သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 1 min read
Share now

အားဆေး မဖြစ်မနေသောက်ပေးမှ ကျန်းမာရေးကောင်းမှာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ရှိတတ်ကြမှာပါ။ ကိုယ်ကလည်း စားလို့ကောင်းသောက်လို့ကောင်းတဲ့အရွယ်၊ ကျန်းမာရေးကလည်း ကောင်းနေတယ်ဆိုရင် အားဆေး မသောက်လို့ရလား။

အမှန်က အားဆေးဆိုတာ အာဟာရဓာတ်တွေချို့တဲ့နေတဲ့သူတွေရှိတာကြောင့် သူ့တို့ကို ပြန်ပြီး အာဟာရဖြည့်ပေးဖို့အတွက် ပေါ်လာရတာပါ။ ဒါပေမယ့် စားလို့ကောင်းသောက်လို့ကောင်းတဲ့ သူတွေလည်း အားဆေးသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာ ကိုယ်ကြိုက်တာကိုပဲ ရွေးစားတဲ့ အကျင့်ရှိတယ်လေ။ ကျန်းမာရေးနဲ့ညီညွတ်လေ စားရတာ မကြိုက်လေပဲမဟုတ်လား။ ပြီးတော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် တွေ နေ့စဉ်အကုန်စုံအောင်စားနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒီတော့ အားဆေးသောက်ဖို့လိုကို လိုအပ်ပါတယ်။

အားဆေးသောက်ဖို့လိုအပ်တယ်ဆိုတော့ ဘယ်လို အခြေအနေမျိုး ကိုယ့်မှာ ရှိနေပြီဆို အားဆေးကို လုံးဝ မဖြစ်မနေသောက်ရမလဲဆိုတာလေးလည်း သိဖို့ အရေးကြီးပါသေးတယ်။

  • အမြင်အာရုံ အားနည်းလာမယ်၊ အသားအရေတွေ ခြောက်သွေ့လာမယ်
  • အာရုံကြောအားနည်းလာမယ်။
  • သွားတိုက်လိုက်တာနဲ့ သွားဖုံးကနေ သွေးထွက်နေမယ်
  • အရိုးသန်စွမ်းမှု အားနည်းနေပြီး အရိုးပွတာ ၊ အရိုးကျိုးလွယ်တာမျိုးတွေ ဖြစ်နေမယ်
  • အသားအရေကလည်း မစိုပြေတော့ဘဲ ခြောက်သွေ့နေမယ်
  • အနာကျက်လည်း နှေးနေတတ်ပြီး ထိခိုက်မိပြီ ဆိုတာနဲ့ သွေးတိတ်ဖို့လည်း ကြာနေတတ်တယ်။
  • သွေးအားလည်းနည်းနေတတ်ပြီး ဆံပင်တွေလည်း ကြွပ်ဆတ်နေတတ်ပါတယ်။
  • နှုတ်ခမ်းနားတစ်ဝိုက်မှာလည်း ကျီးကန်းပါးစပ်လိုမျိုး အနာတွေ ပေါက်နေပြီဆိုရင်တော့ သင့်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့မှုတွေ ရှိနေပါပြီ ။ ။

ကိုယ်စားတာကတော့ စားတာပဲ ။ ဒါပေမယ့် ဒီလို ဗီတာမင် ချို့တဲ့တဲ့ လက္ခဏာတွေ ရှိနေပြီဆို ဘာလုပ်ရမှာလဲ။ ဒီ ဗီတာမင် တွေ အကုန်လုံးပြန်ရအောင် အစားတွေ လိုက်စားရမှာလား။ အစားတွေကနေလည်း ဗီတာမင်တွေ ရနိုင်ပေမယ့် သူတို့မှာရှိတဲ့ ကယ်လိုရီ တွေကိုလည်း ထည့်တွက်ရဦးမှာဆိုတော့ ကိုယ်အလေးချိန် လျှော့ချနေတဲ့သူတွေ အတွက် အဆင်မပြေသလို ဘာစားရင် ဘာရနိုင်လဲဆိုတာကိုလည်း သေချာ ပြောပြနိုင်တဲ့သူတွေ မရှိတာကြောင့် အစားတွေ ပြန်လိုက်စားဖို့ဆိုတာ သိပ်တော့ အဆင်မပြေတဲ့ကိစ္စပါ။ ဒါကြောင့် မို့လို့ အားဆေးတွေ ပေါ်လာရတာပဲဖြစ်ပါတယ်။

အားဆေးမှာဆို လိုအပ်တဲ့ ဗီတာမင်တွေ အကုန်လုံး အချိုးကျပါတဲ့အပြင် စုံလင်နေအောင် ထည့်ပေးထားတာကြောင့် ဆေးလေးတစ်လုံးတည်းကို သောက်လိုက်တာနဲ့တင် သင်ချို့တဲ့နေတဲ့ ဗီတာမင်တွေ အကုန်ပြန်ရမှာနော်။ ဒီတော့ ကိုယ့်အတွက် အဆင်ပြေမယ့် အားဆေးတွေကို သောက်ပေးဖို့ လိုအပ်ပါတယ်။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျောင်းနေအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် ကလေးတစ်ယောက် ကလျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုးလာသလို တိုးတက်မှု ဖြစ်စဉ်ကလည်း အခြား အသက်အပိုင်းအခြားတွေနဲ့ မတူပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျောင်းနေအရွယ် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read

အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။

အမြင်အာရုံ နဲ့ ပတ်သက်ပြီး ဘာလက္ခဏာတွေ ခံစားရနိုင်သလဲ။ ဘာရောဂါတွေ ဖြစ်နိုင်သလဲ။ ဘယ်လိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
Uncategorized ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား ... ချင်း က ဘေဘီလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာ မေမေတွေ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Uncategorized ဇန်နဝါရီ 20, 2021 . 2 mins read

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
blurry-vision-causes အမြင်မကြည်

အမြင်မကြည် ရသည့် အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read