brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Obimin® (အိုဘီမင်)

Obimin® (အိုဘီမင်) ဆိုတာက ကိုယ်ဝန်ဆောင်ချိန် နဲ့ မီးဖွားပြီးချိန်မှာ သောက်ရတဲ့ ကိုယ်ဝန်ဆောင် အားဆေး တစ်မျိုးရဲ့ အမည်ပါ။ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ OTC ဆေး တစ်မျိုး ဖြစ်တာကြောင့် ဆေးညွှန်းမလိုဘဲ ဝယ်ယူလို့ ရပါတယ်။

Obimin® (အိုဘီမင်)

အသုံးပြုပုံများ

Obimin® (အိုဘီမင်)ကို ဘာအတွက်အသုံးပြုကြသလဲ

Obimin® (အိုဘီမင်) ကိုယ်ဝန်ဆောင် အားဆေးဟာ ဗီတာမင်ဓာတ်များစွာ ပါဝင်နေတဲ့ အားဆေးတစ်မျိုးပါ။

  • ကိုယ်ဝန်ဆောင်ချိန် နဲ့ မွေးဖွားပြီးချိန်များမှာ ဗီတာမင်နှင့် သတ္တုဓာတ်တွေဖြည့်ဖို့ အသုံးပြုကြပါတယ်။
  • ကိုယ်ဝန်ဆောင်စဉ်ဖြစ်လေ့ရှိတဲ့ မူးမောခြင်း၊ အန်ခြင်း၊ သွေးအားနည်းခြင်း၊ ဗီတာမင်B1ချို့တဲ့ခြင်းကြောင့် ဖြစ်လေ့ရှိတဲ့ ဘယ်ရီဘယ်ရီ ရောဂါ၊ အာရုံကြောရောင်ရမ်းခြင်း၊ ကြွက်တက်ခြင်းများ သက်သာစေဖို့အတွက် သောက်သုံးနိုင်ပါတယ်။
  • ObiminÂŽ (အိုဘီမင်)ကို ဘယ်လိုသောက်သုံးသင့်သလဲ

    သောက်ဆေးအနေနဲ့ဆိုရင်

    • မိမိဆရာဝန်ညွန်ကြားသော ဆေးပမာဏ၊ သောက်ရမည့် အချိန်အညွှန်းအတိုင်း သောက်သုံးရပါမယ်။
    • ဆေးမသောက်သုံးမီ ဆေးညွှန်း သေချာစွာ ဖတ်ရပါမယ်။
    • ဆေးညွှန်းတွင် ပါရှိသောအကြောင်းအရာများကို သေချာစွာနားမလည်ပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။

    Obimin® (အိုဘီမင်) ဘယ်လိုသိမ်းဆည်းရမလဲ

    ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

    ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

    ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Obimin® (အိုဘီမင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    • ဆေး၊ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံပစ္စည်းများ တိရစ္ဆာန် နဲ့ ဓာတ်မတည့်ခြင်းများရှိပါက ကြိုတင် အသိပေးရပါမယ်။
    • ဆေးနဲ့ ဓာတ်ပြုနိုင်တဲ့ အခြားသော ရောဂါအခံများ နဲ့ သောက်သုံးနေရတဲ့ ဆေးတွေ ရှိနေရင် ကြိုတင် အသိပေးရမည်။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Obimin (အိုဘီမင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    Obimin® (အိုဘီမင်) ကို ကိုယ်ဝန်ဆောင်နေချိန်မှာ သုံးစွဲဖို့ စိတ်ချရပါတယ်။ ဒါပေမယ့် ဒီဖြည့်စွက်အာဟာရကို နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေနေရာမှာ အစားထိုးတာမျိုး မလုပ်ပါနဲ့။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲ အသုံးပြုပေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Obimin (အိုဘီမင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • ဓာတ်မတည့်တာ
    • ဗိုက်အောင့်တာ
    • ခေါင်းကိုက်တာ
    • ခံတွင်းပျက်တာ၊ အရသာပြောင်းတာတွေ ခံစားရနိုင်ပါတယ်။

    ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓာတ်ပြုမှုများ

    ဘယ်ဆေးတွေက Obimin® (အိုဘီမင်)နဲ့ ဓာတ်ပြုနိုင်သလဲ

    Obiminက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

    ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Obimin (အိုဘီမင်) နဲ့ ဓာတ်ပြုနိုင်သလား

    Obiminက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဖြည့်စွက်အာဟာရကို နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေနေရာမှာ အစားထိုးတာမျိုး မလုပ်ပါနဲ့။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Obimin (အိုဘီမင်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Obiminက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

    ဆေးသုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

    တစ်နေ့ကို ဆေးပြား တစ်ပြား ဒါမှမဟုတ် ဆေးတောင့် တစ်တောင့် အစာနဲ့တွဲသောက်ပါ။

    ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

    ကလေးတွေအတွက် ဆေးပမာဏ တိတိကျကျ ဖော်ပြထားတာမျိုး မရှိပါဘူး။ ကလေးတွေအတွက် ဘေးကင်းစိတ်ချရမှု မရှိပါဘူး။ ဆေးတွေကို အသုံးပြုရာမှာ ဘေးကင်းစေဖို့အတွက် ဘယ်လို သောက်သုံးရမလဲဆိုတာကို သေသေချာချာ နားလည်ဖို့ လိုပါမယ်။ ဆေးနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်စေဖို့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေကို သေချာလေး ဆွေးနွေးဖို့ လိုပါမယ်။

    Obimin® (အိုဘီမင်)ကို ဘယ်လိုရရှိနိုင်သလဲ

    Obiminသောက်ဆေးပြား တစ်ပြားမှာ

    ဗီတာမင် A 3,000 IU, ဗီတာမင် D 400 IU, ဗီတာမင် C 100 mg, ဗီတာမင် B1 10 mg, ဗီတာမင် B2 2,5 mg, ဗီတာမင် B6 15 mg, ဗီတာမင် B12 4 mcg, niacinamide 20 mg, pantothenic acid 7.5 mg, folic acid 1 mg, Fe 30 mg, Ca 32.5 mg, copper 100 mcg, iodine 100 mcg ပါဝင်ပါတယ်။

    အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Obimin®ကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

    ရေးသားသူ – Dr. Zin Thu Thu Win

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/11/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။