ သင့်ခန္ဓာကိုယ်ထဲမှာ ပုံသေပမာဏတခု တောက်လျှောက်ရှိနေရင် အာနိသင်အကောင်းဆုံးပြသနိုင်မှာဖြစ်တဲ့အတွက် ဆေးကို သတ်မှတ်ထားတဲ့အတိုင်း အချိန်အပိုင်းအခြားညီညီမျှမျှနဲ့ သောက်သုံးရပါမယ်။နေ့စဉ်အချိန်သတ်သတ်မှတ်မှတ်ထားပြီး သောက်သုံးခြင်းအားဖြင့် ဆေးသောက်ဖို့ မေ့သွား/လွတ်သွားခြင်းကို ကာကွယ်ပေးနိုင်မှာပါ။

Didanosine ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးပြား သို့မဟုတ် ဆေးတောင့်တွေကို အခန်းအပူချိန်မှာ ထိန်းသိမ်းထားရမှာဖြစ်ပြီး တင်းကျပ်စွာပိတ်ထားတဲ့ ဆေးဗူးထဲမှာ ထည့်သွင်းထားရမှာပါ။စိုစွတ်ထိုင်းမှိုင်းတဲ့နေရာ၊အပူချိန်ပြင်းတဲ့နေရာတွေမှာ မသိမ်းဆည်းရပါဘူး။

Didanosine အရည်ကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းရပါမယ်။ရက် ၃၀ ထက် ကျော်လွန်သွားပြီဖြစ်တဲ့ Didanosine ဆေးရည်တွေကို ဆက်လက်သုံးစွဲခြင်းမပြုဘဲ လွှင့်ပစ်ရမှာပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Didanosine ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Didanosine ဆေးနဲ့ ဓာတ်မတည့်ခြင်း သို့မဟုတ် အခြားသော ဓာတ်မတည့်ခြင်းများရှိနေရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။ဒီဆေးမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ ဓာတ်မတည့်ခြင်း အပါအဝင် အခြားသောကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ပိုမိုအသေးစိတ်သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်ကို မေးမြန်းပါ။

Didanosine ဆေးကို အသုံးမပြုခင်မှာ သင့်ရဲ့ ရောဂါရာဇဝင် အပြည့်အစုံကို ဆရာဝန်အား ဂရုတစိုက်ပြောပြပါ : အထူးသဖြင့် ပန်ကရိယရောင်ရောဂါရှိခြင်း၊ကျောက်ကပ်ပြဿနာများရှိခြင်း၊အသည်းပြဿနာများရှိခြင်း (အသည်းရောင်၊အသည်းခြောက် စသည်)၊အာရုံကြောပြဿနာများရှိခြင်း၊အရက်သောက်ခြင်း၊သွေးတွင်းအဆီဓာတ်များပြားခြင်း၊သည်းခြေအိတ်ပြဿနာများရှိခြင်း (ဥပမာ သည်းခြေကျောက်တည်ခြင်း စသည်)၊ဂေါက်ရောဂါရှိခြင်း။

အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာများဟာ အသည်းပြဿနာတွေနဲ့ ပန်ကရိယရောင်ခြင်းတို့ကို ပိုမိုဆိုးရွားစေနိုင်တဲ့အတွက် ရှောင်ကျဉ်ရပါမယ်။

Didanosine ဟာ နှလုံးထိခိုက်နိုင်ချေကို ပိုများစေပါတယ်။ဒီဆေးအသုံးပြုခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ပတ်သက်လို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး နှလုံးရောဂါဖြစ်ပွါးနိုင်ချေတွေကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေပါ။တကယ်လို့ သင့်မှာ နှလုံးဆိုင်ရာပြဿနာတွေရှိနေရင်၊ဆေးလိပ်သောက်ရင်၊နှလုံးရောဂါဖြစ်စေနိုင်တဲ့အခြားသော အကြောင်းခြင်းရာတွေ (ဥပမာ သွေးတိုး၊ဆီးချိုရှိခြင်း၊သွေးတွင်း အဆီဓာတ်များခြင်း) ရှိနေရင် ဆရာဝန်ကို ကြိုတင်အသိပေးထားပါ။

ခွဲစိတ်မှုမပြုလုပ်ခင်မှာလည်း သင်သောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးအကြောင်းကို ခွဲစိတ်ဆရာဝန် သို့မဟုတ် သွားဆရာဝန်ကို အသိပေးထားပါ (ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်တဲ့ဆေးတွေ၊ဆရာဝန်ဆေးစာမလိုဘဲ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်တဲ့ဆေးတွေ၊သစ်ဥသစ်ဖုက ထုတ်လုပ်ထားတဲ့ ဆေးဖက်ဝင်ဓာတ်စာတွေ အားလုံး ပါဝင်ပါတယ်)။အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေဟာလည်း တဖြည်းဖြည်းနဲ့ ယိုယွင်းလာပါတယ်။ဒီဆေးကို ကျောက်ကပ်ကနေ စွန့်ပစ်တဲ့အတွက် သက်ကြီးရွယ်အိုတွေမှာ ဒီဆေးကို သုံးရင် ပိုဂရုစိုက်ရပါမယ်။ဘာလို့လဲဆိုတော့ အသက်ကြီးသူတွေဟာ ဆေးအာနိသင်ကို ပိုမိုခံစားရနိုင်လို့ပဲဖြစ်ပါတယ် (အထူးသဖြင့် ပန်ကရိယရောင်တာမျိုး ပိုဖြစ်လာနိုင်ပါတယ်)။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း မဖြစ်မနေလိုအပ်မှသာ ဒီဆေးကို သုံးစွဲသင့်ပါတယ်။ဒီဆေးကို သုံးစွဲခြင်းအားဖြင့် ဗိုက်ထဲက သန္ဓေသားထံ HIV ရောဂါပိုးကူးစက်မှုကို လျှော့ချပေးနိုင်ပါတယ်။ဆေးရဲ့ကောင်းကျိုးဆိုးပြစ်တွေနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒီဆေးဟာ မိခင်နို့ထဲမှာ ပါဝင်လာခြင်းရှိမရှိ မသိရသေးပါဘူး။HIV ပိုးဟာ မိခင်နို့မှတဆင့်ကူးစက်နိုင်တဲ့အတွက် ကလေးကို မိခင်နို့မတိုက်ပါနဲ့။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ။

Didanosine က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ခေါင်းကိုက်ခြင်း၊ဝမ်းလျှောခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။အဆိုပါ ဘေးထွက်ဆိုးကျိုးတွေ ပိုဆိုးလာရင် ဒါမှမဟုတ် ကာလကြာရှည်စွာ ဆက်လက်ဖြစ်ပေါ်နေရင် ဆရာဝန်ကို အသိပေးပါ။ဆေးကပေးနိုင်တဲ့ အာနိသင်ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေထက် ပိုမိုများပြားသာလွန်တယ်လို့ သင့်ဆရာဝန်က ယူဆလို့သာ ဒီဆေးကို သုံးစွဲဖို့ ညွှန်ကြားခြင်းဖြစ်ပါတယ်။ဒီဆေးကိုသုံးစွဲသူအများစုမှာတော့ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့မရှိပါဘူး။သင့်ရဲ့ ခုခံအားစနစ် တစထက်တစ ပြန်လည်ကောင်းမွန်လာတာနဲ့အမျှ သင့်ခန္ဓာကိုယ်ထဲမှာရှိပြီးသား ကူးစက်ရောဂါတွေကို စတင်တိုက်ထုတ်ပြီဖြစ်တဲ့အတွက် ရောဂါလက္ခဏာတွေ တကျော့ပြန်ပေါ်ပေါက်လာတာမျိုး ဖြစ်နိုင်ပါတယ်။သင့်ခုခံအားစနစ် လိုတာထက်ပိုပြီး တက်ကြွလှုပ်ရှားနေရင်လည်း အဆိုပါလက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ဒီလိုမျိုး ပေါ်ပေါက်လာခြင်းဟာ အချိန်မရွေးဖြစ်ပေါ်နိုင်ပါတယ် (HIV ဆေးကုသမှုခံယူပြီး မကြာခင်မှာပဲ ပေါ်ပေါက်နိုင်သလို လပေါင်းများစွာကြာပြီးမှ ပေါ်ပေါက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်)။အကြောင်းရင်းတစုံတရာမရှိဘဲ ကိုယ်အလေးချိန်ထိုးကျသွားခြင်း၊ပြင်းစွာပင်ပန်းနွမ်းနယ်ခြင်း၊(ကာလကြာရှည်စွာ) ကြွက်သားများ နာကျင်အားနည်းခြင်း၊ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ကာလကြာရှည်စွာ ခေါင်းကိုက်ခြင်း၊အဆစ်အမြစ်များနာကျင်ခြင်း၊ခြေ/လက်/ခြေချောင်း/လက်ချောင်းများ ထုံကျဉ်ခြင်း၊အမြင်အာရုံဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်း၊ကူးစက်ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေ ပေါ်ပေါက်လာခြင်း (ချမ်းတုန်ဖျားခြင်း၊အကြိတ်များရောင်ခြင်း၊အသက်ရှုရခက်ခြင်း၊ချောင်းဆိုးခြင်း၊အရေပြားအနာများဖြစ်ပေါ်လာပြီး အလွယ်တကူ မပျောက်ကင်းနိုင်ခြင်း၊သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်ခြင်းရဲ့ လက္ခဏာတွေ ပေါ်ပေါက်လာခြင်း (ဥပမာ စိတ်တိုစိတ်ဆတ်ခြင်း၊ကတုန်ကယင်ဖြစ်ခြင်း၊အပူဒါဏ်မခံနိုင်ခြင်းနှလုံးခုန်မြန်ခြင်း/စည်းချက်မမှန်ခြင်း/တဒိုင်းဒိုင်းခုန်ခြင်း၊မျက်လုံးပြူးလာခြင်း၊လည်ပင်းကြီးခြင်း စသည်)၊Guillain-Barre syndrome လို့ခေါ်တဲ့ အာရုံကြောဆိုင်ရာ လက္ခဏာပေါင်းစုတခု ဖြစ်ပေါ်လာခြင်း (ဥပမာ အသက်ရှုရခက်ခြင်း/မြိုရခက်ခြင်း/မျက်လုံးအိမ်လှုပ်ရှားရခက်ခဲခြင်း၊မျက်နှာတခြမ်းရွဲ့ခြင်း၊အကြောဆိုင်းခြင်း၊စကားပြောရခက်ခဲခြင်း) စတဲ့ ပြင်းထန်ဆိုးရွားတဲ့ လက္ခဏာတွေပေါ်ပေါက်လာရင်တော့ ဆေးဝါးကုသမှု အမြန်ခံယူရမှာ ဖြစ်ပါတယ်။

ဒီဆေးဟာ ခြေ/လက်/ခြေချောင်း/လက်ချောင်းတွေမှာ ပြင်းထန်ဆိုးရွားတဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။အဆိုပါလက္ခဏာတွေကတော့ ခြေဖဝါး၊လက်ဖဝါးတွေမှာ ထုံခြင်း/ကျဉ်ခြင်း/နာကျင်ခြင်းတွေပဲ ဖြစ်ကြပါတယ်။ဒီလိုလက္ခဏာတွေ ဖြစ်ပေါ်လာပြီဆိုတာနဲ့ ဆရာဝန်ကို ချက်ချင်းအသိပေးပါ။ဒါမှသာ သင့်ကို အနီးကပ် ဂရုတစိုက်စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။သင်လက်ရှိသုံးစွဲနေတဲ့ didanosine ဆေးပမာဏကို လျှော့ချဖို့၊ဒါမှမဟုတ် ဆေးကို ရပ်ပစ်လိုက်ဖို့ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

အောက်ဖော်ပြပါ ရှားပါးပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

-အမြင်အာရုံဆိုင်ရာပြဿနာများ (အမြင်အာရုံဝေဝါးခြင်း၊အရောင်များကို ကောင်းစွာမမြင်ရခြင်း)၊သွေးအန်ခြင်း၊ဗိုက်ဖောင်းလာခြင်း၊သွေးခြေဥလွယ်ခြင်း၊သွေးထွက်လွန်ခြင်း။

HIV ဆေး သုံးစွဲနေချိန်မှာ သင့်ခန္ဓာကိုယ်ထဲက အဆီဓာတ်တွေလည်း အပြောင်းအလဲ ဖြစ်ပေါ်တတ်ပါတယ် (ဥပမာ ကျောအပေါ်ပိုင်းနဲ့ ဝမ်းဗိုက်နေရာတွေမှာ အဆီတက်လာခြင်း၊ခြေ၊လက်တွေမှာ အဆီကျသွားခြင်း စသည်)။ဒီလိုမျိုး အပြောင်းအလဲ ဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းရင်းခံနဲ့ ရေရှည်မှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ဒီဆေးရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ပတ်သက်လို့ သင့်ဆရာဝန်နဲ့ သေချာဆွေးနွေးပါ။အဆီဓာတ်အပြောင်းအလဲဖြစ်ခြင်း ဘေးထွက်ဆိုးကျိုးကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေ လုပ်ဖို့လိုအပ်သလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဒီဆေးကြောင့် ပြင်းထန်စွာ ဓာတ်မတည့်တာမျိုးကတော့ ဖြစ်ခဲပါတယ်။ဒါပေမယ့် ပြင်းထန်စွာဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အနီစက်များထွက်လာခြင်း၊ယားယံရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ၊လျှာနဲ့ လည်ချောင်းတွေမှာ)၊ပြင်းထန်စွာ ငိုက်မျဉ်းခြင်း၊အသက်ရှုရခက်ခြင်းတို့ ဖြစ်ပေါ်လာရင်တော့ အရေးပေါ်ဆေးဝါးကုသမှုခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ။

ဘယ်ဆေးဝါးတွေက Dianosine နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

ဒီဆေးနဲ့ ဓာတ်ပြုနိုင်တဲ့ဆေးတွေကတော့ : orlistat၊ ribavirin၊ methadone၊ allopurinol၊ အာရုံကြောပြဿနာတွေကို ဖြစ်စေနိုင်တဲ့ ဆေးများ (ဥပမာ isoniazid, vincristine)၊ ပန်ကရိယရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ဆေးများ (ဥပမာ pentamidine, ganciclovir, co-trimoxazole) နဲ့ stavudine တို့ပဲ ဖြစ်ကြပါတယ်။

Didanosine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Didanosine နဲ့ ဓာတ်ပြုနိုင်ပါသလား။

Didanosine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Didanosine နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Didanosine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Didanosine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

HIV ပိုးကူးစက်ခံရခြင်းအတွက်

အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်များ :

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၂၅၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၄၀၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

သောက်ဆေးရည် :

သတ်မှတ်ထားသော ဆေးပမာဏ :

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၁၂၅ မီလီဂရမ်ကို တနေ့နှစ်ကြိမ်သောက်ရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၂၀၀ မီလီဂရမ်ကို တနေ့နှစ်ကြိမ်သောက်ရပါမယ်။

တနေ့တကြိမ်သောက်ရန် လိုအပ်သော လူနာများ :

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၂၅၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၄၀၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

အသုံးပြုခြင်း : HIV-1 ရောဂါပိုးကူးစက်ခံရသော လူနာများမှာ အခြားသော ဗိုင်းရပ်စ်ပိုးဆန့်ကျင်ဆေးများနဲ့ တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။

ကျောက်ကပ်အနေအထားပေါ်မူတည်ပြီး ဆေးပမာဏ ချိန်ညှိခြင်း

အရွယ်ရောက်ပြီး လူနာများ :

အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်များ :

CrCl ပမာဏ – 30 – 59 mL/min:

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၁၂၅ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၂၀၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

CrCl ပမာဏ – 10 – 29 mL/min:

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၁၂၅ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၁၂၅ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

CrCl ပမာဏ – 10 mL/min အောက်နည်းသူများ :

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်ပုံစံကို မသုံးစွဲသင့်ပါဘူး။အခြားဆေးပုံစံတမျိုးကို သုံးစွဲရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၁၂၅ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

သောက်ဆေးရည် ပုံစံ :

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၁၅၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ် သို့မဟုတ် တခါသောက် ၇၅ မီလီဂရမ် ပမာဏကို နှစ်ကြိမ် ခွဲသောက်နိုင်ပါတယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၂၀၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ် သို့မဟုတ် တခါသောက် ၅၀ မီလီဂရမ် ပမာဏကို နှစ်ကြိမ် ခွဲသောက်နိုင်ပါတယ်။

CrCl ပမာဏ – 10 – 29 mL/min:

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၁၂၅ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၁၅၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

CrCl ပမာဏ – 10 mL/min အောက်နည်းသူများ :

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၇၅ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၁၀၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

မှတ်ချက်များ :

-tenofovir DF နဲ့ တွဲဖက်သုံးစွဲခြင်း : CrCl ပမာဏ – 60 mL/min အောက်နည်းတဲ့ အရွယ်ရောက်ပြီးသူတွေမှာ အသုံးပြုသင့်တဲ့ ဆေးပမာဏကို မသိရှိရသေးပါဘူး။

အသည်းအနေအထားပေါ်မူတည်ပြီး ဆေးပမာဏ ချိန်ညှိခြင်း

ထိုသို့ မပြုလုပ်သင့်ပါ။

ဆေးပမာဏ ချိန်ညှိခြင်း

tenofovir DF ဆေးပုံစံတမျိုးမျိုးနဲ့ တွဲဖက်သုံးစွဲခြင်း :

အရွယ်ရောက်ပြီးသားလူနာ (CrCl ပမာဏ – 60 mL/min အနည်းဆုံးရှိသော လူနာများ)

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၂၀၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၂၅၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

ကလေးငယ်များအတွက် : တိကျသော အချက်အလက်များ မရှိသေးပါ။

မှတ်ချက်များ :

-အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်များ : ဒီဆေးကို သောက်တဲ့အခါ tenofovir DF နဲ့ အတူတွဲ သောက်သင့်သလို အစားအနည်းငယ်စားပြီးမှလည်း သောက်သင့်ပါတယ် (အစားအစာမှာ ၄၀၀ ကီလိုကယ်လိုရီအထိ၊အဆီရာခိုင်နှုန်း ၂၀ အထိ ပါဝင်နိုင်ပါတယ်) ဒါမှမဟုတ် အစာမရှိတဲ့အချိန်မှာလည်း သုံးစွဲနိုင်ပါတယ်။

-ဆေးရည်ပုံစံ : အစာမရှိတဲ့အချိန်မှာ tenofovir DF နဲ့ တွဲဖက်ပြီး သုံးစွဲနိုင်ပါတယ်။ နောက်ထပ်နည်းလမ်းတမျိုးကကျတော့ tenofovir DF ကို အစာနဲ့သောက်ပြီး ဒီဆေးရည်ကို အစာမရှိတဲ့အချိန်မှာ သောက်နိုင်ပါတယ်။

-Didanosine ကြောင့် ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာရင် အမြန်ဆုံးသိနိုင်ဖို့အတွက် အနီးကပ်စောင့်ကြည့်ပေးရပါမယ်။

-အချို့သော ကျွမ်းကျင်သူများရဲ့အလိုအရ ဒီဆေးနှစ်မျိုးကို တွဲမသုံးသင့်ဘူးလို့ ဆိုပါတယ်။

ကျောက်ကပ်ဆေးခြင်း သို့မဟုတ် ဝမ်းဗိုက်မှတဆင့် သွေးလဲခြင်း ပြုလုပ်နေရသူများ

အရွယ်ရောက်ပြီးသူ လူနာများ :

အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်များ :

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်ပုံစံကို မသုံးစွဲသင့်ပါဘူး။အခြားဆေးပုံစံတမျိုးကို သုံးစွဲရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၁၂၅ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

သောက်ဆေးရည် ပုံစံ :

-ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် လူနာများ : ၇၅ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

-ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသော လူနာများ : ၁၀၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရပါမယ်။

မှတ်ချက်:

ကျောက်ကပ်ဆေးပြီးချိန်မှာ အထူးတလည် ဆေးထပ်သောက်စရာ မလိုပါဘူး။

အခြားမှတ်ချက်များ

ဆေးသုံးစွဲခြင်းဆိုင်ရာ အကြံပြုချက်များ :

-ဘယ်လိုဆေးပုံစံပဲဖြစ်ဖြစ် အစာမရှိတဲ့အချိန်မှာ သုံးစွဲပါ။ဆေးရည်သုံးစွဲတဲ့အခါ အစာမစားခင် (အနည်းဆုံး) နာရီဝက် သို့မဟုတ် အစာစားပြီး (အနည်းဆုံး) ၂ နာရီ ခွါပြီး သုံးစွဲရပါမယ်။

-အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်များ : ဆေးတောင့်တတောင့်လုံးကို မြိုချပါ။မချိုးပါနဲ့၊ဝါးမစားပါနဲ့၊ထက်ပိုင်းမခြမ်းပါနဲ့၊ရေမှာဖျော်မပစ်ပါနဲ့၊ဆေးတောင့်ကို မဖွင့်လိုက်ပါနဲ့။

-ဆေးတောင့်မြိုချနိုင်စွမ်းမရှိလောက်တဲ့ လူနာတွေမှာဆိုရင်တော့ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဆေးမှုန့်ကို အရည်ဖျော်ပြီးသောက်ပါ။

-ဆေးရည်ပုံစံ : ဆေးရည်ကို မသောက်မီ ကောင်းစွာ လှုပ်ခါပေးပါ။ရက်၃၀ကျော်ပြီးတဲ့ ဆေးရည်တွေကို လွှင့်ပစ်ပါ။

သိုလှောင်သိမ်းဆည်းရာတွင် လိုက်နာရမည့်အချက်များ :

-ဆေးတောင့် : တင်းကျပ်စွာ အလုံပိတ်ထားသော ဆေးပုလင်းကို ၂၅ ဒီဂရီစင်တီဂရိတ် (၇၇ ဒီဂရီဖာရင်ဟိုက်)မှာ သိုလှောင်သိမ်းဆည်းပါ။၁၅ – ၃၀ ဒီဂရီစင်တီဂရိတ် (၅၉ – ၈၆ ဒီဂရီဖာရင်ဟိုက်)မှာ ခေတ္တထားလို့ ရပါတယ်။

-ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဆေးမှုန့် : ဆေးမှုန့်ပုလင်းကို ၁၅ – ၃၀ ဒီဂရီစင်တီဂရိတ် (၅၉ – ၈၆ ဒီဂရီဖာရင်ဟိုက်) မှာ သိုလှောင်သိမ်းဆည်းပါ။ဖျော်ပြီးသား ဆေးပုလင်းကို ရေခဲသေတ္တာထဲ ထည့်သွင်းပြီး ၂ – ၈ ဒီဂရီစင်တီဂရိတ် (၃၆ – ၄၆ ဒီဂရီဖာရင်ဟိုက်)မှာ ရက်ပေါင်း၃၀ အထိ သိမ်းဆည်းထားနိုင်ပါတယ်။

ဆေးရည်ဖျော်ခြင်း နည်းလမ်းများ :

-ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဆေးမှုန့် : ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပါ။

စောင့်ကြည့်ခြင်း :

-အထွေထွေ : Ultrasound (တယ်လီဗေးရှင်း ဓာတ်မှန်)ရိုက်ခြင်း။

-သွေးနှင့်ပတ်သက်သော အခြေအနေများ : သွေးမွှားဥအရေအတွက် ကျဆင်းခြင်း၊ဘေလုံးကြီးခြင်း စတဲ့ အသည်းသွေးကြော၌ သွေးပေါင်မြင့်တက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေကို စောစီးစွာ သိရှိနိုင်ဖို့အတွက် ပုံမှန်စစ်ဆေးနေရပါမယ်။အယ်လ်ဗျူမင်ဓာတ်စစ်ဆေးခြင်း၊သွေးဆဲလ်အမျိုးမျိုးရဲ့ ပမာဏကို စစ်ဆေးခြင်း၊INR လို့ခေါ်တဲ့ စစ်ဆေးမှုတခုကို ပြုလုပ်ခြင်း။

-အသည်းဆိုင်ရာစစ်ဆေးခြင်း : အသည်းအင်မ်ဇိုင်းများ နဲ့ ဘီလီရူဘင် ဓာတ်ကို စစ်ဆေးရပါမယ်။နဂိုကတည်းက အသည်းမကောင်းတဲ့ လူနာတွေမှာဆိုရင် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို စစ်ဆေးတဲ့ သွေးစစ်မှုတွေကို လုပ်ဆောင်ပြီး စောင့်ကြည့်ရပါမယ်။

-မျက်လုံးဆိုင်ရာ : မြင်လွှာစစ်ဆေးခြင်းကို (ဆေးသုံးစွဲနေစဉ်ကာလတလျှောက်လုံးမှာ) အချိန်မှန် စစ်ဆေးရပါမယ်။

-ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ : သက်ကြီးရွယ်အိုတွေအတွက် (ဆေးသုံးစွဲနေစဉ်ကာလတလျှောက်လုံးမှာ) ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို စစ်ဆေးပေးရပါမယ်။

လူနာများအတွက် အကြံပေးချက် :

-ဆေးညွှန်းကို သေချာစွာဖတ်ရှုလေ့လာပါ။

-ဒီဆေးသုံးစွဲနေစဉ်ကာလတလျှောက်လုံးမှာ မျက်စိစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပါ။

ကလေးငယ်တွေမှာ Didanosineကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

HIV ပိုးကူးစက်ခံရခြင်းအတွက်

အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်များ :

ကိုယ်အလေးချိန် ၂၀ ကီလိုဂရမ်မှ ၂၅ ကီလိုဂရမ်အောက် ကလေးလူနာများ : ၂၀၀ မီလီဂရမ်ကို တနေ့တကြိမ် သောက်ရပါမယ်။

ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ်မှ ၆၀ ကီလိုဂရမ်အောက် ကလေးလူနာများ : ၂၅၀ မီလီဂရမ်ကို တနေ့တကြိမ် သောက်ရပါမယ်။

ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ် ရှိသော ကလေးလူများများ : ၄၀၀ မီလီဂရမ်ကို တနေ့တကြိမ် သောက်ရပါမယ်။

သောက်ဆေးရည်ပုံစံ :

အသက် ၂ပတ်မှ ၈လအထိ : 100 mg/m2 ပမာဏကို တနေ့နှစ်ကြိမ် သောက်ရပါမယ်။

အသက် ၈လအထက် : 120 mg/m2 ပမာဏကို တနေ့နှစ်ကြိမ် သောက်ရပါမယ်။

အများဆုံးသုံးစွဲနိုင်တဲ့ ပမာဏ :

ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် : ဆေးတကြိမ်သောက်လျှင် ၁၂၅ မီလီဂရမ်။

ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသူများ : ဆေးတကြိမ်သောက်လျှင် ၂၀၀ မီလီဂရမ်။

မှတ်ချက်များ :

-သောက်ဆေးရည်ပုံစံ : အရွယ်ရောက်ပြီးသူတွေမှာ သောက်တဲ့ပမာဏထက် မကျော်လွန်ရပါဘူး။

အသုံးပြုခြင်း : HIV-1 ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းအတွက် အခြားသောဆေးတွေနဲ့ တွဲဖက်သုံးစွဲနိုင်ပါတယ်။

HIV ပိုးကူးစက်ခံနေရသော ကလေးများအား ဆေးဝါးကုသစီမံပေးခြင်း :

အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်များ :

အသက် ၆နှစ်နှင့် အထက် :

ကိုယ်အလေးချိန် ၂၀ ကီလိုဂရမ်မှ ၂၅ ကီလိုဂရမ်အောက် ကလေးလူနာများ : ၂၀၀ မီလီဂရမ်ကို တနေ့တကြိမ် သောက်ရပါမယ်။

ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ်မှ ၆၀ ကီလိုဂရမ်အောက် ကလေးလူနာများ : ၂၅၀ မီလီဂရမ်ကို တနေ့တကြိမ် သောက်ရပါမယ်။

ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ် ရှိသော ကလေးလူများများ : ၄၀၀ မီလီဂရမ်ကို တနေ့တကြိမ် သောက်ရပါမယ်။

သောက်ဆေးရည်ပုံစံ :

အသက် ၂ပတ်မှ ၃လအထိ : 50 mg/m2 ပမာဏကို တနေ့နှစ်ကြိမ် သောက်ရပါမယ်။

အသက် ၃ – ၈လ အထိ : 100 mg/m2 ပမာဏကို တနေ့နှစ်ကြိမ် သောက်ရပါမယ်။

အသက် ၈လနှင့်အထက် : 120 mg/m2 (

အများဆုံးသုံးစွဲနိုင်တဲ့ ပမာဏ :

ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် : တရက်လျှင် ၂၅၀ မီလီဂရမ်။

ကိုယ်အလေးချိန် အနည်းဆုံး ၆၀ ကီလိုဂရမ်ရှိသူများ : တရက်လျှင် ၄၀၀ မီလီဂရမ်။

မှတ်ချက်များ :

-ဒီဆေးထက် ပိုပြီးအန္တရာယ်ကင်းတဲ့ ဆေးတွေရှိနေတဲ့အပြင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း အတော်များတာမို့ ဒီဆေးကို ဦးစားပေးရွေးချယ်တာမျိုး မလုပ်သင့်ပါဘူး။

-(အသက်၃နှစ်နဲ့အထက်ရှိပြီး) HIV အတွက် ဆေးဝါးကုသမှုတကြိမ်မှ မခံယူဖူးတဲ့ လူနာတွေမှာ 240 mg/m2 ပမာဏကို တနေ့တကြိမ်သုံးစွဲပေးခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုးကို သိသိသာသာကြီး နှိမ်နင်းနိုင်ပါတယ် (ဆေးတောင့်/ဆေးရည် ဘယ်လိုပုံစံမျိုးဖြစ်ဖြစ်ပါ)။

-ခန္ဓာကိုယ်မျက်နှာပြင်ဧရိယာ အခြေခံဆေးပမာဏဟာ အရွယ်ရောက်ပြီးသူတွေမှာ သုံးစွဲရမယ့် ဆေးပမာဏထက် ကျော်လွန်ခြင်း မရှိရပါဘူး။

-tenofovir disoproxil fumarate (DF) နဲ့ တွဲဖက်ပြီး သုံးစွဲခြင်း မပြုရပါဘူး။

-လက်ရှိဖော်ပြထားတဲ့ သုံးစွဲမှုပမာဏ နဲ့ ပုံစံကို အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Didanosine ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Didanosine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဖျော်သောက်ရန် ဆေးမှုန့်ပုံစံ။
  • ဝါးစားနိုင်သော ဆေးပြားပုံစံ။
  • အချိန်ကြာမြင့်စွာ အာနိသင်ပြသော ဆေးတောင့်ပုံစံ။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Didanosine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 1, 1970 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 18, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။