Meladinine® ကို ထိန်းချုပ်ထားသော ခရမ်းလွန် ရောင်ခြည်နှင့်အတူ ပြင်းထန်သော အရေပြားလေးဖက်နာ ကုသရာတွင် သုံးပါသည်။ အခြား အရေပြားရောဂါများ အတွက်လည်း သုံးနိုင်သည်။ ( စိမ်ရေကွက်၊ cutaneous T-cell lymphoma- CTCL)
Meladinine® သည် အရေပြားကို ခရမ်းလွန်ရောင်ခြည် နှင့် ပိုပြီး ထိတွေ့စေသည်။ အရေပြားလေးဖက်နာ ကုသရာ တွင် ထိုပေါင်းစပ်မှုသည် အရေပြားဆဲလ်များ အလွန်ကြီးထွား မှုကို နှေးစေသည်။ စိမ်ရေကွက် ကုသရာတွင် ထိုပေါင်းစပ်မှု သည် အရေပြားရှိ ရောင်ခြယ်ထုတ်ဆဲလ်များ အရေအတွက် ကို များစေသည်။
Meladinine® ကို အခြား အသုံးပြုမှုများလည်း ရှိသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။
Methoxsalen မသောက်မီနှင့် ခရမ်းလွန်ရောင်ခြည် ကုသမှု မခံယူမီ ၂၄ နာရီအတွင်း နေပူစာ မလှုံပါနှင့်။
Meladinine® ဆေးပြား
Meladinine® လိမ်းဆေး
ဤဆေးကို ခရမ်းလွန်ရောင်ခြည် ကုသမှု မခံယူမီ ရောဂါဖြစ်သော အရေပြား နေရာကို ကျန်းမာရေး ပညာရှင်မှ လိမ်းပေးသည်။
Meladinine® ဘယ်လိုသုံးရသည်ကို ကျန်းမာရေး ပညာရှင်အား မေးမြန်းပါ။
Meladinine® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Meladinine® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Meladinine® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Meladinine® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်ခြင်းနိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
အောက်ပါတို့ ရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါး ကျွမ်း ကျင်သူနှင့် တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်စဉ်
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Meladinine® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Meladinine® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညိရန် ဆရာဝန်နှင့် အမြဲတိုင်ပင် ပါ။ Meladinine® သည် US အစားအစာ နှင့် ဆေးဝါး စီမံခန့်ခွဲရေး (FDA) အရကိုယ်ဝန်ဆောင်စဉ် အန္တရာယ်တွင် အဆင့် C ဖြစ်သည်။
FDA ၏ ကိုယ်ဝန်ဆောင်စဉ် အန္တရာယ် အဆင့်ခွဲခြင်းသည် အောက်ပါအတိုင်းဖြစ်သည်။
နို့တိုက်စဉ်
နို့ရည်တွင် စွန့်ထုတ်သလား မသိရှိပါ။ သတိပြုပါ။ ကိုယ် ဝန်ဆောင်စဉ်၊ နို့တိုက်ကျွေးစဉ် ဤဆေးကို မသုံးမီ ကျန်းမာရေး ပညာရှင်နှင့် အမြဲ တိုင်ပင်ပါ။
ဘေးထွက်ဆိုးကျိုးများမှာ-
ဤ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရပါက ဆရာဝန်အား ချက်ချင်းပြောပါ။
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
Meladinine® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။
ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
အောက်ပါ ဓါတ်ပြုမှုများ ဖြစ်နိုင်သည်။
Meladinine® အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ ဖြစ်ပေါ်နိုင်သော အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ရှိမရှိကို ဆရာဝန်၊ ဆေးပညာရှင်နှင့် တိုင်ပင်ပါ။
Meladinine® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင်သည်။
သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။ အထူးသဖြင့်
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
စိမ်ရေကွက်ဖြစ်သော နေရာများ အရောင်ပြန်ပြည့်ခြင်း
အရေပြားလေးဖက်နာ
ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Meladinine® ကို အောက်ပါ ပုံစံ၊ ပြင်းအားများဖြင့် ရနိုင် သည်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီဆုံး အရေးပေါ်အခန်းကို သွားပါ။
အရေးပေါ်အခြေအနေတွင် သင်သောက်နေသော ဆေးများ (ညွှန်ကြားထားသောဆေးများ၊ အလွယ်တကူ ဝယ်၍ရသော ဆေးများ) အားလုံး၏ စာရင်းကို ယူလာရန် အရေးကြီးသည်။
Meladinine® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။