Cape Gooseberry (ဗောက်သီး)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

(ဗောက်သီး) Cape Gooseberry

ဗောက်သီးမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်တဲ့ဝေဒနာအချို့ကနေ ကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်းတို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။

ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်းဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။ဗောက်သီးမှာ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေလည်းအတော်အသင့်ပါဝင်ပါတယ်။ဗောက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့Polyphenols နဲ့ carotenoidတွေလည်းပါဝင်ပါတယ်။

ဗောက်သီးကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ဆီးချို-ဗောက်သီးမှာfructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ်။

ရောင်ရမ်းမှုကိုသက်သာစေခြင်း –ဗောက်သီးမှာpolyphenol နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ပန်းနာရင်ကျပ်သက်သာစေတဲ့ဆေး၊ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ရောင်ရမ်းမှုသက်သာစေတဲ့ဆေး၊ဝမ်းပျော့ဆေး၊ဝမ်းနုတ်ဆေးတွေထုတ်လုပ်ရာမှာအသုံးပြုသလို အစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။

သွေးတိုးရောဂါကိုထိန်းညှိ –ဗောက်သီးမှာpolyphenols ၊ carotenoid တို့လိုမျိုး phyto-chemical တွေနဲ့သွေးတိုးတာကိုသက်သာစေနိုင်တဲ့ ပိုတက်ဆီယမ်ဓါတ်တွေသင့်တင့်မျှတစွာပါဝင်တာကြောင့်ဗောက်သီးကသွေးတိုးတာကိုထိန်းညှိပေးနိုင်ပါတယ်။ ထိုဇီဝဓါတုဒြပ်ပေါင်းတွေက ကိုလက်စထရောကိုကျဆင်းစေပါတယ်။

အဆုတ်ကင်ဆာ – မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအရဗောက်သီးမှာpolyphenol နဲ့ carotenoidတွေပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမှုမှာ အကျိုးရှိစေနိုင်တယ်၊လို့တွေ့ရှိရပါတယ်။ဗောက်သီးမှာ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာကုသမှုမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

အာရုံကြောပြဿနာတွေကို သက်သာစေခြင်း –ဗောက်သီးမှာfree radicalတွေကိုထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာကြောင့် အာရုံကြောဆိုင်ရာရောဂါတွေအပါအဝင်ရောဂါတော်တော်များများကို ခုခံရာမှာ အထောက်အကူပြုပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း –ဗောက်သီးမှာ ဗီတာမင်အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြော်င့နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင်အေ ပမာဏကိုလုံလောက်စွာထောက်ပံ့ပေးပါတယ်။ ဗီတာမင်အေ က မျက်လုံးကိုကျန်းမာစေပြီးရေတိမ်ဖြစ်တာနဲ့ မျက်လုံးကြွက်သားတွေပျက်စီးတာကိုကာကွယ်ပေးပါတယ်။

အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေခြင်း –ဗောက်သီးမှာ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်လိုအပ်တဲ့ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်တွေ စုပ်ယူမှုကို အထောက်အပံ့ပေးတဲ့pectin ပါရှိပါတယ်။ဗောက်သီးက အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဒူလာနဲ့ အရေပြားနီမြန်းရောင်ရမ်းတာကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။

ကိုယ်ခံစနစ်ကိုတိုးမြှင့်ပေးနိုင်ခြင်း –ဗောက်သီးမှာ ဗီတာမင် စီ (Vitamin C) ပါဝင်တာကြောင့် ခန္ဓါကိုယ်ကလိုအပ်တဲ့ ဗီတာမင် စီ ကိုပြည့်ဝစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

အသည်းကျန်းမာစေခြင်း –ဗောက်သီးက ခန္ဓါကိုယ်တွင်းက ကိုလက်စထရောပမာဏကိုထိန်းညှိပေးပြီး အသည်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerosis) –ဗောက်သီးဖျော်ရည်မှာ နှလုံးရဲ့ လုပ်ဆောင်မှုတွေကိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုတဲ့ အရေးပါတဲ့phyto-chemical အချို့ပါဝင်ပါတယ်။

အအေးမိ၊ တုပ်ကွေးတွေကို သက်သာစေခြင်း – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ဗောက်သီးက အအေးမိတုပ်ကွေးဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဗောက်သီးကို တစ်နေ့နှစ်ကြိမ်ရေနွေးနဲ့စားသုံးပေးမယ်ဆိုရင် နှာခေါင်းပိတ်တာကိုသက်သာစေမှာဖြစ်ပြီးနေလို့သက်သာလာစေမှာဖြစ်ပါတယ်။

ကျောက်ကပ်ကိုကျန်းမာရေးကောင်းမွန်စေခြင်း –ဗောက်သီးက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓါကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေ၊အငန်ဓါတ်တွေနဲ့ပြန်ရည်ကြောစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပေးတာကြောင့်ကျောက်ကပ်ကိုကျန်းမာစေပါတယ်။

ဘက်တီးရီးယားတွေကိုသေစေနိုင်စေခြင်း –ဗောက်သီးမှာပါတဲ့ ဓါတ်တွေက ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ဗောက်သီးကE. Coli ဘက်တီးရီးယားအပါအဝင် ဘက်တီးရီးယားတော်တော်များများကိုသေစေနိုင်ပါတယ်။

ဗီတာမင် စီ ကြွယ်ဝခြင်း –ဗောက်သီးမှာ သံပုရာသီးထက် ဗီတာမင် စီ ၂ ဆလောက်ပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကြောင့်ဗောက်သီးစားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါ၊လေဖြတ်ခြင်း၊ ကင်ဆာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

Pectin ပါဝင်ခြင်း –ဗောက်သီးမှာအစာချေအူလမ်းကြောင်းရဲ့လုပ်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးတဲ့ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ဗောက်သီးရဲ့ဘေးထွက်ဆိုးကျိုးများ

မမှည့်သေးတဲ့ဗောက်သီးမှာ ဓါတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အဆိပ်ရှိတဲ့alkaloid အနည်းငယ်ပါဝင်နေတာကြောင့်ဗောက်သီးကိုမမှည့်ဘဲမစားသုံးသင့်ပါဘူး။

ချယ်ရီသီးမျိုးရင်းဝင်၊ ဘယ်ရီသီးမျိုးရင်းဝင်အသီးတွေအပင်တွေနဲ့ ဓါတ်မတည့်သူတွေအနေနဲ့ဗောက်သီးမစားသုံးသင့်ပါဘူး။

ဗီတာမင် စီ၊ ဗီတာမင် အို တို့နဲ့ ဓါတ်မတည့်သူတွေအနေနဲ့လည်းဗောက်သီးကိုလုံးဝမစားသုံးသင့်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    နာတာရှည် အဆုတ်ရောင်ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

    နာတာရှည်အဆုတ်ရောင် ရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေက အသက်အန္တရာယ် ထိခိုက်နိုင်တာကြောင့် တတ်ကျွမ်းသူနဲ့ သေသေချာချာ ကုသမှုခံယူဖို့ လိုပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    နာတာရှည် အဆုတ်ရောင် ရောဂါအတွက် ကုသနည်းများ

    နာတာရှည် အဆုတ်ရောင်ရောဂါကို ကုသမယ်ဆိုရင် ဆေးဝါးတွေ၊ ရှူဆေးတွေ၊ စတီးရွိုက်တွေ၊ အောက်ဆီဂျင်ကုထုံးတွေ၊ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ၊ခွဲစိတ်နည်းတွေရှိပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    လေထုထဲမှ ကူးစက်နိုင်သော ရောဂါများ

    ရောဂါပိုးရှိသူများ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ နှပ်ညှစ်ခြင်းတွေပြုလုပ်တဲ့အခါ လေထုထဲကို ရောဂါပိုးတွေ ရောက်ရှိသွားနိုင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin

    အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

    အစာအိမ်အူလမ်းကြောင်းစနစ်ဟာ ကိုယ်ခန္ဓာထဲမှာ ရှုပ်ထွေးပြီးရှည်လျားတဲ့ စနစ်တခုဖြစ်ပါတယ်။ အူလမ်းကြောင်းတခုလုံးဟာ ပါးစပ်ကနေ စတင်ပြီး စအိုမှာဆုံးပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin

    သင့်အတွက် ရွေးချယ်ထားသည်

    Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

    Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
    ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

    ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
    ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

    ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
    အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

    အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 1 min read