backup og meta

သစ်သီးဝလံများက ဘာအတွက်ကောင်းသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သစ်သီးဝလံများက ဘာအတွက်ကောင်းသလဲ

    သစ်သီးဝလံက ဘာကောင်းကျိုးတွေရှိလဲ သင်သိပါသလား။

    သစ်သီးတွေမှာဟင်းရွက်တွေလိုပဲဗီတာမင်၊ သတ္တုဓါတ် နဲ့အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

    သစ်သီးတွေမှာကာဗိုဟိုက်ဒရိတ်လည်းပါတဲ့အတွက်သူတို့ကိုသင့်အစားအစာရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်မှတ်ယူနိုင်ပါတယ်။ လတ်ဆတ်တဲ့သစ်သီးဒါမှမဟုတ်သစ်သီးအသုပ်လေးတွေကသင့်ကိုခံတွင်းတွေ့စေမှာဖြစ်သလိုအာဟာရဓါတ်အပိုတွေလည်းရစေမှာပါ။

    အကောင်းဆုံးရွေးချယ်မှုတွေကဘာတွေလဲ။

    အကောင်းဆုံးသစ်သီးရွေးချယ်မှုဆိုတာကသကြားထပ်မထည့်ထားဘဲသဘာဝအတိုင်းလတ်ဆတ်တဲ့၊အအေးခံထားတဲ့သစ်သီးတွေပဲဖြစ်ပါတယ်။

    သစ်သီးထည့်ထားတဲ့အချိုရည်၊သစ်သီးခြောက်နဲ့၁၀၀ရာခိုင်နှုန်းသစ်သီးဖျော်ရည်တွေကလည်းအာဟာရပြည့်တဲ့ရွေးချယ်မှုတွေပါပဲ။ ဒါပေမယ့်သူတို့ပမာဏက နည်းတဲ့အတွက်တခြားအစားအစာတွေလောက်တော့ဗိုက်ပြည့်မှာမဟုတ်ပါဘူး။

    သိထားသင့်တဲ့အချက်များ

    ကာဗိုဟိုက်ဒရိတ် ပါဝင်နှုန်း

    သစ်သီးတစ်လုံးရဲ့ အစိတ်လေးတစ်ခု (သို့) အအေးခံထားတဲ့ သစ်သီး (သို့) စည်သွပ်သစ်သီး ခွက်တစ်ဝက်လောက်မှာ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်လောက်ပါပါတယ်။ ဘယ်ရီသီးတွေနဲ့ ဖရဲသီးတွေရဲ့ တစ်ခါစားပမာဏက ခွက်ရဲ့လေးပုံသုံးပုံကနေ တစ်ခွက်ထိပါ။ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်ရဖို့ အသီးအပေါ်လိုက်ပြီး ခွက် သုံးပုံတစ်ပုံကနေ နှစ်ပုံတစ်ပုံထိ ကွာခြားနိုင်ပါတယ်။

    စပျစ်သီးခြောက်၊ဘယ်ရီသီးခြောက်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းမှာတော့ကာဗိုဟိုက်ဒရိတ်၁၅ဂရမ်ပါဝင်ပါတယ်။ ဒါကြောင့်သင်စားတဲ့ပမာဏတွေကိုသတိပြုပါ။

    သစ်သီးတွေကိုတခြားကာဗိုဟိုက်ဒရိတ်အရင်းအမြစ်တွေနေရာမှာအစားထိုးပြီးစားသောက်လို့ရပါတယ်။ဥပမာ – ဆန်မှုန့်ပြောင်းမှုန့်၊ ကောက်ပဲသီးနှံများ၊နို့ထွက်ထုတ်ကုန်များ

    ပန်းကန်အသုံးပြု အစားအသောက်နည်းလမ်း

    ပန်းကန်အသုံးပြုစားသုံးတဲ့နည်းလမ်းအတွက်ဆိုရင်တော့အချိုပွဲအတွက်အသီးစိတ်လေး (သို့) အသီးသုပ်ခွက်တစ်ဝက်က သင့်ပန်းကန်ထဲတွင်ရှိသော ကစီဓါတ်မပါသော အသီးအရွက်များ၊ ကစီဓါတ်ပမာဏအနည်းငယ် နဲ့ပရိုတင်းအစားအစာများအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်စာတစ်ခုပါပဲ။

    Glycemic index ကိုအသုံးပြုခြင်းအတွက်

    အသီးတော်တော်များများမှာglycemic index (GI) (ကလူးကိုစ့်) ပါဝင်မှုနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့မှာ fructose လို့ခေါ်တဲ့သကြားဓါတ်တစ်မျိုးနဲ့အမျှင်ဓါတ်ပါဝင်မှုများလို့ပါ။ ဖရဲသီးနဲ့နာနတ်သီးတွေမှာတော့ GI ပါဝင်မှုအလယ်အလတ်ရှိပါတယ်။ တချို့အသီးခြောက်တွေဖြစ်တဲ့စွံပလွန်ခြောက်၊စပျစ်ခြောက်နဲ့ဘယ်ရီသီးခြောက်တွေမှာလည်း GI ပါဝင်မှုအလယ်အလတ်ရှိပါတယ်။

    ယေဘူယျသစ်သီးများ-

    • ပန်းသီး
    • ပန်းသီးဆော့စ်
    • တရုတ်ဇီးသီး
    • ငှက်ပျောသီး
    • ဘယ်ရီသီးအမည်းရောင်
    • ဘလူးဘယ်ရီ
    • သခွားမွှေး
    • ချယ်ရီသီး
    • စွံပလွန်သီး
    • အသီးခြောက်
    • သဖန်းသီး
    • သစ်သီးကော့တေး
    • ရှောက်ခါးသီး
    • စပျစ်သီး
    • ကီဝီသီး
    • သရက်သီး
    • လိမ္မော်သီး
    • သင်္ဘောသီး
    • မက်မွန်သီး
    • သစ်တော်သီး
    • နာနတ်သီး
    • ထန်းသီး
    • ရက်စ်ဘယ်ရီ
    • စတော်ဘယ်ရီ
    • မန်ကျည်းသီး
    • ဖရဲသီး

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement